လွိုင်ကော်မြို့ကို စစ်ကောင်စီက တိုက်လေ ယာဉ် ၂ စီးဖြင့် ဗုံးကျဲနေ၊ မြေပြင်တွင်လည်း တိုက်ပွဲပြင်းထန်

အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်များအသုံးပြုကာ ယနေ့ ဇန်နဝါရီလ ၁၁ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် ဗုံးကြဲတိုက်ခိုက်ကြောင်း ကရင်နီပူးပေါင်းတပ်ဖွဲ့ထံမှ သိရှိရသည်။

“ဒီနေ့ညနေ ၅ နာရီ ၄၅ မိနစ်မှာ၊ ဂျက်လေယာဉ် ၂ စီးနဲ့ ဗုံးလာကျဲနေတာ၊ ဘယ်နေရာကို ကျတယ်၊ ထိခိုက်မှုဘယ်လောက်ဆိုတာတော့ မသိရသေးဘူး၊ မြေပြင်မှာလည်း ကရင်နီရဲဘော်တွေနဲ့ တိုက်ပွဲက ဖြစ်နေတယ်” ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြုပြောဆိုသည်။

ယခင်ရက်များတွင် လွိုင်ကော်နှင့် ဒီးမော့ဆိုကြား ကျေးရွာများနှင့် လွိုင်ကော်မြို့စွန် ရပ်ကွက်အချို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် က ရင်နီပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး လွိုင်ကော်မြို့ခံအများအပြား မြို့ကို စွန့်ခွာ စစ်ဘေးရှောင်နေကြရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s