Monthly Archives: Jan 2022

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီရဲ့ စစ်အာဏာရှင်ဆန့်ကျင်လူထုသပိတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီရဲ့ လူအင်အားထောင်ချီပါဝင်တဲ့ စစ်အာဏာရှင်ဆန့်ကျင်သပိတ်ကို ဇန်နဝါရီ ၁၁ ရက် ဒီကနေ့  ၃ ရက်မြောက်အဖြစ် ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

သပိတ်အင်အားကောင်းလေ စစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွင်းခံရမှုတွေပိုများလာသလို  အနီးအနားက ကျေးရွာတွေကို ဝင်ရောက်ပစ်ခတ် ဖမ်းဆီးသတ်ဖြတ်တာတွေလည်း ပိုမို လုပ်ဆောင်နေပါတယ်။

ဒါပေမဲ့ ကျေးလက်နေပြည်သူတွေကတော့ စစ်အာဏာရှင်စနစ်ပြုကျရေး ဆက်လက် တိုက်ပွဲဝင်ဆဲဖြစ်ပါတယ်။ DVB

စစ်ပဋိပက္ခ အတွင်းက ကရင်နီပြည်သူများကို ကာကွယ်ပေးရန် နိုင်ငံတကာကို KNPP တောင်းဆို

ကရင်နီပြည်နယ်ရှိ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်နေသည့်အ တွက် အရပ်သားပြည်သူများကို အကာအကွယ်ပေးနိုင်သည့် အခင်းအကျင်းတစ်ခုကို နိုင်ငံတကာ အသိုင်းအဝိုင်း မှ ဖန်တီးပေးရန် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNP P က တောင်းဆိုလိုက်သည်။ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က “အခုက ကျနော်တို့ လက် နက်ကိုင် အချင်းတိုက်ပွဲဖြစ်တာကတော့ ဒါကတော့ ထုံးစံပဲ ဒါပေမယ့် ဘာမှမဆိုင်တဲ့ အပြစ်မဲ့တဲ့ ပြည်သူတွေ က Target ထားပြီးမှ ပစ်ခတ်နေတာကတော့ ဒါ နိုင်ငံတကာကတော့ လူသားချင်းဆိုင်ရာပေါ့နော။

ရာဇဝတ်မှု လည်း မြောက်စေတယ်။ လူသားမျိုးနွယ်စု Genocide ပေါ့နော။ Ethnic Cleaning ပုံစံလေး ရောက်တယ်။ ဆို တော့ လူထုအ တွက်ကတော့ ကျနော်တို့ Safe Zone တစ်ခုရှိသင့်တယ်။ Safe Zone ဆိုတာကတော့ ကျနော်တို့ သူ တို့ကို ဒီနေရာမှာ သူတို့ရဲ့ လုံခြုံရေး နဲ့ သူတို့ရဲ့ လိုအပ်တဲ့ ကျန်းမာရေးပေါ့နော။

စောင့်ရှောက်မှုတွေကအစ လူ ထုက စစ်ဘေးကနေပြီးမှ Free Zone သဘောမျိုးပေါ့နော။ အဲသလို တစ်ခုဖြစ်ဖို့ကတော့ နိုင်ငံတကာ ကနေမှ ဆောင်ရွက်သင့်တယ်လို့ ကျနော်ကတော့ အဲလိုထင်ပါတယ်” ဟု ပြောသည်။လက်ရှိ ကရင်နီပြည်နယ်တွင် KNPP ထိန်းချုပ်ရာ ဒေသများ အ တွင်းတွင် သာမက လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို စသည့် မြို့ပြများအထိ တိုက်ပွဲများ ဖြစ်ပွားလာပြီး တိုက်ပွဲများအတွင်းရှိ ပြည်သူများကို စစ်ကောင်စီတပ်မှ ပစ် မှတ်ထား တိုက်ခိုက်နေသည်ဟု ဦးအောင်ဆန်းမြင့်က ဆက်ပြောသည်။

