Monthly Archives: Jan 2022

ရှေ့တန်းပို့ခံရသဖြင့် မြိတ် ခမရ ၅၅၆ က တပ် သားအချို့ ထွက်ပြေး

တနင်္သာရီတိုင်း မြိတ်မြို့နယ် ဇဝဲကျေးရွာအုပ်စုအတွင်း အခြေစိုက်တဲ့ ခြေမြန်တပ်ရင်း ၅၅၆ မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သားတွေကို ရှေ့တန်းကိုပို့တဲ့နေရာမှာ ထွက်ပြေးတာတွေ ရှိနေတယ်လို့ အဆိုပါတပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

ရှေ့တန်းမထွက်ချင်လို့ ထွက်ပြေးခဲ့တဲ့ တပ်သားအရေအတွက်စုစုပေါင်း ၁၀ ဦးဝန်းကျင်အထက်ရှိပြီး တပ်သားအချို့ကို ပြန်လည်ဖမ်းဆီးရမိပြီးတဲ့နောက် ဘယ်ကို ခေါ်ဆောင်သွားလဲဆိုတာ မသိရှိရသလို လက်ရှိအချိန်ထိ မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးလို့ ထွက်ပြေးခဲ့တဲ့ တပ် သားတစ်ဦးရဲ့ မိသားစုဝင်က ပြောပါတယ်။

ခြေမြန်တပ်ရင်း ၅၅၆ မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သားတွေကို ရှေ့တန်းနေရာတွေဖြစ်တဲ့ ကရင်ပြည်နယ် လေးကေကော်နဲ့ ထားဝယ်ခရိုင် ပုလောမြို့နယ်တစ်ဝိုက်အပြင် တနင်္သာရီမြို့နယ်အတွင်းက တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကို ပို့ဆောင်နေတာလို့ တပ်နဲ့ နီးစပ်သူတွေကတဆင့် သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကလည်း အဆိုပါတပ်မှာတာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ဇနီးဖြစ်သူတွေကို စစ်ရေးလေ့ကျင့်မှုတွေ ပြု လုပ်ခဲ့သလို စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တပ်အသီးသီးမှာ အခုလို ထွက်ပြေးမှုတွေ ရှိနေတဲ့အတွက် တပ်တွင်းလုံခြုံရေးကိုလည်း အရင်ကထက်ပိုပြီး တိုးချဲ့ချထားတာတွေရှိပါတယ်။ DVB

၀ဏ္ဏမောင်လွင် တက်ဖို့ ပြင်နေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး ရက်အ ကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရ

ကမ္ဘောဒီးယားနိုင်ငံတွင် ဇန်နဝါရီ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ရက်အကန့် အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး Datuk Seri Saifuddin Abdullah က ပြောသည်။အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဝန်ကြီးများက အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်နိုင်သည့်အတွက် ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဇန်န၀ါရီလ ၂၀ ရက်နေ့ အထူးပါလီမန်အစည်းအ ဝေးနဲ့ Omicron ကိုဗစ်ရောဂါပိုး ကြောင့် ကျွန်တော် မတက်ရောက်နိုင်တော့ပါဘူး။ အာဆီယံအစည်း အဝေးတက်မယ်ဆိုရင် လွှတ်တော်အစည်းအဝေးကို တက်ရောက်နိုင်မှာ မ ဟုတ်ပါဘူး”ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြော သည်။ ကမ္ဘောဒီးယားတွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးသို့ မြန်မာ တက်ရောက်မည့်ကိစ္စနှင့်ပတ်သက်ပြီး အမြင်အမျိုးမျိုးဖြစ်ပေါ်ကာ နော က်ဆုံး အစည်းအဝေး ရွှေ့ဆိုင်းမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ နိုင်ငံရေး ကိုယ်စားလှယ်များကို အာဆီယံ ထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားခြင်း မပြုရန် ပြီးခဲ့သည့်နှစ်တွင် မလေးရှား၏ ဆုံးဖြတ်ချက်ကို Saifuddin က ထပ်မံ ပြောကြားခဲ့ပြီး မြန်မာနိုင်ငံတွင် နိုင်ငံရေး အခြေအနေများကို ဖြေရှင်းရန်အတွက် အာဆီယံက ချမှတ်ထားသော ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရမည်ဖြစ်သည်။ khit thit

