ဝက်လက်နှင့်ကနီတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်ပျူစောထီး ၁၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်နှင့် ကနီမြို့နယ်တွင်များတွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်ပျူစောထီး ၁၅ ဦးသေဆုံးကြောင်း ဒေသကာ ကွယ်ရေး တပ်များထံမှ သိရှိရသည်။

ယနေ့ဇန်နဝါရီ ၁၀ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် ကနီမြို့နယ်၊ အလယ်ကျွန်းရွာအနီးတွင် DRPA က စစ်ကောင်စီစစ်ကြော်ငးကို မိုင်းဆွဲတိုက် ခိုက်ရာ စစ် သား၂ ဦးသေပြီး ပျုစောထီး ၂ဦးသေဆုံးကြောင်း၊ ငါးဦးခန့်ဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရလူနာများကို မွန်းလွဲ ၃ နာရီဝန်းကျင်တွင် လှည်းဖြင့် ကနီမြို့ပေါ်တို့သွားပို့‌စဉ် DRPAက လမ်းတွင် ဖြတ်တိုက်ကာ တိုက်ပွဲထပ်မံဖြစ်ကြောင်း၊ DRPA က လက်လုပ်လက်နက်ကြီးဖြင့် ပစ်ရာထိမှန်ပြီး နေရာတွင်ထပ်မံ၍ တစ်ဦးပွဲ ချင်းပြီး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရရှိသူ အရာခံဗိုလ်တစ်ဦး ဆေးရုံအရောက်တွင်သေဆုံးကြောင်းသိရှိရပါသည်။

ဇန်နဝါရီ ၈ ရက်နေ့ည ၁၂ ၀န်းကျင်တွင်လည်း ကနီမြို့ပေါ်တွင်ကင်းလှည့်နေသောစစ်သားများကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ၂ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။ အလားတူ ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် ဝက်လက်မြို့နယ် အတွင်းသို့ စစ်တပ် ရိက္ခာပို့ရန် ‌ငွေတွင်းကျေးရွာမှ လက်နက်ကိုင် ပျူစောထီး ထောက်ပို့ယာဉ်4G/4858 ကို ဝက်လက်မြို့ နယ် အနောက်ခြမ်း ‌ရွှေ ပန်းကုံးကျေးရွာ နှင့် သမ္မာရိုးကျေးရွာ အကြားတွင် ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( တပ်ရင်း – ၁ ) က မိုင်းဆွဲတိုက်ခိုက်ရာ ပျူစောထီး ၇ ဦး သေ ဆုံးကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s