Monthly Archives: Jan 2022

ကြည့်မြင်တိုင် ဥယျာဉ်လမ်းတွင် စစ်တပ်က လူငယ် ၂ဦးကို ပစ်ခတ်ဖမ်းဆီး ၁ဦးကျည်ထိမှန်ကာ Taxi ဖြင့် ဖမ်းဆီးသွား

ရန်ကုန် ကြည့်မြင်တိုင်မြို့နယ် စလင်းကွင်းဘေးရှိ ဥယျာဉ်လမ်းတွင် ယနေ့ ဇန်နဝါရီလ ၁ဝရက်နေ့ ညနေ ၅နာရီ ၃ဝမိနစ်ခန့်၌ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက လူငယ် ၂ဦးကို သေ နတ်ဖြင့် လိုက်လံပစ်ခတ်ကာ လူငယ် ၁ ဦးကျည်ထိမှန်ပြီး Taxi ပေါ် တင်ဆောင်ကာ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း အဆိုပါ ဖြစ်စဉ်အား တွေ့မြင်ခဲ့သည့် လမ်းသွားလမ်းလာ ပြည်သူ တစ် ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

” ဥယျာဉ်လမ်းထဲကို ပြေးဝင်လာတဲ့ ကောင်လေးကို နောက်ကလိုက်လာတဲ့ စစ်ခွေး၂ကောင်က သေနတ်နဲ့ လိုက်ပစ်ဖမ်းတာ ကျည်ထိသွားတဲ့ကောင်လေး သေလား ရှင်လား မသိဘူး။ Probox Taxi အဖြူရောင်ပါ ကားနောက်ခန်းထဲ ပစ်ထည့်ပီး ဖမ်းသွားပါတယ်”ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။ khit thit

ပဋိပက္ခဘေးဒဏ်သင့် မြန်မာပြည်သူလူထုအ တွက် ဒေါ်လာ ၃ ဒသမ ၈ သန်း ဒိန်းမတ်နိုင်ငံ လှူဒါန်း

မြန်မာနိုင်ငံအတွင်း ပဋိပက္ခဒဏ်ထိခိုက်ခံစားရတဲ့ ပြည်သူလူထုတွေအတွက် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ ဒိန်းမတ်နိုင်ငံက ခရိုနာ ၂၅ သန်း (အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်း) လှူဒါန်းကူညီလိုက်တယ်လို့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးနဲ့ ဒိန်းမတ်သံရုံးတို့က ဇန်နဝါရီ ၁၀ ရက် ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။ 

ဒီအလှူငွေတွေဟာ ကချင်၊ ချင်း၊ ရခိုင်နဲ့ ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံရှိ ပြည်နယ်/တိုင်းဒေသကြီး အသီးသီးမှာ ပဋိပက္ခဒဏ် ထိခိုက်ခံစားကြရတဲ့ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသူ လူဦးရေပေါင်း ၃၆၀,၀၀၀ လောက်အတွက်  စားနပ်ရိက္ခာထောက်ပံ့ပေးဖို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် ( WFP)ကတဆင့် ပေးအပ်တာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးအကြီးအကဲ Mr Anders Graugaard က “မြန်မာနိုင်ငံက ပြည်သူတွေအကူအညီအလိုအပ်ဆုံးအချိန်မှာ WFP ရဲ့ အရေးကြီးတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ ပေးရေးလုပ်ငန်းတွေမှာ ပါဝင်ပံ့ပိုးခွင့်ရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ အလွန်ပဲဝမ်းမြောက်မိပါတယ်။ ကံအားလျော်စွာပဲ လိုအပ်ချက်တွေ ပိုမိုများပြားလာပေမယ့် ဒိန်းမတ်နိုင်ငံရဲ့ အထောက်အပံ့ဟာ တကယ့်ကိုလိုအပ်‌နေတဲ့လူတွေကို ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ ထုတ်ပြန်ချက်မှာပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ကပ်ရောဂါကြောင့် လူမှုစီးပွားအကျိုးသက်ရောက်မှုအပြင်၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ အများအပြားလိုအပ်နေတာဖြစ်ပါတယ်။

WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr Stephen Anderson က  “ဒိန်းမတ်နိုင်ငံကပေးအပ်တဲ့ ဘဏ္ဍာငွေပံ့ပိုးကူညီမှုဟာ အခုလို လိုအပ်ချက်တွေ မြင့်တက်လာတဲ့အခိုက် အချိန်ကိုက်ရောက်ရှိလာတဲ့အတွက် WFP ရဲ့ မြန်မာနိုင်ငံအတွင်း ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အထောက်အကူအများကြီးဖြစ်စေပါတယ်”လို့ ပြောပါတယ်။

WFP အနေနဲ့ အလိုအပ်ဆုံးသောလူတွေဆီကို လူသားချင်းစာနာမှုအကူအညီတွေ တိုက်ရိုက်ရောက်ရှိအောင် ရပ်ရွာလူမှုအသိုက်အဝန်းတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေအပြင် ဒေသခံအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ် လုပ်ကိုင်ဆောင်ရွက်မယ်လို့လည်း ပြောပါတယ်။

အခု ၂၀၂၂ ခုနှစ်အတွင်း မြန်မာပြည်တွင်းက လိုအပ်သူတွေကို အရေးပေါ်စားနပ်ရိက္ခာလိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ရန်ဖို့ ဆန်၊ ပဲ၊ ဆီ၊ ဆားနဲ့ တခြား အခြေခံစားသောက်ကုန်ပစ္စည်းတွေ ဒါမှမဟုတ် အခြေခံစားသောက်ကုန်တွေ ဒေသတွင်းစျေးဆိုင်တွေမှာ ဝယ်နိုင်မယ့်  ငွေသားအထောက်အပံ့ကို ရရှိကြမယ်လို့ ထုတ်ပြန် ချက်အရ သိရပါတယ်။

WFP ဟာ သွား‌ရောက်ရန်ခက်ခဲတဲ့  ချင်းပြည်နယ် မင်းတပ်မြို့နဲ့ မကွေးတိုင်း ကျောက်ထုမြို့နယ်တို့ရှိ  နေရပ်စွန့်ခွာတိမ်းရှောင်သူတွေကို ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က  လူသားချင်းစာနာမှုဆိုင်ရာ စားနပ်ရိက္ခာအထောက်အပံ့တွေ ပေးအပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

လတ်တလော မြန်မာပြည်တွင်း တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေတဲ့ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာလည်း  သိန်းနဲ့ချီတဲ့ စစ်ဘေးရှောင်ပြည်သူတွေ  အရေးပေါ် အကူအညီတွေ လုပ်နေပါတယ်။  DVB

ကလေးမြို့လျှပ်စစ်ရုံး ခရိုင်မှူး နေအိမ်တွင် ပစ်ခတ်ခံရ၍သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့ လျှပ်စစ်ရုံး၀င်း အတွင်းရှိ အိမ်တွင် နေထိုင်သည့် လျှပ်စစ်ဌာန ခရိုင်မှူး အား အမည်အသိ သေနတ်သမားများက ထိုအိမ်သို့ လာရောက် ပစ်သတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ဇန်နဝါရီလ ၉ ရက် ညနေ ၄ နာရီခန့်တွင် လျှပ်စစ်ဌာန ခရိုင်မှူး ဦးမြင့်အောင်နိုင် ပစ်ခတ်ခံရပြီးနောက် ကုတင် ၁၀၀ စစ်တပ်ဆေးရုံသို့ခေါ်ဆောင်သွားကြောင်း သိရသည်။

“သူအိမ်မှာ ဝင်ပစ်တာ သေနတ်သံ သုံးချက်ကြားရတယ်။ ပွဲချင်းပြီး သေတယ်လို့ သိရတယ်” ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။ ဇန်နဝါ ရီလ ၈ ရက်က ဗိုလ်ချုပ်လမ်းနှင့် နတ်ချောင်းလမ်းဘက်ရှိ အိမ်နှင့် ဆိုင်များအား စည်ပင်သာယာရေးဌာန၊ ပြည်တွင်း အခွန်ဦးစီးဌာနနှင့် လျှပ် စစ်ရုံးမှ ဝန်ထမ်းများသည် စစ်ကောင်စီတပ်သားများဖြင့် လုံခြုံရေးယူ၍ လျှပ်စစ်မီတာခ၊ လုပ်ငန်း လိုင်စင်ခွန်နှင့် အိမ်ခွန်၊ မြေခွန်များ ကောက် ခံခဲ့ကြောင်းလည်း ဒေသခံ တစ်ဦးက ပြောသည်။