ဆိုင်ကယ်ရပ်မပေးသဖြင့် ပခုက္ကူ လူငယ်နှစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ အမှတ်၅ (ခခွေးကွင်း) ၆လမ်းမှာ လှည့်ကင်း လှည့်နေတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့က ဆိုင်ကယ်စီးနင်းလာသူ လူငယ် နှစ်ဦးကို တားဆီးရာ ရပ်မပေးတာကြောင့် သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးပြီး ရိုက်နှက်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၁ရက်နေ့ ည ၁၀ နာရီလောက်က ဆိုင်ကယ်မရပ်ပေးတာကြောင့် သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် လူငယ်နှစ်ဦး ပုခုံးမှာ ထိမှန်ခဲ့ပြီး ရဲကားပေါ်က စစ်ကောင်စီတပ်သားတွေဟာ ရိုက်နှက်ခဲ့ကြတယ်လို့ သိရပါတယ်။

လမ်းဘေး ဝဲယာမှာရှိတဲ့ နေအိမ်တွေက လူတွေကိုလည်း စစ်ကောင်စီတပ်က တံခါးပိတ်ထားပြီး ထွက်မကြည့်ကြဖို့ အော်ဟစ်ပြောဆိုခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“တို့အိမ်နားမှာ ဖြစ်သွားတာပါ၊ ဧည့်စာရင်းလာစစ်တာ တို့အိမ်တွေကိုရောပါတယ်။ ကောင်လေးနှစ်ယောက်က ပုခုံးမှန်သွားတယ်၊ ငယ်ငယ်လေးတွေရှိသေးတာ ရိုက်နှက်နေကြတာ။”

စစ်ကောင်စီတပ်ဟာ ပခုက္ကူမြို့တွင်းမှာ တပ်သားတွေ ပြောင်းလဲထားတာဖြစ်နိုင်ပြီး  ည ၁၀ နာရီအချိန်လောက်မှာ သန်းခေါင်စာရင်းလိုက်လံစစ်ဆေးတာ၊ ကင်းလှည့်ပတ်တာတွေကို ပျူစောထီအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်ကြတယ်လို့ မြို့ခံ နောက်တစ်ဦးက ပြောပါတယ်။

“အနားက အိမ်တွေထွက်မကြည့်ဖို့ပြောတာ သေချာပါတယ်။ ဒီရပ်ကွက်ထဲက ပျူတွေပါပဲ။ ရဲပတ်ကင်း အဖွဲ့နဲ့ စခတွေ ပါလာတာ၊  အချိန်မ တော် အပြင်မလွဲသာလို့ သွားရရင်ရှောင်ရှားပြီး သတိနဲ့သွားလာကြစေချင်ပါတယ်။ ကင်းပတ်တာက သူတို့က လမ်းမကြီးတွေပေါ်မှာ မပတ်တော့ဘူး၊ အခုဆိုရင် လမ်းကြိုလမ်းကြားတွေကို အဓိကထားပြီး ပတ်နေတာ။” 

ပစ်ခတ်ရိုက်နှက်ဖမ်းဆီးခံရတဲ့ လူငယ်နှစ်ဦး ဘယ်သူတွေဆိုတာနဲ့ ဘယ်ကိုခေါ်ဆောင်သွားတယ်ဆိုတာ လက်ရှိအချိန်ထိ မသိရှိရသေးဘဲ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။

