မတူပီတွင် ခမရ ၃၀၄ တပ်နှင့် ထယ်ဘွေးတပ်စခန်းကို CDF ဝင်တိုက်ခိုက်မှု စစ်ကောင်စီတပ် ဖွဲ့ဝင် ၅ ဦးသေဆုံး၊ဝေဘူလတွင်လည်း စစ်ကောင်စီတပ်ဘက်မှ အသေအပျောက်များနိုင်

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီ-ပလက်ဝ လမ်းအခြေစိုက် ခမရ ၃၀၄ တပ် ရင်းနှင့် ထယ်ဘွေးအခြေစိုက်တပ်ကို CDF-Mtupi က ဝင်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် မတူပီ-ပလက်၀ လမ်းအခြေ စိုက် ခမရ ၃၀၄ တပ်ရင်းကို CDF မတူပီတပ်ဖွဲ့က အလစ်အငိုက် မိုင်းဆွဲတိုက် ခိုက်ရာ အကြမ်း ဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေ ဆုံးကြောင်း၊ ထို့ပြင် ဇန်နဝါရီလ ၇ ရက်မှ ၈ ရက်နေ့များတွင် စစ်ကောင်စီ ၏ ထယ်ဘွေးတပ်စခန်းကို CDF မတူပီက တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးကြောင်း သိရှိရသည်။

ထို့ပြင် ချင်းပြည်နယ်၊ဖလမ်းခရိုင်၊ဝေဘူလမြို့ကို ဇန်နဝါရီလ ၆ ရက်နေ့မှစပြီး စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာတွင် လူသားဒိုင်းများ အသုံးပြုခဲ့ကြောင်း၊ ထိုသို့ ဝေဘူလမြို့အနီး ထိုးစစ်ဆင်တိုက် ခိုက်လာရာတွင် CNDF နှင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး CNDF ထောင်ထားသော မိုင်းများ နင်းမိကြသောကြောင့် အကြမ်းဖက်စစ်ကောင်စီများ အများအပြား သေ ကြေ ထိခိုက်ဒဏ်ရာ ရနိုင်ကြောင်း CNDF ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s