၎င်းက “သူက လူထုတွေကို တည့်တည်းကို Target ထားပြီးမှ ပစ်နေတာ ဟုတ်တယ်။ ဒီ အဆောက်အဦးကို ရော လူထုကိုရော ဘာမှ မခွဲခြားတော့ဘူးပေါ့နော။ လက်နက်ကိုင်တွေ မခွဲခြားပဲနဲ့ အကုန်လုံး ရမ်းသမ်းပစ်တဲ့ သဘောဖြစ်နေတယ်။ ပစ်တဲ့ အခါမှာလည်း လူထုတွေ ဘာတွေ ဘာမှ မချန်တော့ဘူးလေနော။ အကုန်လုံးပစ် တယ်။ ပစ်ရုံနေမကဘူး တိုက်ပွဲ ဖြစ်ပြီးရင်လည်း အဲဒီကျေးရွာတွေကို မီးရှို့ ပစ်တာလေနော။ အဲလိုမျိုးတွေ အဆောက်အဦတွေ မီးရှို့ပစ်တာတွေ အဲလိုမျိုးတွေလည်း လုပ်တယ်” ဟုပြောသည်။

ကရင်နီပြည်နယ်တွင် မြေပြင်တိုက်ခိုက်မှုများအပြင် ဝေဟင်တိုက်ခိုက်မှုများပါ စစ်ကောင်စီတပ်ဖက်မှ အဆက်မ ပြတ် လုပ်ဆောင်လာသည့် အတွက် တိုက်ပွဲများကြားရှိ ပြည်သူများမှာ ထိခိုက်သေဆုံးမှုများနှင့် ဒဏ်ရာရရှိမှုများ စွာ ရှိလာနေသည်ဟု KNPP က ပြောသည်။ပြီးခဲ့သည့် ဇန္နဝါရီလ ၇ ရက်နေ့က ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF၊ ကရင်နီတပ်မတော် KA၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တို့ နှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားခဲ့သည့် လွိုင် ကော်မြို့ အတွင်းက တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူ ၆ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထို့သို့ ထိခိုက်သေဆုံးမှုများ ရှိလာသည့်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းမှ စစ်ရေး ပဋိပက္ခများ အကြားတွင် ရောက်ရှိနေသည့် ပြည်သူများကို အကာအကွယ်ပေးနိုင်သည့် အခင်းအကျင်းတစ်ခုကို ဖန်တီးပေးရန် တောင်းဆို ရခြင်းဖြစ်သည်ဟု KNPP က ဆိုသည်။ mizzima

ဒီပဲယင်းတွင် “ကရင်နီပြည်နဲ့ အတူတော်လှန်ကြ ဖက်ဆစ်ခွေးကို မောင်းထုတ်ကြ” စာတန်းများ ကိုင်ဆောင်ကာ အကြမ်းဖက် စစ်အာ ဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

khit thit

နွားထိုးကြီးမြို့နယ် ပန်းပင်တောရွာ နေအိမ်များကို စစ်တပ်က မီးရှို့

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ပန်းပင်တော ကျေးရွာ ဒေသခံများ၏ တဲသုံးလုံးနှင့် အိမ်နှစ်လုံးကို အကြမ်းဖက် စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့ကြောင်း အဆိုပါ ရွာခံတစ်ဦးက မဇ္ဈိမကို ပြောသည်။ အရပ်၀တ်နှစ်ဦးနှင့် စစ်ယူနီဖောင်းဝတ် တစ်ဦးတို့က ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက် ည ၇ နာရီ ၀န်းကျင်တွင် ဓာတ်ဆီပုလင်းများပစ်၍ မီးရှို့ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