ဇန်နဝါရီ ၁၀ ရက်နေ့ ညကလည်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တင်ကိုးနဲ့ ပခုက္ကူမြို့ ပျူစောထီးခေါင်းဆောင် ရွှေသီးတို့ အတူမောင်းနှင်လာတဲ့ ကားကို ရပ်တန့်ဖို့တားရာမှာ မရပ်ပေးတဲ့အတွက် စစ်ကောင်စီတပ်က မှားယွင်းပစ်ခတ်ခဲ့မိတယ်လို့ သိရပါတယ်။

ပစ်ခတ်ခံရမှုကြောင့် နှစ်ဦးလုံး ဒဏ်ရာအပြင်းအထန်ရရှိပြီး ဆေးရုံအရောက်မှာ ရွှေသီးက သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၂ ရက်နေ့ နေ့လယ်ပိုင်းကလည်း ပခုက္ကူမြို့ ရွှေချောင်း အဝိုင်းကြီးအနီးမှာ ဗုံးပေါက်ကွဲခဲ့ပြီး တပ်မ ၂၅၉ က ကျောင်းကြိုလာတဲ့ကား သီသီလေးလွတ်သွားတယ်လို့ သိရပါတယ်။ DVB

မြောက်ဒဂုံမြို့နယ် ငါးမာန်အောင် ဘုရားအနီး ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် စစ်ကောင်စီက နှစ်နာရီကျော်ကြာ ပိတ်ဆို့ ရှာဖွေမှုများ ပြုလုပ်

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ် ၊ ၃၃ ရပ်ကွက် အတွင်းရှိ ငါးမာန်အောင်ဘုရား(နဂါးရုံ)အနီးတွင် ယနေ့ ၂နာရီ ၁၀ မိနစ်အချိန်က ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် စစ်ကောင်စီက ယင်းမြို့နယ်အတွင်း နှစ်နာရီကျော်ကြာ လမ်းများပိတ်ဆို့ ရှာဖွေစစ်ဆေးလျှက်ရှိသည်။ယင်းဖြစ်စဉ်ကြောင့် စစ်ကောင်စီလက်အောက်ခံ တပ်သားများက မြောက်ဒဂုံမြို့နယ်အတွင်းရှိ ဘုရင့်နောင် လမ်းမကြီးအပါအ၀င် ဦးဝိစာရလမ်းမကြီးနှင့် မင်းရဲကျော်စွာလမ်းပေါ်တို့တွင် နှစ်နာရီကျော်ကြာ ပိတ်ဆို့ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ စစ်တပ်က ရှာဖွေစစ်ဆေးနေတော့ ဘေလီထိပ်ကနေစပြီး မြောက်ဒဂုံထဲက လမ်းမကြီးတွေပေါ် ယာဉ်ပိတ်ဆို့မှုတွေဖြစ်တာပေါ့။ စစ်တဲ့ အ ချိန်ကလည်း ရုံးဆင်းတဲ့ အချိန်ဆိုတော့ အားလုံး ရှုပ်ယှက်ခတ်ကုန်တယ်။ ဒီကြားထဲ ဦးဝီစာရ လမ်းမကြီးမှာ ရေပိုက်လိုင်းတွေ လုပ်နေတော့ ပို့ပိတ်ဆို့ ကုန်တာပေါ့။ မစောင့်နိုင်တဲ့ ကားတွေ ပြန်ကွေ့ဖို့လုပ်တော့လည်း လုပ်လို့ မရဘူး။ မဖြစ်မနေကို အစစ်ခံရတယ်။ ကျွန်တော်ဆို ညနေ သုံးနာရီခွဲက ဘေလီမှာ စပြီးပိတ်လိုက်တာ မိနစ် ၄၀ လောက်ကြာမယ်ထင်တယ် ကျွန်တော်နောက်မှာဆို ကားတန်းကြီးက မနည်းဘူး” ဟု ယာဉ်မောင်းတစ်ဦးက ဆိုသည်။

