မင်းတပ်- မတူပီလမ်းတွင် စစ်ယာဉ်တန်း တိုက် ခိုက်ခံရ

ချင်းပြည်နယ်၊ မင်းတပ်မြို့မှ မတူပီမြို့သို့ လာသည့် စစ်ယာဉ်တန်းကို ယနေ့ ဇန်နဝါရီလ ၁၁ ရက် ညနေ ၅ နာရီ ဝန်းကျင်တွင် ချင်းပြည်သူ့ကာကွယ်ရေးတပ်(မင်းတပ်)( CDF-Mindat) အဖွဲ့က ချုံခို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦး သေဆုံးကြောင်း မင်းတပ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ထံက သိရသည်။
မင်းတပ်-မတူပီ လမ်းမကြီးပေါ်ရှိ မိုင်တိုင် ၄၂ တွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး မိုင်တိုင် ၄၅ တွင်လည်း CDF-Mindat အဖွဲ့က မိုင်းခွဲ တိုက်ခိုက်ခဲ့သည်။
သံချပ်ကာ ကားနှစ်စီး အပါအဝင် အစီးရေ ၉၀ ကျော်ပါသည့် စစ်ယာဉ်တန်းသည် ဝေဟင်မှ ရဟတ်ယာဉ် အစောင့်အရှောက်ဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့တွင် မင်းတပ်မှ မတူပီသို့ စတင် ထွက်ခွာလာခဲ့ခြင်း ဖြစ်ပြီး ယနေ့သုံးရက်မြောက်နေ့တွင် ချုံခို တိုက်ခိုက်ခံရခြင်း ဖြစ် သည်။ mizzima