ကလေးမြို့တောင်ဘက် သာစည်ကျေးရွာအ တွင်းသို့ စစ်ကောင်စီတပ်များ ပစ်ခတ်ဝင်ရောက်မီးရှို့နေ၊ ပြည်သူ ၂ ဦး ကျည်ထိ၊ ၆ ဦး ထက်မနည်း ဖမ်းဆီးရိုက်နှက်ခံနေရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက်ရှိ သာစည်ကျေးရွာအတွင်းသို့ ယနေ့ ဇန်နဝါရီလ ၁၁ ရက် နံနက်အစောပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်လာပြီး အကြောင်းမဲ့ ပစ်ခတ်ဖမ်းဆီးမှုကြောင့် ပြည်သူ ၂ ဦး ကျည်ထိမှန်ထားကာ ၆ ဦးထက်မနည်း ဖမ်းဆီးခံရပြီး နေအိမ်များလည်း မီးရှို့ခံနေရကြောင်း သတင်းရရှိသည်။

“ကလေး GTC ကျောင်းဝင်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် အင်အား ၅၀ ကနေ ၈၀ ကြား ရှိမယ်၊ တောလမ်းအတိုင်း လယ်ကွင်းတွေထဲက လာပြီး အခု သာစည်ရွာထဲ သေနတ်ပစ်ခတ်ပြီး ဝင်လာတာ။ လူကြီး ၁ ယောက်၊ ကလေး ၁ ယောက် ကျည်ထိထားတယ်၊ ၆ ယောက်ကျော် အဖမ်းခံထားရတယ်၊ မိန်းကလေးတွေလည်း ပါတယ်” ဟု ဒေသခံ ၁ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် သာစည်ကျေးရွာထဲ အကြောင်းမဲ့ဝင်ရောက်လာပြီး ပြည်သူများကို ပစ်ခတ်ဖမ်းဆီးကာ နေအိမ် အ နည်း ဆုံး ၂ လုံးကို မီးရှို့ထားကြောင်းလည်း သိရှိရသည်။”တိုက်ပွဲလည်း မဖြစ်ဘူး၊ ဒီအတိုင်းဝင်လာတာ။ ရွာသားတွေ အကုန် ထွက်ပြေးနေရပြီ၊ ဖမ်းဆီးထားတဲ့သူတွေကိုလည်း ရိုက်နှက်နေတာ၊ ဖမ်းခံရတဲ့အထဲမိန်းကလေးတွေလည်း ပါတယ်” ဟု အခြားဒေသခံ ၁ ဦးက ပြောသည်။အဆိုပါ သာစည်ကျေးရွာသည် ကလေးမြို့တောင်ဘက် ၁ မိုင်ဝန်းကျင်ခန့်အကွာတွင်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့သည် သာစည်ကျေးရွာ၊ ပေါက်တိုက်ရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားကြောင်း သတင်းရရှိသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s