ကရင်နီပြည်တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများပိုမိုပြုလုပ်နိုင်ကြောင်း KNDF က သတိပေး

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နှင့် လွိုင်ကော်မြို့တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များအထိနာနေ၍ လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာနိုင်ကြောင်း ပြည်သူများကို KNDF မှသတိပေးလိုက်သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် လုံခြုံသောအစီအမံများ ကြိုတင်လုပ်ဆောင်ကြပါရန်နှင့် လုံခြုံသောနေရာများတွင်သာ နေထိုင်ကြရန်လည်း ဇန်နဝါရီ ၁၁ ရက်တွင် တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်တို့တိုက်ပွဲပြင်းထန်နေရာ ဇန်န ဝါရီ ၈ရက်၊ ၉ရက်၊ ၁၀ ရက်စုစုပေါင်း ၃ ရက်အတွင်း စစ်ကောင်စီတပ်သား ၄၀ ထက်မနည်းသေဆုံးထားပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိထားသည်။

အလားတူ ဇန်နဝါရီ ၁၀ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များစွန့်ပစ်ထားခဲ့သည့် ၎င်းတို့၏ တပ်သားတစ်ဦးအလောင်းကိုလည်း မီးသင်္ဂြုလ်ပေးခဲ့ကြောင်း KNDF မှဆိုသည်။တိုက်ပွဲများကြောင့် လွိုင်ကော်ဒေသခံ ထက်ဝက်ခန့်မှာလည်းစစ်ပြေးတိမ်းရှောင်နေကြရပြီး မသမာသူတ ချို့သည် ပြည်သူများ၏ နေအိမ်များကိုဖောက်ထွင်းခိုးယူမှုများပြုလုပ်နေကြောင်း သိရသည်။ထိုသူများကိုလည်း KNDF မှပြင်းပြင်းထန်ထန်သ တိပေးလိုက်ပြီး လွိုင်ကော်တွင်ကျန်ရှိနေခဲ့သည့်ဒေသခံများကိုလည်း အိမ်အပြင်မထွက်ကြဘဲ လုံခြုံရေးသတိပြုနေထိုင်ကြရန် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များမှ တိုက်တွန်းထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s