မော်လမြိုင်တက္ကသိုလ် နေ့သင်တန်းများတက်ရောက်သူ များပြားဆိုသည်မှာ သတင်းအမှားသာဖြစ်

ပြန်လည်ဖွင့်လှစ်ပြီဖြစ်သည့် မော်လမြိုင်တက္ကသိုလ်နေ့သင်တန်းများတွင် တက်ရောက်သူများပြားနေပြီဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမီဒီယာအချို့မှာ ရေးသားဖော်ပြခဲ့သည်ကို တွေ့ရှိရသည်။လူပေါင်း တစ်သန်းကျော်မှ လိုက်ခ်ပြုလုပ်ထားသည့် ပေါ်ပြူလာမီဒီယာတွင် “ ဇန်နဝါရီလ ၆ ရက်တွင် စတင်ဖွင့်လှစ်သည့်မော်လမြိုင်တက္ကသိုလ်တွင် နေ့သင်တန်းများ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ကျောင်းသူ လေးရာနီးပါးတက်ရောက်ခဲ့ကြောင်း” ဖော်ပြရေးသားထားသည်ကို တွေ့ခဲ့ရသည်။

အလားတူပင် လူပေါင်း ခုနစ်သောင်းကျော်မှ လိုက်ခ်ပြုလုပ်ထားသည့် 97 Media နှင့် လူပေါင်းနှစ်ထောင်ကျော် လိုက်ခ်ပြုလုပ်ထားသည့် မြန်မာဒစ်ဂျစ်တယ်နယူးစ်တွင် ဇန်နဝါရီလ ၆ ရက်တွင် မော်လမြိုင်တက္ကသိုလ်မှ ဖွင့်လှစ်မည့်နေ့သင်တန်းတွေကို တက်ရောက်ရန် လူပေါင်း ၄၀၀ နီးပါးရှိပြီး ကိုဗစ်စည်းကမ်းနှင့်အညီ ဖွင့်လှစ်ပေးမည်ဆိုပြီး ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

ယခုပျံ့နှံ့နေသည့် မော်လမြိုင်တက္ကသိုလ်တွင် ကျောင်းသားကျောင်းသူ လေးရာနီးပါးတက်ရောက်သည်ဆိုသည့် သတင်းများတွင် လက်ရှိကာ လတက်ရောက်နေသည့် ကျောင်းသား၊ကျောင်းသူတို့​၏ ဓာတ်ပုံများအသုံးပြုထားခြင်းမရှိသည်ကိုလည်းတွေ့ရသည်။

အခုလို နေ့သင်တန်းကျောင်းတွေကို တက္ကသိုလ်ကျောင်းသားများ၊တက္ကသိုလ်ဆရာ၊ဆရာမများမှ စစ်တပ်အာဏာသိမ်းထားသည့် ကာလတစ်လျောက် အကြမ်းမဖက်အာဏာဖီဆန်ရေးလုပ်ရှားမှု – CDM အဖြစ် သပိတ်မှောက်မှု များစွာရှိသည့်ကြားမှစစ်ကောင်စီမှ ဖွင့်လှစ်နေခြင်းလည်း ဖြစ်သည်။လက်ရှိဖွင့်လှစ်နေသည့် နေ့သင်တန်းတွေကတော့ ဥပဒေပညာ စတုတ္ထနှစ်သင်တန်း- ဒုနှစ်ဝက်၊ ပညာရေး စတုတ္ထနှစ် – ဒုနှစ်ဝက်၊ပထမနှစ်ဝက် မဟာ အရည်အချင်းစစ်သင်တန်း၊ ပထမနှစ်ဝက် မဟာဘွဲ့သင်တန်း ပထမနှစ်နဲ့ ပထမနှစ်ဝက် မဟာဘွဲ့သင်တန်း ဒုတိယနှစ် သင်တန်းတွေကို ဇန်နဝါရီ ၆ ရက်နေ့တွင် စစ်ကောင်စီမှ စတင်ဖွင့်လှစ်စေခဲ့သည်။

ယခုကဲ့သို့ မော်လမြိုင်တက္ကသိုလ်တွင် နေ့သင်တန်းသားများ ကျောင်းတက်နေပြီဆိုသည့် သတင်းတွေနဲ့ပက်သက်လို့ မော်လမြိုင်တက္ကသိုလ်ကျောင်းသားသမဂ္ဂမှ “ မော်လမြိုင်တက္ကသိုလ်တွင် ယနေ့အချိန်ထိကျောင်းတက်သည့် သူမရှိသေးပါ၊ တက်ရောက်မည့်သူများရှိနေပြီး မဟာတန်းမှ အများဆုံးဖြစ်သည်၊ဒါပေမဲ့ ဇန်နဝါရီလ ၇ ရက်အထိတက်မည့်သူမရှိကြောင်း” သမဂ္ဂရဲ့ဖေ့ဘုတ်စ်စာမျက်နှာမှ တစ်ဆင့်ထုတ်ပြန်ရေး သားခဲ့သည်။

မော်လမြိုင်တက္ကသိုလ်ကျောင်းသာသမဂ္ဂ ဥက္ကဌမှ “တက်ရောက်တဲ့သူမရှိတာကို ကျွန်တော်တို့ဖက်မှ အာမခံပြောနိုင်ပါတယ်၊ဂုဏ်ထူးတန်းကသူတွေ သူတို့တက်ရင်တက်ပါလိမ့်မယ်၊ဒါပေမဲ့ သူတို့အခုချိန်ထိတက်ရောက်တာမရှိသေးဖူး၊နောက်တစ်ခုက တက်မယ်စာရင်းပေးထားသူတွေ ရှိလိမ့်မယ်၊အခြေအနေစောင့်ကြည့်နေသူတွေရှိလိမ့်မယ်၊ဒါမဲ့ အခုပြောသလို ကျောင်းတက်သူတွေမရှိဖူး၊တကယ်တက်လို့ရေးတာကိစ္စမရှိဖူး၊ဒါမဲ့ တကယ်ကျောင်းမတက်ပဲရေးတာကျ ဒါတက္ကသိုလ်ကျောင်းသားတွေရဲ့ CDM ပါဝါကို ရိုက်ချိူးချင်လို့ဆိုပြီးသုံးသပ်ပါတယ်”ဟု ပြန် လည်ဖြေကြားခဲ့သည်။ထို့ကြောင့် မော်လမြိုင်တက္ကသိုလ်တွင် နေ့သင်တန်းသား ၄၀၀ နီးပါးကျောင်းတက်နေပြီဆိုသည်မှာ သတင်းအမှားတစ်ခုဖြစ်ကြောင်း ဖော်ပြလိုက်ရပါသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s