ရွှေဘိုမြို့နယ်တွင် ပေါက်ကွဲမှုကြောင့် အမျိုး သားတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် စိုင်နိုင်လေးကျေးရွာနဲ့ စိုင်နိုင်ကြီးကျေးရွာကြားမှာ ပေါက်ကွဲမှုဖြစ်ပွားတာကြောင့် စက်ဘီးစီးလာတဲ့ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၀ ရက်နေ့ မနက် ၉ နာရီခွဲလောက်က မိုးကောင်းကင်ဆီဆိုင်အနီး တောင်ဘက်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ မျက်မြင် ဒေသခံတစ်ဦးကပြောပါတယ်။

“ပေါက်ကွဲမှုဖြစ်တာ ဟုတ်ပါတယ်။ မနက် ၉ နာရီခွဲဝန်းကျင်လောက်က ပေါက်ကွဲတယ်။ စက်ဘီးစီးဘာတဲ့ အဖိုးတစ်ယောက် ထိခိုက်မိပြီး သေဆုံးသွားတယ်။ အလောင်းကို အခုချိန်ထိ (ဇန်နဝါရီ ၁၀ ရက်နေ့ ညနေပိုင်း) အထိ လာကောက်သူမရှိသေးဘူး။ သေတာကို သူ့အိမ်က မသိသေးတာလည်း ဖြစ်နိုင်တယ်၊ လာမကောက်ရဲတာလည်း ဖြစ်နိုင်တယ်။” 

ပေါက်ကွဲမှုကို ဘယ်သူလုပ်လဲဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။  

မန္တလေး- ရွှေဘို ကားလမ်းဟာ စစ်ကောင်စီတပ်ရဲ့ ထောက်ပို့ကားတွေ အသွားအလာ ပြုလုပ်လေ့ရှိပြီး မကြာခဏ ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာလို့ သိရပါတယ်။

ရွှေဘိုမြို့နယ် ရုံးတော ကျေးရွာသားနှစ်ဦးကိုလည်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေက ဒီဇင်ဘာ ၆ ရက်နေ့က အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s