“သူက အသက်က ၅၃နှစ်ရှိပြီ။ ဇာတိက ယင်းမာပင်က၊ နေပြည်တော်ကနေ ပြောင်းလာတာ မကြာသေးဘူး” ဟု ၎င်းက ပြောသည်။ထိုသို့ လိုက်လံကောက်ခံရာတွင် အချို့မှာ အခွန်အခများ ပေးဆောင်လိုက်ကြသော်လည်း အများစုမှာ အခွန်စာရွက်များ ချန်ထားခဲ့ကြရန် ပြောဆိုခဲ့ကြသည့်အတွက် ဇန်နဝါရီလ ၁၇ ရက် နောက်ဆုံးထား ပေးဆောင်ရမည်ဟု လာရောက်ကောက်ခံသူများက ပြောသွားကြောင်း သိရသည်။ mizzim

ကရင်နီပြည်နယ်တွင် နယ်​မြေရှင်းလင်းစဥ် စစ်​ကောင်စီတပ်သားအ​လောင်းများ​တွေ့ရ၊ ​ကောင်းမွန်စွာ သဂြိုလ်

ကရင်နီပြည်နယ်တွင် နယ်​မြေရှင်းလင်းစဥ် စစ်​ကောင်စီတပ်သားအ​လောင်းများ​တွေ့ရသဖြင်ြ ​ကောင်းမွန်စွာ သဂြိုလ်​ပေး​ကြောင်း KNDF B-09 က သတင်းထုတ်ပြန်သည်။ဇန်နဝါရီလ ၁၀ ရက်​နေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် KNDF B-09 ပြည်သူ့ ရဲဘော်များမှ နယ်မြေရှင်းလင်းမှု ပြုလုပ်စဥ် စစ်​ကောင်စီ ဘက်မှ ကျန်ရစ်ခဲ့သော ရုပ်အလောင်း ၂ လောင်း နှင့် လက်နက်ခဲယမ်း အချို့ကို ထပ်မံ တွေ့ရှိရ​ကြောင်း သိရှိရသည်။အဆိုပါ ရုပ်အလောင်းများကို KNDF B-09 ရဲဘော်များက လူသားချင်းစာနာသောအားဖြင့် ကောင်းမွန်စွာ မီးရှို့ သဂြိုလ် ပေး​ကြောင်း သိရှိရသည်။ khit thit

စစ်ကောင်စီတပ် အင်အားအလုံးရင်းဖြင့် ထိုး စစ်ဆင်နေ၍ မြိုင်ပြည်သူ ၄၀၀၀ ကျော် တိမ်း ရှောင်

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်မှာ ဇန်နဝါရီလ ၉ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် ဒေသခံပြည်သူ ၄၀၀၀ ကျော်လောက် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြိုမြို့နယ်ထဲက ကျေးရွာတွေက ဒေသခံပြည်သူ ၄၀၀၀ ကျော်လောက်ဟာ စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာလို့ ဘေးလွတ်ရာ တောထဲတွေနဲ့ နီးစပ်ရာ ဆွေမျိုးတွေရှိတဲ့နေရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မြိုင်မြို့နယ် ဒေသခံတစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။

ဆောင်းရာသီကာလဖြစ်တာကြောင့် အနွေးထည်တွေ၊ စောင်တွေ၊ စားနပ်ရိက္ခာ၊ ဆေးဝါးတွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အရေးပေါ်အကူညီလိုအပ်နေတယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ်မှာ မနေ့ကလည်း စစ်ကောင်စီတပ်တွေကို မြိုင် PDF က မိုင်း ၂ ကြိမ်ဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၇ယောက်သေဆုံးပြီး အများအပြားဒဏ်ရရှိသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ မနေ့က ညပိုင်းကတည်းက ပခုက္ကူကနေ မြိုင်ဘက်ကို ကား ၄၁ စီးနဲ့ အင်အားသုံးပြီး ထိုးစစ်ဆင်ကာ တစ်မြို့နယ်လုံးကို တပ်သားအင်အား ၄၀၀ လောက် တပ်ဖြန့်ထားတယ်လို့ မြိုင် PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“သူတို့ တပ်စွဲတာကတော့ ပျူစောထီတွေအားကောင်းတဲ့ ရွာမှာ ညအိပ်တပ်စွဲထားတယ်ဗျ။ လောလောဆယ်တော့ ရမ်းသမ်းပြီးတော့ မွှေ နှောက်တာတွေမလုပ်သေးဘူး။ ပြည်သူတွေအနေနဲ့ တော့ အထူးသတိထားနေထိုင်ကြရမယ်။” 