“အဲ့ဒီ မီးရှို့ခံရတဲ့အထဲ အရင်တစ်ခေါက်က မီးရှို့ခံရတဲ့ မောင်တိုးရဲ့ နေအိမ်လည်း ရှို့စရာ ကျန်နေသေးတာ မြင်ပြီးအကုန်ရှို့တာ။ ပြာကျတဲ့အထိကိုရှို့တာ။ ရွာထဲမှာ နေတဲ့ သူတွေက စစ်တပ်ကို ကြောက်တော့ အရင်ထဲက ရှောင်နေကြတာ။ သူတို့(ရွာခံများ) ပြန်နေမှာစိုးလို့ လာရှို့တဲ့ ပုံစံမျိူးနဲ့ကို သက်သက် လုပ်သွားတာ”ဟု ၎င်းက ပြောသည်။

အဆိုပါ နှစ်ကြိမ်မြောက် မီးရှို့ခံရသည့် မောင်တိုး၏ နေအိမ်သည် PDF များ နေထိုင်သည့် နေအိမ်ဟု စွပ်စွဲကာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်လည်း စစ်တပ်က မီးရှို့ခဲ့သေးသည်။ ထိုနေ့တွင်ပင် NLD ပါတီ အမာခံ ထောက်ခံ အားပေးသည့် ဒေသခံများကို အမည်စာရင်းဖြင့် လာရှာရာ မ‌တွေ့ရှိသဖြင့် ၎င်းတို့၏ နေအိမ် ၁၂ လုံးကို စစ်တပ်က ချိပ်ပိတ်ခဲ့သည်။ mizzima

ကရင်နီ PDF နှင့် စစ်ရှောင်ပြည်သူများအ တွက် အရေးပေါ် လှူဒါန်းနိုင်

စစ်အာဏာရှင်ကို ခုခံစစ်ဆင်နွှဲနေကြတဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေး လိုအပ်ချက်တွေကို ထောက်ပံ့နိုင်ဖို့နဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် အရေးပေါ်လှူဒါန်းနိုင်ဖို့  ဖိတ်ခေါ်ထားပါတယ်။

ဒီလှူဒါန်းမှုကိုတော့ ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂနဲ့ ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂတို့ ပူးပေါင်းဆောင်ရွက်ပြီး “Karenni Emergency Fundraising Project” အနေနဲ့ ဇန်နဝါရီ ၁၁ ရက်ကနေ ၁၃ ရက်အထိ ၃ ရက်ကြာ ထောက်ပံ့ငွေတွေ အလှူခံသွားမယ်လို့ ဆိုပါတယ်။

ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဖက်ဆစ်တပ်ဖွဲ့တွေကို တော်လှန်ချေမှုန်းနေသလို တဘက်မှာလည်း စစ်ဘေးရှောင်ပြည်သူ မိသားစုတွေ ဘေးကင်းလုံခြုံမှုအတွက် စိတ်ချထားရပါမှ စိတ်ဖြောင့်လက်ဖြောင့် တိုက်ပွဲဝင်နိုင်မှာမို့ ပြည်သူတိုင်း နည်း များမဆို မိမိအတတ်နိုင်ဆုံး ပါဝင်ကူညီပေးကြဖို့လည်း မေတ္တာရပ်ခံ ထားပါတယ်။

ပါဝင်လှူဒါန်းချင်သူတွေအနေနဲ့ သက်ဆိုင်ရာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် page chatbox မှာ ဆက်သွယ်လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။

ကယားပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကယားပြည်နယ် အခြေပြု ပြည်သူ့ကာကွယ်ရေးတပ်တွေဖြစ်တဲ့ KDF၊ KNDF၊ GZ-21 Loikaw တပ်ဖွဲ့တို့အကြား လွိုင်ကော်မြို့ ပေါ်အထိ တိုက်ပွဲတွေပြင်းထန်နေပြီး ဒီကနေ့လည်း စစ်ကောင်စီတပ်တွေက လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေပါတယ်။

