ဝေဘူလပြည်သူ ၅ ဦးကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်

ချင်းပြည်နယ် ဝေဘူလမြို့က ဒေသခံပြည်သူ ၅ ယောက်ကို စစ်ကောင်စီတပ်တွေက ဇန်နဝါရီ ၉ ရက်နေ့မှာ ဖမ်းဆီးသွားပြီး လူသားဒိုင်းပြု လုပ်ခဲ့တယ်လို့ CNDF တပ်ဖွဲ့ကနေ သိရပါတယ်။

ဝေဘူလမြို့ကနေ တောလမ်းအတိုင်း ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ တောင်ယာလုပ်ငန်းလုပ်ပြီး ပြန်လာတဲ့ အပြစ်မဲ့ ပြည်သူ ၅ ယောက်ကို ဖမ်းဆီးပြီး လူသားဒိုင်းပြုလုပ်ခဲ့ကြတယ်လို့ CNDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေ ဖမ်းဆီးသွားတဲ့ ပြည်သူ ၅ ယောက်ထဲက ၂ ယောက်ကိုတော့ ပြန်လွှတ်ပေးခဲ့ ပြီး ကျန်တဲ့ ၃ ယောက်ကို လူသားဒိုင်းအ ဖြစ် ဆက်ပြီးခေါ်ဆောင်သွားကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ အင်အား ၁၀၀ ကျော်လောက်နဲ့ လက်နက်ကြီးတွေ အဆမတန်သုံးပြီး ဝေဘူလမြို့ဘက်ကို ဇန်နဝါရီ ၆ ရက်နေ့က တည်းက ထိုးစစ်ဆင်နေတာလို့ ပြောပါတယ်။

ဖလမ်းမြို့နယ် သီးဘွားရဲစခန်းက စစ်ကောင်စီတပ်သားတွေဟာ ဇန်နဝါရီ ၄ ရက်နေ့က CNDF တပ်ဖွဲ့က ထောင်ထားတဲ့မိုင်းတွေ နင်းမိတာကြောင့် တစ်ဦးသေဆုံး၊ အများအပြား ဒဏ်ရာရှိသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ မတူပီမြို့နယ်ထဲမှာလည်း ဇန်နဝါရီ ၆ ရက်နေ့ကနေစလို့ အင်အားအလုံးရင်းနဲ့ ထိုးစစ်ဆင်ကာ အပြစ်မဲ့ ပြည်သူ ၁၁ ယောက်ကိုဖမ်းဆီးပြီး လူသားဒိုင်း အဖြစ်အသုံးပြုကာ သတ်ဖြတ်သွားကြတယ်လို့ သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s