တာချီလိတ် လဝကရုံးတွင် ဗုံးပေါက်ကွဲ၊ လူ ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ တာချီလိတ်မြို့ရှိ  မြို့နယ်လဝက ရုံးမှာ  ဇန်နဝါရီ ၁၀ ရက် ဒီကနေ့ ည ၇ နာရီလောက်က  ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့လို့ လူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

လဝကရုံးအနီးတွင် နေထိုင်သူတစ်ဦးက “လဝကရုံးမှာ ဗုံးပေါက်ကွဲတာပါ။ ည ၇ နာရီဝန်ကျင်က ဖြစ်သွားတာ၊ လူကြီးတယောက်နဲ့ က‌‌လေး တယောက်ထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာအခြေ အနေကိုတော့ မသိရသေးဘူး”လို့ ပြောပါတယ်။

တာချီလိတ်မြိုမှာ စစ်ကောင်စီခန့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ရောက်ရှိနေချိန် ဇန်နဝါရီ ၈ ရက်နဲ့ ၉ ရက်နေ့တွေတုန်းကလည်း  ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒီနေ့နဲ့ဆိုရင် ၃ ရက်ဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s