မြ၀တီမြို့နယ်၊ ဖလူးလေးတွင် စစ်ကောင်စီတပ်က နံနက် ၅ နာရီမှစတင်၍ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ပွဲဖြစ်

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ဖလူးလေးကျေးရွာတွင် စစ်ကောင်စီတပ်က ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၅ နာရီမှစတင်၍ လက် နက်ကြီးဖြင့် စတင်ပစ်ခတ်ပြီး တိုက်ပွဲဖြစ်နေကြောင်း ရှေ့တန်း တွင် ရောက်ရှိနေသည့် PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
“နံနက် ၅ နာရီလောက်ကတည်းက ဖလူးလေးမှာ စစ်တပ်က လက်နက်ကြီးနဲ့စပစ်တယ်။ ၁၀ ချက် လောက်ပစ်တယ်။ အဲဒါပြီးကတည်းက နှစ်ဖက် အပြန် အလှန်ပစ်နေကြတာ။ အခုလည်း ပစ်နေကြတုန်းပဲ။ တိုက်ပွဲကတော့ တစ်နေကုန်သွားမလားတောင် မသိဘူး” ဟု ရှေ့တန်းရောက်ရှိနေသည့် PDF သတင်းရင်းမြစ်က ပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် ကော့ကရိတ်နှင့် မြ၀တီမြို့နယ်များတွင် ယမန်နေ့တိုက်ပွဲများတွင် အထိနာသဖြင့် လက်နက်ကြီးများ၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။ khit thit