လူဦးရေ သုံးသိန်းဝန်းကျင်သာရှိတဲ့ ကယားပြည်နယ်မှာ လက်ရှိလူဦးရေရဲ့ တဝက်လောက် စစ်ဘေးရှောင်နေကြရသလို လက်ရှိလွိုင်ကော်မြို့ပေါ်ရပ်ကွက်တွေက သောင်းနဲ့ချီတဲ ပြည်သူတွေ ရှမ်းပြည်နယ်ထဲအထိ သွားရောက် စစ်ရှောင်နေကြရပါတယ်။

ဒါကြောင့်မို့ သိန်းနဲ့ချီတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အကူအညီတွေ အရေးတကြီး လိုအပ်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NU G) က စားနပ်ရိက္ခာ၊ အရေးပေါ်အသုံးအ ဆောင်ပစ္စည်း၊ ငွေသားအပါအဝင် ကျပ်သိန်း ၅၀၀ ကျော် ထောက်ပံ့ထားသလို အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကလည်း တော်လှန်ရေးအတွက် နိုင်တဲ့နေရာကနေ ပါဝင်ကူညီနေကြပါတယ်။ DVB

စစ်တပ်က လွိုင်ကော်ကို လေကြောင်းဖြင့် စစ်ထိုးနေ၊ တိုက်ပွဲပြင်းထန်လျက်ရှိ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ ဒေါအူခူ နှင့် မိုင်းလုံးရပ်ကွက်များကို စစ်တပ်က ယနေ့ ညနေ ၅ နာရီ မိနစ် ၄၀ တွင် လေကြောင်းစစ် ထိုးနေပြီး တိုက်ပွဲများ ပြင်းထန်နေကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ နေရာများ၌ ယနေ့ ဇန်နဝါရီလ ၁၁ ရက်တွင် နေ့လယ် ၂ နာရီမှ စ၍ စစ်တပ်နှင့် ဒေသ ကာကွယ်ရေးတပ်များ အကြား တိုက်ပွဲ စတင်နေခြင်း ဖြစ်သည်။ “ဒေါအူခူမှာ ဖြစ်ပြီး မိုင်းလုံးမှာ နေ့လယ်က တိုက်ပွဲ ပြင်းထန်နေတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီး ၊ လက်နက် ငယ် တွေနဲ့ ပစ်တာ။

အခု လေယာဉ်လာနေပြီ” ဟု ဒေသခံ တစ်ဦးက မဇ္ဈိမကို ပြောသည်။ တိုက်ပွဲ၌ စစ်ကောင်စီတပ်က လက်နက်ကြီး ၁၂၀ မမ ကို ပိုအသုံးပြုပြီး ပွိုင့်ဖိုက်နှင့် အခြား လက်နက်ငယ်များနှင့်လည်း ပစ်ခတ်သည်ဟု DMO-PDF တပ်ရင်း (😎 တပ်ဖွဲ့၀င်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဘက်မှ အသေအပျောက်များ ရှိသည်ဟုလည်း ၎င်းက ပြောသည်။ တိုက်ပွဲကို ဒေသတပ်ဖွဲ့များ ဖြစ်သော KNDF ၊ KDF၊ DMO-PDF၊ GZ-21 (loikaw)၊ KA၊ Medic unit(Demoso) ၊ MbPDF Loikaw pdf၊ PPdf ၊ KPDF နှင့် အခြားအဖွဲ့အစည်းများ ပူးပေါင်း တိုက်ခိုက်နေခြင်း ဖြစ်သည်။ mizzima

မန္တလေး DFM စခန်းကို ဝင်စီးသည့် စစ်ကောင် စီတပ်သားများ တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက ဒေသခံကာကွယ်ရေးတပ် Defense Force MDY (DFM ) စခန်းတည်ရှိရာ နေရာတစ်ခုကို စစ်ကောင်စီတပ်က အင်အား ၈၀ လောက်နဲ့ ဇန်နဝါရီ ၈ ရက် ညနေပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့ရာမှာ  စစ်ကောင်စီတပ်တွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး  ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့တယ်လို့ DFM အဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်က ဝင်ရောက်စီးနင်းတိုက်ခိုက်မှာကို ကြိုတင်သတင်းရရှိထားတဲ့အတွက် လမ်းတဝက်မှာတင် လက်နက်ငယ်တွေ၊ လက်လုပ်မိုင်းတွေ အသုံးပြုပြီး ပြန် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အဆိုပါအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အဲဒီလို တိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ကြောင့် အပြန်အလှန် တိုက်ပွဲခဏဖြစ်ပွားခဲ့တယ်လို့ DFM အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။ 

