ထီးချိုင့်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီး အမျိုးသားနှစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် မြတောင်ကျေးရွာအနီးမှာ ဇန်နဝါရီ ၁၀ ရက်ညက စစ်ကောင်စီတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခဲ့တာကြောင့် ဆိုင်ကယ်စီးနှင်းလာသူ အမျိုးသားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့နှစ်ယောက် ဆိုင်ကယ်စီးလာတာကို မြဘုရင်  သကြားစက်နားမှာ စောင့်နေတဲ့ စစ်သားက လှမ်းပစ်တာ။ နှစ်ယောက်စလုံး သေတယ်။ ည ၇ နာရီလောက်မှာ ဖြစ်သွားတာ” လို့  ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်လို့ သေဆုံးခဲ့သူတွေဟာ သပိတ်ကျင်းမြို့နယ် ကြာညှပ်ရွာမှာ နေတဲ့  ကိုဖြိုး နဲ့ ကိုဇာနည် နှစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက နေရာအချို့မှာ  တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ဒေသခံပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊  ရ ဟတ်ယာဉ်နဲ့ ဗုံးကြဲတာတွေ  ပြုလုပ်နေတဲ့အတွက် ကျေးရွာနေပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s