မိုင်းကိုင်မြို့နယ် TNP ပါတီဥက္ကဌနှင့် မိသားစု ပျောက်ဆုံးမှု RCSS တပ်ဖွဲ့ ဖမ်းဆီးဟုဆို

ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ် တအာင်းအမျိုးသားပါတီ (TNP) ဥက္ကဌ မိုင်းနုမ်ဟန် အပါအဝင် ၎င်း၏ဇနီးနှင့် ခုနှစ်လအရွယ် သမီးဖြစ်သူတို့ ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက် မနက်ပိုင်းက စတင်ကာ အဆက်အသွယ် မရတော့ဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။မိုင်းနုမ်ဟန်နှင့် မိသားစုသည် မတ်ချိနုတ်ရွာမှ တစ်ဆင့် မြို့ပေါ်သို့ ပြန်လာစဉ် တုံလောကျေးရွာအုပ်စု ပန်လော့ကျေးရွာတွင် ပျောက်ဆုံးသွားခြင်း ဖြစ် သည်။

“မတ်ချိနုတ်ရွာကနေ ပြန်လာတယ်၊ မိုင်းကိုင် ဆင်းမလို့လေ။ လမ်းတစ်ဝက် ပန်လော့ရွာရောက်တော့ ကျော်လာလို့ မရတာလား မသိဘူး။ သူတို့ မိသားစု သုံးယောက်ပေါ့။ သူ့မိန်းမနဲ့ ကလေးရော” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ မနက် ၁၁ နာရီဝန်းကျင်က မိုင်းနုမ်ဟန်နှင့် မိသားစုသည် မတ်ချိနုတ်ရွာမှ မိုင်းကိုင်မြို့သို့ အပြန်လမ်းတွင် RCSS တပ်ဖွဲ့၏ စစ်ဆေးဖမ်းဆီးမှု ခံခဲ့ရသည်ဟု မိုင်းကိုင်မြို့နယ် TNP က ယနေ့ ဇန်နဝါရီလ ၁၁ ရက်မနက်တွင် သတင်းထုတ်ပြန်သည်။အဆိုပါ ကိစ္စနှင့် ပတ်သက်၍ RCSS တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံ အား ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

၂၀၂၁ ခုနှစ် စက်တင်ဘာလ ဒုတိယအပတ်မှ စတင်ကာ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ တိုက်ပွဲ ပြင်းထန်နေပြီး ဒေသခံ စစ်ဘေးရှောင် ဦးရေ ၂၀၀၀ ကျော် ယနေ့အထိ နေရပ်သို့ မပြန်နိုင်သးကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s