ပစ်ခတ်မှုဖြစ်ပွားရာနေရာရှိ ပြည်သူနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေသည့်အပြင် ပြည်သူတစ်ဦး သေနတ်ဒဏ်ရာ ရရှိခဲ့သည်ဟု က နဦး သိရှိထားရသော်လည်း မဇ္စျိမသတင်းဌာနအနေဖြင့် သီးခြားအတည် ပြုနိုင်ခြင်း မရှိသေးပေ။ယင်းဖြစ်စဥ်ဖြစ်ပွားရာနေရာသို့ မြောက်ဒဂုံ၊ တောင်ဥက္ကလာပနှင့် သင်္ဃန်းကျွန်းမြို့နယ်များအတွင်းမှ စစ်ကောင်စီလက်အောက်ခံ တပ်သားများ အလုံးအရင်းဖြင့်ရောက်ရှိလာပြီးနောက် လမ်းပိတ်ဆို့ကာ ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့သည်။

အလားတူ သင်္ဃန်းကျွန်းမြို့နယ် သု၀ဏ္ဏ ပြည်ထောင်စုပန်းခြံအနီးတွင်လည်း ယနေ့ ၂နာရီအချိန်ခန့်တွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ် တစ်ခုလည်း ဖြစ် ပွားခဲ့သဖြင့် ယနေ့ ရန်ကုန်မြို့အတွင်းရှိ မြို့နယ်အတော်များများတွင် ပိတ်ဆို့ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိသည်။ mizzima

နမ့်ခမ်းမြို့တွင် စကစတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဒေသခံများ ထိတ်လန့်

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့မှာ ဇန်နဝါရီ ၁၂ ရက် ဒီနေ့မွန်းလွဲပိုင်း ၁ နာရီကျော်လောက်က စစ်ကောင်စီတပ်ကနေ မြို့ပြင်ဘက်ကို လက်နက်ကြီးနဲ့ အနည်းဆုံး ၅ ကြိမ် ပစ်ခတ်ခဲ့တာကြောင့်  ဒေသခံတွေက စိုးရိမ်ထိတ်လန့်နေကြပါတယ်။

“လက်နက်ကြီးသံက နမ့်ခမ်းအနောက်ဘက် စကစ စစ်သားတွေရှိတဲ့ စခန်းသစ်ကုန်း ဘက်ကနေ လာတာပါ။ မွန်းလွဲ ၁ နာရီနဲ့ ၂ နာရီကြားမှာ ၅ ခါ၊ ၆ ခါလောက်ကြားရတယ်။ နမ့်ခမ်းမြို့ပြင် စယ်လန့်နဲ့ နမ့်ခမ်းကြားက တောင်တန်းတွေဘက် ဦးတည်ပစ်တယ်ထင်တာပဲ။ စယ်ဟိုင်းရွာကနေ အသံအကျယ်ကြီးကြားတယ်။ အဲဒီတောင်ပေါ်ဘက်မှာ ပလောင်စစ်သားတွေရှိတယ်၊ နမ့်ခမ်းမှာ အရင်အပတ်ကပဲ တိုက်ပွဲဖြစ်သွားတော့ လန့်သွားတာပေါ့။”

ဒေသခံ နောက်တစ်ယောက်ကတော့ နမ့်ခမ်းအရှေ့ဘက် ကောင်းဝိုင်းနဲ့ လွယ်လောဝ်ဘက်ကို ပစ်တယ်လို့ ထင်ကြောင်း၊ အသံကြားတော့ အ ပြင်မထွက်ရဲကြလို့ ဘယ်ဘက်ကိုပစ်လိုက်လဲဆိုတာ အတိအကျမသိရကြောင်းနဲ့ ဒီကနေ့ဟာ TNLA တော်လှန်ရေးနေ့ဖြစ်လို့ သူတို့စစ် ရေးပြတာကို ခြောက်လှန့်တဲ့အနေနဲ့ ပစ်ခတ်တာလည်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

