အာဏာသိမ်းမှုနောက်ပိုင်း ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်တိမ်းရင်း မြန်မာ့ကျွန်းသစ်ကို အမေရိကန်ကုမ္ပဏီများ တင်သွင်းရယူနေ

အမေရိကန် ကုမ္ပဏီများသည် ယမန်နှစ်က မြန်မာနိုင်ငံမှ ကျွန်းသစ် တန်ချိန် ၁,၆၀၀ နီးပါးကို တင်သွင်းထားခဲ့ပြီး ယင်းက မြန်မာအာဏာသိမ်းစစ်အုပ်စုအတွက် ဒေါ်လာသန်းချီရှိ အကျိုးအမြတ်များရစေမည့် လမ်းကြောင်းများကို ပိတ်ဆို့ရန် ချမှတ်ထားသည့် အမေရိကန်အစိုးရ၏ ဒဏ် ခတ်ပိတ်ဆို့မှုများကို ရှောင်တိမ်းသလိုဖြစ်နေကြောင်း တက်ကြွလှုပ်ရှားသူအဖွဲ့တစ်ခုက ဇန်နဝါရီ ၁၁ ရက်တွင် ပြောသည်။

အရှေ့တောင်အာရှ မြန်မာနိုင်ငံသည် ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ဝရုန်းသုန်းကားအခြေအနေတွင် ရှိနေပြီး အာဏာ သိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုအပေါ် စစ်တပ်က လူမဆန်စွာ အကြမ်းဖက် ဖြိုခွင်းထားခဲ့ကာ အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံတပ်ဖွဲ့ဝင်များ၏ လက်ချက်ကြောင့် အပြစ်မဲ့ပြည်သူ ၁,၄၀၀ ကျော် သေဆုံးခဲ့ရကြောင်း ပြည်တွင်း စောင့်ကြည့်အဖွဲ့တစ်ခုက ပြောသည်။

အမေရိကန်သည် မြန်မာအာဏာသိမ်းစစ်တပ်၊ ယင်းနှင့် ဆက်နွယ်နေသည့် ကုမ္ပဏီများနှင့် နိုင်ငံတဝန်း သစ်အရောင်းအဝယ်များကို စီမံခန့်ခွဲသည့် မြန်မာ့သစ်လုပ်ငန်းတို့အပေါ်တွင် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားခဲ့သည်။

“မြန်မာနိုင်ငံတွင် ထွက်ရှိသော” သစ်များအနက် ပေါ်ပြူလာအဖြစ်ဆုံးမှာ ကျွန်းသစ် ဖြစ်ပြီး ယင်းသည် စိုစွတ်သော ပတ်ဝန်းကျင်များတွင် တာရှည်ခံနိုင်မှုကြောင့် သင်္ဘောတည်ဆောက်ရေးလုပ်ငန်းနှင့် ပရိဘောဂ လုပ်ငန်းများက ကာလကြာကတည်းက နှစ်သက်ကြသည်။

ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများအောက်တွင် အမေရိကန်သို့ ကျွန်းသစ် တင်သွင်းမှုများ ပိတ်ဆို့ခံရမည်ဟု ယူဆခဲ့ရသော်ငြား ယမန်နှစ် ဖေဖေါ်ဝါရီ နှင့် နိုဝင်ဘာလကုန်အကြား ကာလတွင် အမေရိကန် ကုမ္ပဏီများသို့ သစ် ၁,၆၀၀ တန်နီးပါး ရောက်ရှိသွားခဲ့သည်ကို တက်ကြွလှုပ်ရှားသူအဖွဲ့တစ်ခုဖြစ်သည့် Justice for Myanmar က ပြောသည်။

“သစ်တွေက မတူညီတဲ့ ကုန်တင်ပို့မှု ၈၂ ခုနဲ့ ရောက်ရှိသွားတာဖြစ်ပြီး အများအားဖြင့်တော့ သင်္ဘောတည်ဆောက်ရေး၊ အဆောက်အအုံ ပြင်ပ အလှဆင်မှုနဲ့ ပရိဘောဂ လုပ်ငန်းတွေအတွက် အသုံးပြုတဲ့ ကျွန်းသစ် ပျဥ်ချပ်တွေ၊ ဖြတ်စတွေ ပါဝင်နေပါတယ်” ဟု ကမ္ဘာလုံးဆိုင်ရာ ကုန် သွယ်ရေးအချက်အလက်များ စုစည်းဖော်ပြသည့် Panjiva ကို ကိုးကားရင်း ယင်းအဖွဲ့က ပြောသည်။

မြန်မာ့သစ်တင်သွင်းမှုအားလုံးကို အမေရိကန် အစိုးရဘက်က ပိတ်ပင်တားမြစ်ရေးအတွက် Justice for Myanmar က တောင်းဆိုခဲ့သည်။

“ဖြစ်နိုင်ခြေ ရှိတာက ကျွန်းသစ်တွေက တရုတ်လိုမျိုး တတိယနိုင်ငံတွေကနေတဆင့် အမေရိကန်ဆီ တင်ပို့တာ ဖြစ်နိုင်ပါတယ်” ဟု အစီရင် ခံစာတွင် ပြောသည်။

ကမ္ဘာလုံးဆိုင်ရာ စောင့်ကြည့်လေ့လာမှုအဖွဲ့တစ်ခုဖြစ်သည့် Extractive Industries Transparency Initiative ၏ အဆိုအရ မြန်မာသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း သစ်ကုန်သွယ်မှုကနေ အခွန်အခများဖြင့် ဝင်ငွေ ဒေါ်လာသန်း ၁၀၀ နီးပါး ရရှိခဲ့ပြီး သစ်တောဆိုင်ရာ လုပ်ငန်းတစ်ခုလုံးကနေ ရသည့်ဝင်ငွေက စုစုပေါင်း ဒေါ်လာ ၃၂၂ သန်း ရှိခဲ့သည်ဟု သိရသည်။

သစ်အပြင် အရင်းအမြစ် ပေါကြွယ်ဝသည့် မြန်မာနိုင်ငံသည် ကျောက်စိမ်းနှင့် ရွှေတူးဖော်ရာနေရာများဖြင့် ပြည့်နှက်နေပြီး အဆိုပါနေရာများ၌ ဝင်ငွေများကို ကာလကြာကတည်းက စစ်တပ်နှင့် ဆက်နွယ်သည့် လုပ်ငန်းများက ကြီးကြပ်ထားခဲ့ပြီး စစ်တပ်ထံသို့ အကျိုးအမြတ်များ စီးဝင်ထားစေခဲ့သည်။

မြန်မာအာဏာသိမ်းအကြမ်းဖက်စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ အပြတ်အသတ် အနိုင်ရခဲ့သည့် ယမန်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှု ရှိသည်ဟု စွပ်စွဲရင်း ဖေဖေါ်ဝါရီက အာဏာကို မတရားသိမ်းထားခဲ့သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s