ကော့ကရိတ်တွင် စစ်ကောင်စီ ရဟတ်ယာဉ် ပစ်ခတ်ခံရပြီး အမြီးပိုင်း ထိမှန်သွား

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မြို့ဟောင်းအနီးရှိ ကျေးရွာကို လှည့်လည် ပစ်ခတ်နေသည့် အကြမ်းဖက် စစ်ကောင်စီ စစ်ရဟတ်ယာဉ် ၂စီးကို ယနေ့ ဇန် နဝါရီလ ၁ဝရက်နေ့တွင် KNU နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ပြန်လည် ပစ်ခတ်ခဲ့ခြင်းကြောင့် ရဟတ်ယာဉ် ၁ စီး အမြီးပိုင်းပိုင်းထိမှန်ကာ မီးခိုးများထွက်၍ ပြန်ပြေးသွားကြောင်း KNLA သတင်းရင်းမြစ်က ပြောသည်။

“ဒီနေ့ မနက် ၇ နာရီ ၈ နာရီ လောက်ကတည်းက ကော့ကရိတ် မြို့ဟောင်းဘက်ကို စစ်ကောင်စီနဲ့ ကျနော်တို့ တိုက်ပွဲဖြစ်တယ်၊ ရဟတ်ယာဉ် ၂ စီး ဖိုက်တာ ၁ စီးနဲ့ လာပစ်တယ်၊ ရဟတ်ယာဉ် ပျက်တယ်ဆိုတာတော့ အတည်ပြုလို့မရဘူး၊ သို့သော် ရဟတ်ယာဉ်က အစိတ်အပိုင်းတစ်ခု အောက်ကို ပြုတ်ကျလာတာတော့ အတည်ပြုလို့ရတယ်” ဟု KNLA ပူးပေါင်းတပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အလားတူ မျက်မြင်ဒေသခံတစ်ဦးကလည်း ” ရဟတ်ယာဉ်အမြီးပိုင်းထိသွားတယ်။ မီးခိုးထွက်ပြီးပြန်သွားတယ်။ ဒီနေ့ ရဟတ်ယာဉ် ၂ စီးလာပစ်တယ်။ ၁ စီးကို ၃ ပတ်လောက်ဝဲပြီး ပစ်တာ ၁ စီးက ၂ ခေါက်ဝဲပြီး ထိသွားတယ်။ မြို့ဟောင်းအနီးမှာရှိတဲ့ ရွာတွေကို ပစ်တာ” ဟု ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s