ဝက်လက်တွင် စစ်တပ်က ကျေးရွာ ၉ရွာကို ဝင်ရောက်စီးနင်းဖျက်ဆီးကာ ပစ္စည်းများ လု ယက်ယူဆောင် ကျေးရွာတွင်းရှိ ပြည်သူများကိုလည်း အကြောင်းမဲ့ရိုက်နှက်

ဝက်လက်မြို့နယ် အတွင်းရှိ ညောင်ပင်ကြီးတော၊ ပေါက်ကံ၊ တလိုင်း၊ မင်းရွာ၊ မင်းကုန်း၊ တောကြီး၊ ရှားကွဲ၊ သစ်ဆိပ်နှင့် ချောင်းမှီးကျေးရွာတို့ကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဇန်နဝါရီလ ၂ရက်နေ့မှ စတင်ကာ ဇန်နဝါရီလ ၁၁ရက်နေ့ထိ ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီးကာ လုယက်ယူဆောင်ပြီး ရွာထဲရှိ ပြည်သူများကို အကြောင်းမဲ့ ရိုက်နှက်ခဲ့ကြောင်း ဝက်လက်မြို့နယ် သ တင်း မှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များသည် ဇန်နဝါရီလ ၂ ရက်နေ့တွင် ညောင်ပင်ကြီးတော ရွာကို ရဟတ်ယာဉ် ၃စီးဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး ကျေးရွာကို ဝင်ရောက်စီးနင်း ဖျက်ဆီးခဲ့ကာ ဇန်နဝါရီလ ၃ရက်နေ့တွင် ပေါက်ကံရွာ ဇန်နဝါရီလ ၄ရက်နေ့တွင် တလိုင်းရွာ၊ ဇန်န ဝါရီလ ၅ရက်နေ့တွင် မင်းရွာ၊ ဇန်နဝါရီလ ၆ရက်နေ့တွင် မင်းကုန်းရွာ၊ ဇန်နဝါရီလ ၇ရက်နေ့တွင် တောကြီးရွာနှင့် ထိုတောကြီးရွာတွင် ၂ညအိပ်ကာ ထို တစ်ဆင့် ရှားကွဲရွာနှင့် သစ်ဆိပ်ရွာကို စစ်ကြောင်း ၂ကြောင်းခွဲ၍ ဝင်ရောက်စီးနင်းခဲ့ပြီး လက်ရှိချိန်တွင် ချောင်းမှီးကျေးရွာသို့ ရောက်ရှိနေကြောင်း သိရသည်။

” သူတို့က ၂ရက်နေ့တည်းက ရဟတ်ယာဉ် ၃စီးနဲ့ ရောက်လာတဲ့စစ်ကြောင်း သူတို့က ရွာ၉ရွာကို ဝင်ရောက်စီးနင်းခဲ့တယ်။ ရွာမှာရှိတဲ့ ပြည်သူ ပိုင် ပစ္စည်းတွေကို ဖျက်ဆီးတယ်။ တန်ဖိုးရှိတာတွေဆို အကုန်ယူတယ်။ အဲတာ ရွာတိုင်းမှာလုပ်တဲ့ လုပ်ရိုးလုပ်စဉ်ပဲ အခုတော့ သူတို့ ချောင်းမှီးကျေးရွာမှာ ရောက်နေတယ်”ဟု ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်း ဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ရှားကွဲရွာနှင့် သစ်ဆိပ်ရွာ ရောက်ရှိစဉ်က ပြည်သူ ၁ဝဝကျော်ခန့်ကို ကျေးရွာအတွင်းရှိ ဘု ရား ရင်ပြင်တွင် ဖမ်းဆီးကာ ဗိုလ်နဂါးကို တည်နေရာကို မေးမြန်းပြီး ပြည်သူများကို ရိုက်နှက်ခဲ့ကြောင်း သိရသည်။ “ကျွန်တော်တို့ နောက်မှသိရတာက ရှားကွဲမှာ စစ်ခွေးတွေ ဖမ်းထားတာ လူအယောက် ၁ဝဝလောက်ရှိတယ်။ ဘုန်းကြီးကျောင်းမှာပုန်းနေတဲ့သူတွေ အကုန်ခေါ်လာတာ ကလေးလူကြီး ရွာထဲမှာလည်း တွေ့သမျှလူတွေ အကုန်ဆွဲခေါ် ခေါ်ပြီးတော့ ဘုရားရင်ပြင်တော်ပေါ်မှာ စုပြီးတော့ စစ်တာပေါ့။ ၂ရွာစလုံး လုပ်နည်းလုပ်ဟန်အတိုင်း တူတူလုပ်တာပဲ အဖွဲ့သာကွဲသွားတာ ရွာ၂ရွာကလည်း သိပ်မဝေးဘူး။ ဖောင်းဒိုင်းအဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးသိလားပေါ့။

သိရင် သူတို့စခန်းလိုက်ပြဆိုပြီးတော့ သစ်ဆိပ်မှာ စစ်တဲ့အဖွဲ့က ဘယ်သူ့မှ မနှိပ်စက်ဖူးတဲ့ ရှားကွဲမှာ စစ်ဆေးတဲ့ အဖွဲ့ကတော့ ဗိုလ်နဂါးသိလားဆိုတော့ ပြည်သူတွေက မသိကျဘူး။ ပြောကျတော့ ခြေတောက်တွေနဲ့ကန်တယ်။ လည်ပင်းကို ညစ်တယ်တဲ့ အဲလိုမျိုးတွေ ရှားကွဲပြည်သူတွေကို တော်တော်နှိပ်စက်သွားတာ ဒီရွာထဲက ဘုန်းကြီးကျောင်းပုန်းနေတဲ့ သူတွေကိုပေါ့” ဟု ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s