တိုက်ပွဲတွင် သေဆုံးသွားသည့် ရဲနှင့်စစ်သားများ၏ကျန်ရစ်သူ မိသားစုများကိုထောက်ပံ့ရန်နှင့်အသုဘစရိတ်အတွက် စစ်ကောင်စီက Non CDM ဝန်ထမ်းများ၏ လစာမှ လစဉ် ၁၀၀၀ ကျပ် ဖြတ်တောက်

မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ သေဆုံးသွားကြသော ရဲနှင့် စစ်သားများ၏ ကျန်ရစ်သူ မိသားစုများကို ထောက်ပံ့ရန်နှင့်အသုဘစရိတ်အတွက် စစ်ကောင်စီက Non-CDM ဝန်ထမ်းများ၏ လစာမှ လစဉ် ငွေကျပ် ၁၀၀၀ ကျပ် ဖြတ်တောက်လျက်ရှိကြောင်း အကျဉ်းဦးစီးဌာန ဝန်ထမ်းတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် ပုံမှန်ငွေကျပ် ၅၀၀ စစ်ကောင်စီက ဝန်ထမ်းများ၏ လစာထဲမှ ဖြတ်တောက် ကြောင်း၊ ယခုအခါ စစ်သားနှင့်ရဲများ အ သေများနေသဖြင့် ဝန်ထမ်းများ၏ လစာထဲမှ ၁၀၀၀ ကျပ် တိုးမြှင့်ကောက်ခံလာကြောင်း အဆိုပါ ဝန်ထမ်းက ပြောသည်။

” ကျွန်တော်တို့ ၀န်ထမ်းတွေ လကုန်တိုင်း ဘာမှန်းမသိရဘဲ အလှူငွေထည့်ရတာ ၅၀၀ ကျပ်။ အခုကထပ်တိုးပြီးကောက်ပါတယ်။ တစ်လကို ၁၀၀၀ ကျပ်ဖြတ်ပါတယ်။ အခုမှ ဘာလို့ အလှူငွေဖြတ်လဲဆိုတာသိရပါတယ်။ အသုဘစရိတ်ပါတဲ့။ ရဲနဲ့စစ်သားအသေများလို့ပါတဲ့” ဟု အ ကျဉ်းဦးစီးဌာန ဝန်ထမ်းက ပြောသည်။

ယခုအခါ နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်များကို ပြည်သူများက ခုခံတွန်းလှန်လျက်ရှိပြီး နေ့စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ နီးပါး သေဆုံးခြင်းနှင့် လစဉ် ထောင်ချီ၍ သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s