နမ့်ခမ်းဈေးထဲမှာ ဆက်ကြေးလာကောက်တဲ့ TNLA နှစ်ယောက် ဒီလ ၄ ရက်နေ့မှာ ပစ်သတ်ခံရပြီး ၅ ရက်နေ့မှာ မြို့ထဲအင်အားလာပြတဲ့ TNLA တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တွေ  တိုက်ပွဲဖြစ်ခဲ့ပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၄ ဦးသေဆုံး ၆ ဦးဒဏ်ရာရခဲ့ပြီး TNLA ဘက်က ထိခိုက်ဒဏ်ရာရမှုတော့ မသိပါဘူး။ ရွာထဲလက်နက်ကြီးကျပြီး အိမ်တွေပျက်စီး ရွာသားတွေလည်း ထိခိုက်ဒဏ်ရလို့ အသံကြားတာနဲ့ ထိတ်လန့်နေကြတာဖြစ်ပါတယ်။

TNLA တပ်ဖွဲ့ဝင် ၂ ယောက်သေဆုံးရတာနဲ့ ပတ်သက်ပြီး နမ့်ခမ်းပြည်သူ တွေပေးဆပ်ရလိမ့်မယ်ဆိုတဲ့ ခြိမ်းခြောက်စာတွေလည်း ပြန့်နေတာကြောင့် တဘက်ကလည်း ထိတ်လန့်နေရတယ်လို့ နမ့်ခမ်းဒေသခံကပြောပါတယ်။

နမ့်ခမ်းဈေးကြီးမှာ ဆက်ကြေးကောက်လို့ ဈေးသူဈေးသားတွေ ဈေး ၅ ရက်ပိတ် ဆန္ဒပြပြီး ကတည်းက အခြေအနေမကောင်းလို့  ရက်အတော်ကြာဈေးပိတ်ထားရပါတယ်။ 

ပြီးခဲ့တဲ့ ၂ ရက် ၃ ရက်က ဈေးပြန်ဖွင့်ပေမယ့် ဆိုင်အတော်များများလာမဖွင့်ရဲသေးဘဲ ဈေးဝယ်သူလည်းနည်းပါးကြောင်း ၊ ခါတိုင်းမနက် ၆ နာရီဈေးစည်ပေမယ့် အခုက မနက် ၇ နာရီကျော်မှ ဝယ်သူတွေရောက်လာကာ မွန်းလွဲ ၁ နာရီလောက်ဆို လူစဲသွားပြီး ဆိုင်ပိတ်လိုက်ရတယ်လို့ ဈေးသည်တစ်ဦးက ပြောသွားပါတယ်။ DVB

နမ့်ခမ်းမြို့နယ်တွင် TNLA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား၊ စစ်တပ်ဘက်က ၅ ဦး သေဆုံးနိုင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်တွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) နှင့် စစ်ကောင်စီတပ်တို့ ယ နေ့ ဇန်နဝါရီလ ၁၂ ရက် နေ့လယ် ၁ နာရီခွဲမှ ၂ နာရီခွဲအထိ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။လွယ်လောင်နှင့် မန်လွယ်ကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း စစ်တပ်ဘက်က ငါးဦး သေဆုံးနိုင်ပြီး လက်နက် သုံးလက် TNLA က သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

ဒေသခံတစ်ဦးက “စစ်တပ်က မန်လွယ်ရွာကနေ ထိုးတက်လာတာကို TNLA က ကြိုစောင့်ပြီး ထိတွေ့ပြီးတော့ တိုက်ပွဲဖြစ်တယ်လို့ ကြားရတယ်” ဟု ပြောသည်။စစ်ကောင်စီတပ် စခန်းသစ်ကုန်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ မန်လွယ်နှင့် ကောင်းဝိုင်းကျေးရွာထဲသို့ ကျရောက်ခဲ့ကြောင်း သိရသည်။

ယနေ့သည် (၅၉) နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့လည်း ဖြစ်သည်။ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့ကလည်း နမ့်ခမ်းမြို့တွင် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်တပ်ဘက်မှ လေးဦး သေဆုံးခဲ့သည်။ mizzima