ဇန်နဝါရီ  ၉ ရက် မနက်ပိုင်းမှာလည်း  နောက်ထပ် စစ်ကြောင်းထိုးလာတဲ့အဖွဲ့ကို မိုင်းထောင်ပြီး တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က သေဆုံးသူတွေရှိခဲ့ပြီး  နယ်ခံသတင်းပေးတွေရဲ့ ပြောကြားချက်အရ စစ်ကောင်စီဘက်က အနည်းဆုံး ၉ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့   ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။   

လက်ရှိမှာတော့ DFM စခန်းက မီးရှို့ခံလိုက်ရပြီး ဆန်၊ ဆီ၊ ဆေး၊ စားနပ်ရိက္ခာတွေ ဖျက်ဆီးခံခဲ့ရပေမဲ့ တပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ DVB

အရာတော်မြို့နယ် “လူမဆန်တဲ့ အာဏာမှန်သမျှ နောက်မျိုးဆက်မှာ မရှိစေရ” ဘန်နာစာ တန်းကိုင်ဆွဲကာ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

khit thit

အာဏာသိမ်းမှုနောက်ပိုင်း ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်တိမ်းရင်း မြန်မာ့ကျွန်းသစ်ကို အမေရိကန်ကုမ္ပဏီများ တင်သွင်းရယူနေ

အမေရိကန် ကုမ္ပဏီများသည် ယမန်နှစ်က မြန်မာနိုင်ငံမှ ကျွန်းသစ် တန်ချိန် ၁,၆၀၀ နီးပါးကို တင်သွင်းထားခဲ့ပြီး ယင်းက မြန်မာအာဏာသိမ်းစစ်အုပ်စုအတွက် ဒေါ်လာသန်းချီရှိ အကျိုးအမြတ်များရစေမည့် လမ်းကြောင်းများကို ပိတ်ဆို့ရန် ချမှတ်ထားသည့် အမေရိကန်အစိုးရ၏ ဒဏ် ခတ်ပိတ်ဆို့မှုများကို ရှောင်တိမ်းသလိုဖြစ်နေကြောင်း တက်ကြွလှုပ်ရှားသူအဖွဲ့တစ်ခုက ဇန်နဝါရီ ၁၁ ရက်တွင် ပြောသည်။

အရှေ့တောင်အာရှ မြန်မာနိုင်ငံသည် ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ဝရုန်းသုန်းကားအခြေအနေတွင် ရှိနေပြီး အာဏာ သိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုအပေါ် စစ်တပ်က လူမဆန်စွာ အကြမ်းဖက် ဖြိုခွင်းထားခဲ့ကာ အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံတပ်ဖွဲ့ဝင်များ၏ လက်ချက်ကြောင့် အပြစ်မဲ့ပြည်သူ ၁,၄၀၀ ကျော် သေဆုံးခဲ့ရကြောင်း ပြည်တွင်း စောင့်ကြည့်အဖွဲ့တစ်ခုက ပြောသည်။

အမေရိကန်သည် မြန်မာအာဏာသိမ်းစစ်တပ်၊ ယင်းနှင့် ဆက်နွယ်နေသည့် ကုမ္ပဏီများနှင့် နိုင်ငံတဝန်း သစ်အရောင်းအဝယ်များကို စီမံခန့်ခွဲသည့် မြန်မာ့သစ်လုပ်ငန်းတို့အပေါ်တွင် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားခဲ့သည်။

