ထီးချိုင့်တွင် ဆိုင်ကယ်စီးအတူစီးလာသူ ကိုဖြိုးနှင့်ကိုဇာနည်တို့ ၂ ဦးကို စစ်တပ်က ပစ်သတ်၊ အမျိုးသား ၂ ဦးဆိုင်ကယ်စီး၍ ပစ်သတ်ဟုဆို

စစ်ကိုင်းတိုင်း ၊ ထီးချိုင့်မြို့နယ် မြဘုရင်သကြားစက်နှင့် မြတောင်ကျေးရွာကြားတွင် ဇန်နဝါရီလ ၉ ရက်နေ့ ည ၇ နာရီဝန်းကျင်တွင် အမျိုး သား ၂ ဦး ဆိုင်ကယ်အတူစီးလာသည်ဟုဆိုကာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်၍ ၂ ဦးလုံး နေရာတွင်ပင် သေဆုံးသွားခဲ့သည်။

သေဆုံးသွားသူများမှာ ကိုဖြိုး အသက် (၃၇)နှစ်နှင့် ကိုဇာနည် အသက် (၃၉) တို့ဖြစ်ကြပြီး သပိတ်ကျင်းမြို့နယ် ကြာညှပ်ကျေးရွာသားများ ဖြစ်ကြသည်။ သေဆုံးသွားသူထဲမှ ကိုဖြိုးမှာ မွေးကင်းစ ကလေးငယ်အပါအဝင် သားသမီး ၃ ဦးနှင့် ဇနီးသည်တို့ ကျန်ရစ်ခဲ့သည်။

စစ်ကောင်စီက အမျိုးသား ၂ ဦး ဆိုင်ကယ်စီးခွင့် ပိတ်ပင်ထားပြီး အမျိုးသား ၂ ဦး ဆိုင်ကယ်စီးနင်းမှုများကို ပစ်သတ်သတ်ဖြတ်မှုများ ဥပဒေမဲ့ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆိုင်ကယ်စီးသူများကို မတရား ပစ် ခတ်မှုများ ပြုလုပ်နေပြီး ဒီဇင်ဘာ ၁၆ ရက်နေ့ကလည်း သပိတ်ကျင်းမြို့ ရေထွက်လမ်းခွဲနှင့် ကျောက်ဖြူကျေးရွာကြားတွင် ဆိုင်ကယ်စီးလာသည့် ကိုသီဟနိုင်ကိုလည်း အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s