စစ်ကောင်စီတပ်ဘက်က အိမ်စီးကားတွေကို အသုံးပြုပြီး အင်အား အလုံးရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် မြိုင်မြို့နယ်အတွင်း ပြည်သူတွေအနေနဲ့ ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ကြဖို့နဲ့ မဖြစ်မနေ သွားလာရမယ်ဆိုရင်လည်း မြိုင် PDF Page မက်ဆင်ဂျာကနေ ဆက်သွယ်ပြီးမှ သွားလာကြဖို့ ထပ်ဆင့်သတိပေးထားပါတယ်။ DVB

လွိုင်ကော် စစ်ရှောင်များကို အောင်ပန်း၊ပင် လောင်း လမ်းခွဲ၌စစ်တပ်က မတရား စစ်ဆေးမှုများလုပ်နေ

ကရင်နီပြည်နယ် လွိုင်ကော်မြို့ မှ ထွက်ပြေးလာကြသည့် စစ်ဘေးရှောင်များကို ရှမ်းပြည်နယ် အောင်ပန်း၊ ပင်လောင်း လမ်းခွဲတွင် စစ်တပ်က ယနေ့ မွန်းလွဲပိုင်း ၃ နာရီကျော်မှစ၍ မတရား စစ်ဆေးနေကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် ဒေသခံ တစ်ဦးက ပြောသည်။

“ဒီနေ့ထိ စစ်ရှောင်တွေ ကားတန်းရှည်ကြီးနဲ့ တစဲစဲ ထပ်ရောက်နေဆဲပါပဲ။ စစ်ရှောင်လာနေတဲ့ အောင်ပန်း၊ပင်လောင်း လမ်းခွဲမှာ စစ်သားတွေက မတရား စစ်နေလို့ စစ်ရှောင်တွေက လာကြိုတဲ့ သူတွေကို အားနာပြီး လှည့်ပြန်မယ် လုပ်နေကြတယ်။ အရှေ့ဘက်လမ်း ဖြစ်တဲ့ ညောင်ရွှေမြို့နယ် ထီရိကျေးရွာမှာလည်း စစ်ကောင်စီနဲ့ ပအိုဝ်းအမျိုးသားအဖွဲ့အစည်း( PNO ) တွေပေါင်းပြီး လမ်းတွေပိတ်ပြီး ရန်ပုံငွေ ဆိုပြီး ပိုက်ဆံ တောင်းတာတွေရှိတယ်။

စစ်ဆေးမှုတွေ ပြုလုပ်ကြတယ်’’ ဟု ၎င်းက ပြောသည်။အကြမ်းဖက် စစ်တပ်က လွိုင်ကော်မြို့ကို ဇန်နဝါရီလ ၉ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အပြင် တပ်သားအင်အား များစွာဖြင့် တင့်ကားများ အသုံးပြုကာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် များကို တိုက်ခိုက်သည့်အတွက် ပြည်သူများ၏ အိုးအိမ် ပစ္စည်းများ ပျက်စီးကာ ရှမ်းပြည်နယ် တောင်ဘက်ပိုင်းသို့ ပြည်သူများ တရိပ်ရိပ် ပြောင်းရွှေ့ နေကြရခြင်းဖြစ်သည်။ mizzima