“မြန်မာနိုင်ငံတွင် ထွက်ရှိသော” သစ်များအနက် ပေါ်ပြူလာအဖြစ်ဆုံးမှာ ကျွန်းသစ် ဖြစ်ပြီး ယင်းသည် စိုစွတ်သော ပတ်ဝန်းကျင်များတွင် တာရှည်ခံနိုင်မှုကြောင့် သင်္ဘောတည်ဆောက်ရေးလုပ်ငန်းနှင့် ပရိဘောဂ လုပ်ငန်းများက ကာလကြာကတည်းက နှစ်သက်ကြသည်။

ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများအောက်တွင် အမေရိကန်သို့ ကျွန်းသစ် တင်သွင်းမှုများ ပိတ်ဆို့ခံရမည်ဟု ယူဆခဲ့ရသော်ငြား ယမန်နှစ် ဖေဖေါ်ဝါရီ နှင့် နိုဝင်ဘာလကုန်အကြား ကာလတွင် အမေရိကန် ကုမ္ပဏီများသို့ သစ် ၁,၆၀၀ တန်နီးပါး ရောက်ရှိသွားခဲ့သည်ကို တက်ကြွလှုပ်ရှားသူအဖွဲ့တစ်ခုဖြစ်သည့် Justice for Myanmar က ပြောသည်။

“သစ်တွေက မတူညီတဲ့ ကုန်တင်ပို့မှု ၈၂ ခုနဲ့ ရောက်ရှိသွားတာဖြစ်ပြီး အများအားဖြင့်တော့ သင်္ဘောတည်ဆောက်ရေး၊ အဆောက်အအုံ ပြင်ပ အလှဆင်မှုနဲ့ ပရိဘောဂ လုပ်ငန်းတွေအတွက် အသုံးပြုတဲ့ ကျွန်းသစ် ပျဥ်ချပ်တွေ၊ ဖြတ်စတွေ ပါဝင်နေပါတယ်” ဟု ကမ္ဘာလုံးဆိုင်ရာ ကုန် သွယ်ရေးအချက်အလက်များ စုစည်းဖော်ပြသည့် Panjiva ကို ကိုးကားရင်း ယင်းအဖွဲ့က ပြောသည်။

မြန်မာ့သစ်တင်သွင်းမှုအားလုံးကို အမေရိကန် အစိုးရဘက်က ပိတ်ပင်တားမြစ်ရေးအတွက် Justice for Myanmar က တောင်းဆိုခဲ့သည်။

“ဖြစ်နိုင်ခြေ ရှိတာက ကျွန်းသစ်တွေက တရုတ်လိုမျိုး တတိယနိုင်ငံတွေကနေတဆင့် အမေရိကန်ဆီ တင်ပို့တာ ဖြစ်နိုင်ပါတယ်” ဟု အစီရင် ခံစာတွင် ပြောသည်။

ကမ္ဘာလုံးဆိုင်ရာ စောင့်ကြည့်လေ့လာမှုအဖွဲ့တစ်ခုဖြစ်သည့် Extractive Industries Transparency Initiative ၏ အဆိုအရ မြန်မာသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း သစ်ကုန်သွယ်မှုကနေ အခွန်အခများဖြင့် ဝင်ငွေ ဒေါ်လာသန်း ၁၀၀ နီးပါး ရရှိခဲ့ပြီး သစ်တောဆိုင်ရာ လုပ်ငန်းတစ်ခုလုံးကနေ ရသည့်ဝင်ငွေက စုစုပေါင်း ဒေါ်လာ ၃၂၂ သန်း ရှိခဲ့သည်ဟု သိရသည်။

သစ်အပြင် အရင်းအမြစ် ပေါကြွယ်ဝသည့် မြန်မာနိုင်ငံသည် ကျောက်စိမ်းနှင့် ရွှေတူးဖော်ရာနေရာများဖြင့် ပြည့်နှက်နေပြီး အဆိုပါနေရာများ၌ ဝင်ငွေများကို ကာလကြာကတည်းက စစ်တပ်နှင့် ဆက်နွယ်သည့် လုပ်ငန်းများက ကြီးကြပ်ထားခဲ့ပြီး စစ်တပ်ထံသို့ အကျိုးအမြတ်များ စီးဝင်ထားစေခဲ့သည်။

