မတူပီ-ပလက်၀ လမ်းပေါ်က ခမရ ၃၀၄ တပ် ရင်း မိုင်းခွဲတိုက်ခိုက်ခံရ၊ တပ်သား ၃ ဦးသေ ဆုံး

ချင်းပြည်နယ် မတူပီမြို့ မတူပီ-ပလက်၀ လမ်းပေါ်က နယ်မြေခံတပ်ရင်း ခမရ ၃၀၄ တပ်ရင်းကို ဇန်နဝါရီ ၁၀ ရက်နေ့ ညနေ ၃ နာရီလောက်မှာ CDF မတူပီတပ်ဖွဲ့က  အလစ်ငိုက် မိုင်းခွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ မတရားဖမ်းဆီး သတ်ဖြတ်ခံခဲ့ရတဲ့ ပြည်သူ ၁၀ ဦးအတွက် လက်စားချေတုံ့ပြန် တိုက်ခိုက်ခဲ့တာလို့ CDF မတူပီတပ်ဖွဲ့က ပြောပါတယ်။

မတူပီ-ဟားခါးလမ်း ကီလှုန်းကျေးရွာနဲ့ လုံလှော်ကျေးရွာကြားမှာ ဇန်နဝါရီ ၆ ရက်နေ့က စစ်ကောင်စီတပ်နဲ့ CDF မတူပီတပ်တို့ တိုက်ပွဲအပြင်း အထန်ဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၆ ရက်နေ့ နေ့လယ်ပိုင်းမှာ ကီလှုန်းကျေးရွာက လုံလှော်ကျေးရွာကိုသွားတဲ့ ပြည်သူ ၁၀ ဦးကို ဖမ်းဆီးသွားပြီးနောက် လမ်းပြနဲ့ လူသားဒိုင်းကာအဖြစ် အသုံးပြုကာ ရက်စက်စွာ သတ်ဖြတ်ခဲ့တယ်လို့ ကျေးရွာဒေသခံတွေဆီကသိရပါတယ်။

CDF မတူပီ တပ်ဖွဲ့ဝင်တွေအနေနဲ့လည်း အပြစ်မဲ့ အရပ်သားပြည်သူတွေ သေဆုံးခဲ့ရတဲ့အပေါ် ဝမ်းနည်းကြေကွဲရပြီး စစ်ကောင်စီတပ်ကျဆုံးတဲ့အထိ တိုက်ပွဲဆက်လက်ဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့နဲ့ ၈ ရက်နေ့ကလည်း ထယ်ဘွေးတပ်စခန်းကို CDF မတူပီတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီ တပ်သား  ၂ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s