မုံရွာမြို့ မီးပွိုင့်တွင် ဗုံးချသွားမှု CCTV မှ မြင်ရ၍ စစ်တပ်က သွားစစ်စဉ် ဗုံးကွဲ၊ ဒုရဲအုပ်တစ်ဦး ဦးခေါင်းခွံ့လန် သေဆုံးမှု အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ တမာတန်းမီးပွိုင့်တွင် ပါဆယ်ဗုံးချသွားမှု CCTV မှမြင်ရ၍ စစ်တပ်က သွားစစ်ဆေးစဉ် ဗုံးပေါက်ကွဲပြီး ဒုရဲအုပ်တစ်ဦး ဦးခေါင်းခွံ့လန် သေဆုံးမှုအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးကြောင်း သိရှိရသည်။
ယနေ့ ညနေ ၅ နာရီဝန်းကျင် မုံရွာမြို့ တမာတန်းမီးပွိုင့်တွင် ဗုံးလာချသည်ကို စစ်တပ်က CCTV မှတဆင့် မြင်တွေ့ရ၍ သွားရောက်စစ်ဆေးစစ်ဆေးကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးက အိမ်စီးကားဖြင့် လာရောက်ပြီး ပါ ဆယ်ထုပ်ထားသည့် ဗုံးကိုတွေ့ရှိကြောင်း၊ ထိုအချိန်တွင် ဗုံးထပေါက်ကွဲသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦး ဗုံးထိမှန်ကြောင်း၊ ပွဲချင်းပြီး ၂ ဦးသေဆုံးပြီး ၂ ဦးမှာ ဆေးရုံရောက်မှ သေဆုံးကြောင်း ၊ သေ ဆုံးသူ ၄ ဦးတွင် နယ်ပြောင်းဒုရဲအုပ်တစ်ဦးပါ ပါဝင်နေကြောင်း မုံရွာချင်းတွင်းရိုးမသတင်းဌာနက သတင်းဖော်ပြသည်။
ဗုံးပေါက်ကွဲမှုကြောင်း ဒဏ်ရာရရှိသူများလည်းရှိပြီး Non CDM ဝန်ထမ်းတချို့လည်းဒဏ်ရာရရှိကြောင်း၊ ကလေးငယ်တစ်ဦးလည်း ထိခိုက်သော်လည်းမစိုးရိမ်ရကြောင်း သိရှိရသည်။ ချင်းတွင်းရိုးမ