DKBA ဗိုလ်စလုံးစခန်းကို စစ်တပ်နှင့် BGF က ဝင်တိုက်၊ ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေ

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သောင်ရင်းမြစ်ကမ်းဘေးရှိ DKBA ဗိုလ်စလုံးစခန်းကို ယနေ့ ညနေ ၅ နာရီဝန်းကျင်မှစတင်ပြီး စစ်တပ်နှင့်BGF က အပြင်း အထန်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရပ်ကွက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ “ဗိုလ်စလုံးစခန်းကို ဒီနေ့ ညနေ ၅ နာရီလောက်မှာ စစ်တပ်က လက်နက်ကြီးတွေရော လက်နက်ငယ်တွေရော အကုန်သုံးပြီး ဝင်တိုက်နေတာ။ ဒီဘက်ကလည်း ပြန်ပြီးခုခံနေတယ်။

သောင်ရင်းမြစ်တစ် ဖက်ကမ်း နွားခြံပေါ့။ စစ်ဘေးရှောင်တွေနဲ့ နွားခြံထဲကိုလည်း စစ်ကောင်စီက ပစ်လိုက်တဲ့ ကျည်တွေကျတယ်။ အင်အားသုံးပြီးတော့ကို တိုက်နေတာ” ဟု ထိုင်း-မြန်မာနယ်စပ် စစ်ရေးသတင်းရပ်ကွက်က ပြောသည်။တိုက်ပွဲကြားတွင် ရောက်ရှိနေသော စစ်ရေးသတင်းရင်းမြစ်တစ်ခုကလည်း တိုက်ပွဲသည် ၂ နာရီကျော်ကြာမြင့်လာပြီဖြစ်ကြောင်း ပြောဆိုသည်။ “လွန်ခဲ့တဲ့ ၂ နာရီလောက်ကတည်းက တစ်ဖက်နဲ့တစ်ဖက် အသားကုန်ပစ်နေကြတာ။

ကျည်တွေဆိုတာ မိုးရွာနေသလား မှတ်ရတယ်။ အခြေအနေက တိုက်ပွဲပြင်းထန်တယ်။ အကျအဆုံးမသိရသေးဘူး” ဟု ပြောဆိုသည်။ အ ကြမ်းဖက်စစ်ကောင်စီတပ်များနှင့် BGF တပ်များသည် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ KNLA စခန်းများနှင့် DKBA စခန်းများကို ထိန်းချုပ်ရန် ကြိုးပမ်းလာခြင်းဖြင့် ဖြတ်လေးဖြတ် စနစ်ကို ကျင့်သုံး စစ်ထိုးရန် ကြိုးစားလာခြင်းဟု စစ်ရေးကျွမ်းကျင်သူများက သုံးသပ်ပြောဆိုသည်။khit thit

နှစ်ရက်အတွင်း ဆီဆိုင်သို့ရောက်လာသည့် လွိုင်ကော်စစ်ရှောင် ၁ သောင်းကျော်ရှိလာ

ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်အတွင်း စစ်ကောင်စီတပ်တွေက မြို့တွင်းတိုက်ပွဲမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ ပြည်သူ့အိုးအိမ်တွေကို ဗုံးကြဲတိုက်ခိုက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေး တိမ်း ရှောင်နေကြရပါတယ်။

ဇန်နဝါရီ ၁၀ ရက်နေ့ကစပြီး ရှမ်းပြည်တောင်ပိုင်း ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ပေါ် ဘုန်းကြီးကျောင်းတွေနဲ့  ကက်သလစ်ဘု ရားကျောင်းတွေမှာ စစ်ရှောင်တွေကို ယာယီတဲတွေဆောက် လက်ခံထားပြီး ၂ ရက်အတွင်း ဦးရေ  ၁ သောင်းကျော် ရှိလာပါတယ်။ 