မြန်မာအာဏာသိမ်းအကြမ်းဖက်စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ အပြတ်အသတ် အနိုင်ရခဲ့သည့် ယမန်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှု ရှိသည်ဟု စွပ်စွဲရင်း ဖေဖေါ်ဝါရီက အာဏာကို မတရားသိမ်းထားခဲ့သည်။ mizzima

လောင်းလုံးမှာ လောင်းကစားဝိုင်းထောင်ပြီး ငါးဖမ်းလှေသမားထံမှ ငွေညှစ်နေတဲ့ ကြံ့ခိုင်ရေးနှင့်စစ်တပ်အမာခံ ပျူစောထီးခေါင်း ဆောင် ဦးလေးလေး ပစ်သတ်ခံရ

လောင်းကစားဝိုင်း‌ထောင်ပြီး ငါးဖမ်းလှေသမားတွေဆီမှာ ငွေညှစ် ပိုက်ဆံရှာနေတဲ့ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သဘော့ဆိပ်ရွာ အုပ် ချုပ်ရေးမှူးဆိုတဲ့ ပျူစောထီးခေါင်းဆောင် ဒီနေ့ ပစ်ခတ်ရှင်းလင်းခံလိုက်ရပါတယ်။ ပျူစောထီးခေါင်းဆောင်လည်းဖြစ် ကြံ့ခိုင်ရေးပါတီအမာခံတစ်ဦးလည်းဖြစ်တဲ့ ဦးလေးလေးဆိုသူကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့(LPDF)က ဇန်နဝါရီလ ၁၁ ရက် ညနေမှာ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

သဘော့ဆိပ်ကျေးရွာအုပ်စု ကမ်းပနီကျေးရွာ ဘောလုံးကွင်းမှာ ကြက်ဝိုင်းလုပ်နေတုန်း လောင်းလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေက သွား ရောက်ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ LPDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။ “သေနတ်ပစ်ခံရပြီးမှာ အရေးပေါ်ကားနဲ့သယ်သွားတယ်။ အခုတော့ သေသွားပြီဆိုပြီးကြားရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီဖြစ်စဉ်မှာ ပျူစေားထီးအဖွဲ့ဝင်တွေနဲ့ LPDF အဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဦးလေးလေးရဲ့ဗိုက်ကို ကျည်သုံးချက်ထိမှန်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ LPDF အဖွဲ့ဝင်တွေကတော့ ထိခိုက်မူမရှိဘူးလို့ဆိုပါတယ်။ ဦးလေးလေးဟာ ကြံ့ခိုင်ရေးပါတီ အမာခံတစ်ဦးဖြစ်သလို မဘသ အဖွဲ့တွေနဲ့ပေါင်းပြီး စစ်တပ်ထောက်ခံပွဲတွေကို ဦးဆောင်တဲ့သူလည်းဖြစ်ပါတယ်။

သူဟာ ထားဝယ်ဒေသခံလည်းမဟုတ်ပါဘူး။ သူမတိုင်ခင်က သဘော့ဆိပ်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ အသတ်ခံရပြီးတဲ့နောက်မှာတော့ ဦးလေးလေးဟာအဲဒီရွာရဲ့ အုပ်ချုပ်ရေးမှူးဖြစ်လာခဲ့ပါတယ်။ အုပ်ချုပ်‌ရေးမှူးဖြစ်ပြီးတဲ့နောက်မှာ လောင်းကစားဝိုင်းတွေထောင်ပြီး ငွေတောင်းတာ၊ ငါးဖမ်းလှေသမားတွေမှာ ငွေတောင်းတာတွေနဲ့ စီးပွားရှာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ khit thit

« Older Entries Recent Entries »