အကြမ်းဖက် စစ်ကောင်စီနှင့် KNLA အမှတ် ၅ တပ်မဟာ တိုက်ပွဲ ဖြစ်ပွား၊ ၂ ရက်အတွင်း အ ကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦးသေ၊ ၃ ဦးဒဏ်ရာရ

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် KNLA အမှတ် (၅) တပ်မဟာ လက်အောက်ရှိ စစ်သည်များ ဇန်နဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့တို့တွင် တိုက်ပွဲစုစုပေါင်း ၅ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဝင် ၁၀ ဦး သေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဉ်တွင် ဖော်ပြထားသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ၏ စစ်ကား ၃ စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ တိုက်ပွဲများမှာ ဇန်နဝါရီလ ၈ ရက်‌နေ့ မနက် ၄ နာရီခွဲအချိန်တွင် KNLA အမှတ် (၅) တပ်မဟာ၊ တပ်ရင်းလက်အောက်ခံတပ်ခွဲမှ ဖာပွန်အနောက်ဘက်ကမ်းတွင် ကင်းဝပ်အ ခြေချလာသည့် အကြမ်းဖက် စစ်ကောင်စီကို ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဇန်နဝါရီလ ၉ ရက်နေ့တွင် တိုက်ပွဲ လေးကြိမ် ဖြစ်ပွားခဲ့ပြီး KNLU မှ ဖာပွန်အနောက်ဘက်ကမ်းတွင် တစ်ကြိမ်၊ ကတိုင်တိကျေးရွာ တိုလယ်တွင် တစ်ကြိမ်၊ ရေပူတွင် တစ်ကြိမ်၊ ခေါပုပ်ဒေသတွင် တစ်ကြိမ်၊ ခွေသေတွင် တစ်ကြိမ် အကြမ်းဖက် စစ်ကောင်စီဝင်များကို ဝင်ရောက်တိုက် ခိုက်ခဲ့ရာ စုစုပေါင်း ၈ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွက် ပါရှိသည်။

တိုက်ပွဲကာလအတွင်း KNLA အမှတ်(၅) စစ်သည်များဘက်မှာ တစ်စုံတစ်ဦးမှ အထိအခိုက်ကျဆုံးမှု မရှိပေ။ထို့ပြင် ဖာပွန်ဒေသတစ်ဝိုက်ရှိ မောင်ချစ် ဦးဆောင်သည့် BGF(၁၀၁၄) ၏ စောမောင်နီးနှင့် အပေါင်းများက မယ်ပရီကျေးရွာအုပ်စုအတွင်းရှိ ထီးဘောကော်၊ ထီးထော်ခီးနှင့် မယ်ပရိဖိုးခီးကျေးရွာရှိ ရွာသူများကို ကော်သူးလေ၊ KNU ကို အဆက်အသွယ်မလုပ်ရန် ခြိမ်းခြောက်ပြီး ဆက်သွယ်ပါက ရွာလုံးကျွတ်မီးတင်ရှို့မည် ပြောဆိုကြောင်း၊ KNLA အမှတ်(၅) တပ်မဟာမှ ၎င်းတို့၏ အခြေချရာ တပ်စခန်းကို ဝင်ရောက် မပစ်ခတ်ရန်လည်း ပြောဆိုသွားကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s