ရေဦးမြို့နယ်၊ ချမ်းသာကျေးရွာသို့ စစ်ကောင်စီတပ်များ အကြမ်းဖက်ဝင်ရောက်၊ ပြည်သူ ၂ ဦးအား ပစ်သတ်၊ တန်ဖိုးရှိပစ္စည်းများ ဖောက်ထွင်းခိုးယူ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ချမ်းသာကျေးရွာသို့ ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်လာကာ ရွာသား ၂ ဦးကို အကြောင်းမဲ့ ပစ်သတ်ပြီး ရွာသားအချို့ကို ဖမ်းဆီးနှိပ်စက်ကာ နေအိမ်များအတွင်း ဖောက်ထွင်းပြီး တန်ဖိုးကြီး ပစ္စည်းများ ခိုးယူသွားကြောင်း ရေဦး မြို့ပြပြောက်ကျားအဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက်တွင် ရေဦးမြို့နယ်အတွင်း ဒေသကာကွယ်ရေးမဟာမိတ်အဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်မှုများ ကြားဖြတ်တိုက် ခိုက်မှုများကို ခံခဲ့ရပြီး စစ်ကောင်စီတပ်များသည် ချမ်းသာကျေးရွာအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ကာ ရွာလုံးကျွတ် တိမ်းရှောင်ခဲ့ကြရပြီး အနည်းဆုံး ရွာသား ၃ ဦး ဖမ်းဆီး နှိပ်စက်ခံခဲ့ရသည်။

ယနေ့နံနက်တွင်လည်း အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ရေဦးကာကွယ်ရေး ညီနောင်အဖွဲ့များက ဇီးကုန်းပွိုင့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ကျဆုံးမှုမသိရှိရသေးကြောင်း ရေဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s