မတ္တရာနှင့် မင်းတုန်းတွင် စစ်ကောင်စီ စစ် ကြောင်းများ၊ ယာဉ်တန်းများ မိုင်းဆွဲ တိုက် ခိုက်ခံရကာ စစ်သား ၁ဝဦးထက်မနည်း သေ ဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ၊ ဝက်လက်တွင်လည်း စစ်ကောင်စီ ဗိုလ်ကြီးအဆင့်နှင့် ဒုတပ်ကြပ်တို့ မြွေပွေးကိုက်ခံရကာ ၁ဦးသေဆုံး

မန္တလေးတိုင်း မတ္တရာနှင့် မကွေးတိုင်း မင်းတုန်းတို့တွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းများ၊ ယာဉ်တန်းများ မိုင်းဆွဲ တိုက်ခိုက်ခံရကာ စစ်သား ၁ဝဦးထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တွင်လည်း စစ်ကောင်စီ ဗိုလ်ကြီးအဆင့်နှင့် ဒုတပ်ကြပ်တို့ မြွေပွေးကိုက်ခံရကာ ၁ဦးသေဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် နယ်မြေ သတင်းရင်းမြစ်များထံမှ သိရသည်။

ဝက်လက်မြို့နယ်

==========

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တွင် ဝက်လက် PDF တပ်ဖွဲ့ဝင်များကို တောနင်းရှာဖွေသည့် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းက ဗိုလ်ကြီးအဆင့်နှင့် ဒုတပ်ကြပ်တို့ ဇန်နဝါရီလ ၁ဝရက်နေ့တွင် မြွပွေးကိုက်ခံရကာ ၁ဦးသေဆုံးခဲ့ကြောင်း ဝက်လက်မြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။ အဆိုပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းသည် ဝက်လက် PDF တပ်ဖွဲ့ဝင်များ တောနင်းရှာဖွေစဉ် ရှားကွဲရွာမြောက်ဘက် မန်းတောင်တွင် ဗိုလ်ကြီးအဆင့်နှင့် ဒုတပ်ကြပ်တို့ မြွပွေးကိုက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

မင်းတုန်းမြို့နယ်

==========

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ယော/သမ္ဗူလ ကျေးရွာများ အနီး၌ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၉နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းအား သရက်-ကံမ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ဆင်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၁၁ ဦးခန့် မိုင်းထိမှန်ခဲ့ပြီး သေဆုံးမှု အခြေနေကို မသိရှိရသေးကြောင်း သရက် – ကံမ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ထံမှ သိရသည်။ အဆိုပါ အကြမ်း ဖက် စစ်ကောင်စီ စစ်ကြောင်း မင်းတုန်းမြို့နယ် အတွင်းရှိ ကျေးရွာများရှိ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ခြိမ်းခြောက် ရန်ရှာခြင်း၊ လူသစ် အဓမ္မစုဆောင်းခြင်း၊ တော်လှန်ရေးရဲဘော်များကို ဖမ်းဆီးခြင်းတို့ကို ပြုလုပ်ရန် အတွက် လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။

မတ္တရာမြို့နယ်

=========

မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်းရှိ Defense Force MDY- (DFM) စခန်းကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဇန်နဝါရီလ ၈ရက်နေ့တွင် ဝင်ရောက်စီးနင်းရန် လာရောက်စဉ် DFM တပ်ဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ်မှုများ မိုင်းဆွဲ တိုက်ခိုက်ခြင်းများ ခံရကာ စစ်သား ၉ဦး သေဆုံးပြီး ၁၅ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း DFM အဖွဲ့ထံမှ သိရသည်။

DFM စခန်းတည်ရှိရာ မတ္တရာမြို့နယ်ရှိ တနေရာသို့ စစ်တပ်က အင်းအား ၈ဝခန့်ဖြင့် လာရောက်စဉ် လမ်းခရီးတစ်ဝက်တွင် DFM တပ်ဖွဲ့ဝင်များက လက်နက်ငယ်များ လက်လုပ်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်တပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ခြင်းကြောင့် DFM မှ ကာပစ်ကာ တပ်ဆုတ်ခဲ့ရပြီး ၈ ရက်နေ့ ညတွင် စစ်တပ်က ဆက်လက် တက်လာခြင်း မရှိတော့ဘဲ လမ်းတဝက်တွင် စခန်းချခဲ့ပြီး ၉ ရက်နေ့ နံနက်တွင် စစ်တပ်က စစ်ကြောင်း ဆက်ထိုး၍ လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်ကာ DFM စခန်းရှိရာကို စစ်ကြောင်းထိုးလာစဉ် DFM မှ ကြိုထောင်ထားသော မိုင်းများ ထိမှန်ပြီး စစ်တပ်က အထိနာသော်လည်း သာလွန်အင်အား အသုံးပြုတိုက်ခိုက်ခြင်းကြောင့် DFM စခန်းကို စီးနင်းပြီး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

အဆိုပါ DFM စခန်းကို ဝင်ရောက်စီးနင်းပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့များသည် ၎င်းတို့ တပ်ဖွဲ့ဝင် ထိခိုက်သေဆုံးသူများကို ကား ၂ စီးဖြင့် ပြန်လည် သယ်ဆောင်သွားပြီး စစ်ကြောင်း အဆုတ်တွင် မိုင်းဆွဲ တိုက်ခိုက်ခံရမည်ကို ကြောက်လန့်သောကြောင့် ၎င်းတို့ ပြန်ဆုတ်ရာ လမ်းတစ်လျှောက်ကို သေနတ်များ ပစ်ဖောက်ကာ ထွက်ခွာသွားကြောင်း သိရသည်။

အလားတူ မတ္တရာမြို့နယ် ကင်းရွာရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်ကို ဇန်နဝါရီလ ၅ရက်နေ့ နံနက် ၄ နာရီဝန်းကျင်တွင် မတ္တရာ (ပကဖ) နှင့် DFM Defense Force MDY တပ်ဖွဲ့တို့က မီးရှို့ဖျက်ဆီးခဲ့ပြီး ယင်းတာဝါတိုင်ကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဇန်နဝါရီလ ၇ရက်နေ့ မွန်းလွဲပိုင်း ကြည့်ရှု့ရန် လာရောက်စဉ် ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကာ ၂ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း မတ္တရာ (ပကဖ) နှင့် DFM Defense Force MDY တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ Mytel တာဝါ ဖျက်စီးခံရမှုကြောင့် စစ်ဆေးရန်လာသော အကြမ်းဖက်စစ်ကောင်စီ စစ်ယာဉ်တန်းသည် မတ္တရာမြို့နယ် မြောင်းဦး ကျေး ရွာ အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံခြင်းဖြစ်ပြီး ရှေ့ပြေးပွိုင့်ကားတစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s