စစ်တပ်ပိုင် MECလုပ်ငန်းများ အာဏာသိမ်းပြီးနောက် ဝင်ငွေကျဆင်းမှုအပြင် စီမံကိန်းများ ဖျက်သိမ်းခံရနေ၍ အထိနာနေ၊ အ နောက်နိုင်ငံကြီးများ၏ ပိတ် ဆို့မှုက အဓိကဟုဆို

အကြမ်းဖက်စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းMEC လုပ်ငန်းများမှာ အာဏာသိမ်းပြီးနောက် ဝင်ငွေကျဆင်းမှုအပြင် စီမံကိန်းများပါ ဖျက်သိမ်းခံနေရသဖြင့် အထိနာနေကြောင်း MEC သတင်းရပ်ကွက်မှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ MEC ၏ အထိနာဆုံးသော စီမံကိန်း ဖျက်သိမ်းခံရမှုမှာ ရန်ကုန်အလုံဆိပ်ကမ်းတွင် တည်ဆောက်နေသည့် အမေရိကန်ဒေါ်လာ သန်း ၂၉၀ တန် ရန်ကုန်ကွန်တိန်နာ ဆိပ်ကမ်းတည်ဆောက်ရေး စီမံကိန်းဖြစ်ကြောင်း၊ အဆိုပါဆိပ်ကမ်းစီမံကိန်းကိုအိန္ဒိယဆိပ်ကမ်းတည်ဆောက်ရေး ကုမ္ပဏီဖြစ်သော Adani Ports နှင့် ၂၀၁၉ ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် မတ်လနှင့် ဇွန်လအတွင်း အပြီးတိုင် ရုပ်သိမ်း၍ လုံး၀ စွန့်ခွာမည်ဖြစ် ကြောင်း Adani Ports က တရားဝင်ကြေညာခဲ့ကြောင်း သိရှိရသည်။

“ဒီဆိပ်ကမ်းစီမံကိန်း ရပ်လိုက်တာ နိုင်ငံတကာ ငွေကြေးချေးယူမှုတွေကအစ အတော်ကို ထိခိုက်သွားတယ်။ MEC နဲ့ ဦးပိုင်ကို ဦးတည်တဲ့ အ နောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုတွေကလည်း အခု နိုင်ငံတကာနဲ့ အလုပ်လုပ်တာမှာ အတော်အခက် အခဲဖြစ်လာတယ်။ ရေရှည်စီမံကိန်းလုပ်ငန်းတွေ ဘာဖြစ်မလဲ မခန့်မှန်းတတ်တော့ဘူး” ဟု MEC မှ အရာရှိတစ်ဦးက ပြောသည်။

စစ်တပ်ပိုင် စီးပွားရေးအုပ်စုများဖြစ်ကြ​သော မြန်မာ့စီးပွား​ရေးဦးပိုင်နှင့် မြန်မာ့စီပွား​ရေး​ကော်ပို​ရေးရှင်း (UMEHL and MEC) တို့ကို ၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက်​နေ့မှစတင်ပြီး အမေရိကန်၊ ဗြိတိန်၊ ကနေဒါတို့က စီးပွားရေးပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ ထို့ပြင် Mytel ဆက်သွယ်ရေးကုမ္ပဏီကို ပြည်သူများက သပိတ်မှောက်နေခြင်းက Mytel ရှယ်ယာ ၂၈ ရာခိုင်နှုန်းပိုင်ဆိုင်ထားသော MEC အတွက် ဝင်ငွေကျဆင်းမှုအပြင် အနာဂတ် မရေရာမှုများပါ ဖြစ်ပေါ်စေကြောင်း သိရှိရသည်။

“Mytel တာဝါတိုင်တွေ အချိုးခံရတာ၊ Mytel ဖုန်းကတ်တွေကို မသုံးဖို့ သပိတ် မှောက်နေတာတွေကလည်း ဘယ်လိုကျော်လွှားမလဲဆိုတာလည်း လူကြီးတွေ အတော်ကို ခေါင်းခဲကြတယ်။ Mytel ပတ်သက်လို့ စတင်ချိန်ကတည်းက အင်မတန်မှကို ရုန်းကန်နေရတာ အခုကတော့ အနုတ်လက္ခဏာ ဘက်ကို တော်တော်ထိုးဆင်းတယ်။ ဘယ်လောက်အထိ အရှုံးခံမလဲ။ ဘယ် လောက်ထိ ရှုံးနိုင်လဲ ဆိုတာမျိုး တွက်ချက်နေရတယ်” ဟု MEC အရာရှိကဆိုသည်။

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းသည် ၂၀၁၉ ခုနှစ်တွင် စစ်တပ်၏ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းအဖြစ် အခွန်ဆောင်မှုများရှိခဲ့ကြောင်း၊ MEC သည် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ၅၅ ဒသမ ၃၇ ဘီလျံ၊ ၂၀၁၈-၁၉ တွင် ၅၃ ဒသမ ၈ ဘီလျံခန့် အခွန်ဆောင်ခဲ့ကြောင်း၊ လက်ရှိတွင် အခွန်မဆောင်နိုင်တော့ကြောင်း၊ လက်ရှိ စစ်ကောင်စီက အာဏာချုပ်ကိုင်ထား၍ အခွန်ဆောင်ရန် မလိုအပ်သည့်သဘောဖြစ် ကြောင်း MEC သတင်းရပ်ကွက်ဆိုသည်။

MEC လက်အောက်တွင် သံမဏိစက်ရုံ၊ ဘိလပ်မြေစက်ရုံ အပါအဝင် စက်မှုကုန်ထုတ် စက်ရုံပေါင်း ၂၀ ကျော် ၊ အင်း၀ဘဏ်၊ ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း၊ Mytel ဆက်သွယ်ရေးကုမ္ပဏီ အပါအဝင် စီးပွားရေးလုပ်ငန်းပေါင်းမြောက်မြားစွာကို လုပ်ကိုင်လျက်ရှိသော စစ်တပ်ပိုင် လုပ်ငန်းကြီးတစ်ခုဖြစ်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s