အများစုဟာ လွိုင်ကော်မြို့ပေါ်ကဖြစ်ပြီး ဖယ်ခုံ၊ မိုးဗြဲ ဒေသတွေမှာ တိမ်းရှောင်နေသူတွေလည်း ထပ်ရောက်လာဖို့ရှိတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ဦးခွန်ကျော်ဝင်းက ပြောပါတယ်။ 

စောင်၊ ခြင်ထောင်၊ စားနပ်ရိက္ခာများ အဓိက လိုအပ်နေပြီး စစ်ရှောင်ဦးရေ တိုးလာတာနဲ့အမျှ လိုအပ်ချက်တွေ များလာနိုင်တယ်လို့ ဆိုပါတယ်။

အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နဲ့အနီးတဝိုက်မှာလည်း လူဦးရေထောင်နဲ့ချီ စစ်ဘေးတိမ်းရှောင်နေရပြီး စစ်ရှောင်စခန်းဖွင့်ဖို့ လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ DVB

အရာတော်တွင် “လူမဆန်တဲ့ ဖက်ဆစ်ဝါဒ နောက်မျိုးဆက်တွေ မကြုံစေရ” ဖက်ဆစ် စစ်ကောင်စီ ချေမှုန်းရေး ၅/အရာတော် သ ပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

khit thit

ဖလူးလေးကျေးရွာဘက်သို့ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးများ ပစ်ခတ်ထိုးစစ်ဆင်နေ၊ လက်နက်ကြီးအချို့ ထိုင်းဘက် ကျရောက်ပေါက်ကွဲ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဖလူးလေးကျေးရွာအနီးရှိ DKBA မှ ဗိုလ်စလုံး စခန်းကို ယနေ့ ညနေပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီး အများအပြားပစ်ခတ်ကာ မြေပြင်မှလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီက လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်တိုက်ခိုက်နေပြီး လက်နက်ကြီး ကျည်ဆံ ၁ လုံး ထိုင်းနိုင်ငံ၊ မဲ့ကိုကင်းကျေးရွာအနီးရှိ စစ်ရှောင်ဒုက္ခသည်စခန်းရှေ့တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်းလည်း သိရှိရသည်။”ထိုင်းဘက်က ဒုက္ခသည်စခန်းဘက်ကို စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီး ၁ လုံးကျတယ်၊ ထိုင်းလိုက မဲ့ကိုကင်းပေါ့၊ မြန်မာလိုတော့ နွားခြံပေါ့၊ ထိုင်းစစ်တပ်တောင် အနောက်ကို ပြန်ရွှေ့ထားတယ်၊ အဲဒီစခန်းမှာက စစ်ရှောင် ၅,၀၀၀ လောက်ရှိမယ်၊ ဖလူးဘက်မှာလည်း တိုက်ပွဲက တော်တော်ပြင်းထန်နေတယ်။

စစ်ကောင်စီက လက်နက်ကြီး တရစပ်ပစ်နေတာ၊ အခုလေးတင် ကြားရတာကို အလုံး ၂၀ လောက် ရှိပြီ” ဟု စစ်ရှောင်များကို ကူညီပေးနေသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ယနေ့ညနေဖြစ်ပွားသော တိုက်ပွဲအသေးစိတ်၊ နှစ်ဖက်ကျဆုံးစာရင်းကို ကနဦး အ တည်ပြုမသိရှိနိုင်သေးပေ။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ လေးကေ့ကော်ဒေသတွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလလယ်မှစ၍ အကြမ်းဖက်စစ်ကောင် စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး လေးကေ့ကော်မြို့သစ်၊ မယ်ထော်တလေး၊ ထီးမယ်ဝါးခီး၊ ပဟိကလော်၊ ရသေ့ဂူ၊ ဖလူးကြီး၊ ဖလူးလေး ကျေးရွာများရှိ ဒေသခံ တစ်သောင်းနီးပါး စစ်ရှောင်နေကြရသည်။ khit thit

« Older Entries