“သွေးကြွေးမှာ ဆွေးနွေးစရာမရှိ” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ၅/ဒီပဲယင်း သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

khit thit

လေကြောင်းတိုက်ခိုက်မှုဆန့်ကျင်ရေး ပြည်သူအားလုံး ပူးပေါင်းလှုပ်ရှားပေး

အကြမ်းဖက်စစ်ကောင်စီရဲ့ အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဒေသအသီးသီးမှ ပြည်သူပြည်သား တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ အသက်အိုးအိမ်စည်းစိမ်ကိုနေ့စဉ်ခြိမ်းခြောက်လျက်ရှိနေပါတယ်။

အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးလေကြောင်းအသုံးပြု တိုက်ခိုက်နေခြင်းသည် စစ်လက်နက်တပ်ဆင်ထားခြင်းမရှိသော ပြည်သူများကို ၎င်းတို့ချေမှုန်းရမည့် ရန်သူများသဖွယ် သတ်မှတ်ခြင်းဖြစ်သည်။

ဒီလို အကြမ်းဖက်လုပ်ရပ်ဖြစ်တဲ့ လေကြောင်းတိုက်ခိုက်မှုကို ဆန့်ကျင်ကြောင်းကို ကျနော် ကျမတို့ People’s Radio Myanmar ရဲ့ မောင်နှမများအားလုံးနဲ့အတူ No Air Strike Campaign မှာ ဝင်ရောက်ပါဝင်ကြဖို့ မေတ္တာရပ်ခံပါတယ်။

အားလုံးလက်တွဲညီညီ လုပ်ဆောင်ကြပါစို့Campaign တွင် ပါဝင်ရန်, ၁) Air Strike အားဆန့်ကျင်ကြောင်း ပြသရန် လူကိုယ်တိုင်လုပ်ဆောင်နိုင်ပါက နမူနာအတိုင်းဖြစ်စေ သို့မဟုတ် No Air Strike ပိုစတာပုံကို Copy ကူးယူ၍ဖြစ်စေ ၂) ဖော်ပြပါ Hashtag ရေးသား၍ မိမိ FB Acc ပေါ်တွင် ပြန်လည်တင်ပေးခြင်းအားဖြင့် ပါဝင်နိုင်ပါသည်။

#Noairstrike

#saveMyanmar

#Whatshappeninginmyanmar

#အရေးတော်ပုံအောင်ရမည်

ကော့ကရိတ်မြို့အနီး စစ်ကောင်စီတပ်က ရ ဟတ်ယာဉ်ဖြင့် ဗုံးကြဲ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ဘက် ၂ မိုင်နဲ့ ၅ မိုင်ခန့်အကွာမှာ KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး ဇန်နဝါရီ ၁၀ ရက် ဒီနေ့ မွန်းလွဲ ၁ နာရီလောက်မှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်  ၂ စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကော့ကရိတ်မြို့အနီး လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ မြို့ဟောင်းရွာကနေ ရွာသစ်ရွာအဝင် လမ်းတစ်နေရာမှာ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းအဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှုများပြီး အခုလို လေ ယာဉ်နဲ့ လာရောက်ဗုံးကြဲတာလို့ KNLA တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က  ရဟတ်ယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကြဲတာကြောင့် ရွာသစ်ရွာ၊ တစ်မိုင်ကုန်ရွာ၊ နို့ယိုတဲရွာ၊ ကော့နွဲရွာ၊ အံကလော်ရွာအ ပါအဝင် ရွာပေါင်း ၉  ရွာလောက်က နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့  ကော့ကရိတ်မြို့ခံတယောက်က  ပြောပါတယ်။

ဗုံးကြဲခံရတာကြောင့် နေအိမ်ဘယ်နှလုံး  ပျက်စီးဆုံးရှုံးတယ်ဆိုတာနဲ့ ထိခိုက်သေဆုံးမှု ရှိမရှိဆိုတာတော့ မသိရသေးပါဘူး။

မြဝတီမြို့တောင်ဘက် ဖလူးကြီးရွာနဲ့ ဖလူးလေးရွာတို့မှာလည်း ဒီနေ့မနက်ကနေ မွန်းလွဲအထိ KNLA၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိုင်းနိုင်ငံဘက် မဲ့ကော့ကင်းရွာအနီးမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ထိုင်းစစ်တပ်က သတိပေးတဲ့အနေနဲ့ လက်နက်ကြီးတလုံး ပြန်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ DVB

« Older Entries Recent Entries »