ကလေးမြို့နယ်တွင် လက်နက်ကြီးကျ ပေါက် ကွဲမှုကြောင့် နေအိမ်တစ်လုံး ပျက်စီး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် တာဟန်းရပ်ကွက်နဲ့ ဒိုးဝိုင်းချောင်းကျေးရွာကြား ဇန်နဝါရီ ၁၁ ရက်နေ့ ည ၁၀ နာရီလောက်က လက် နက်ကြီးတစ်လုံး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် နေအိမ်တစ်လုံး ပျက်စီးခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက  ပစ်ခတ်တယ်လို့ ယူဆရတဲ့ လက်နက်ကြီး ကျရောက်ခဲ့တာဖြစ်ပြီး ထိ ခိုက်သူ မရှိဘူးလို့ သိရပါတယ်။

လက်နက်ကြီးဟာ တာဟန်းရဲကင်း မူးယစ်စခန်းမှာ တပ်စွဲထားကြတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်တာဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“တာဟန်းနဲ့ ဒိုးဝိုင်းချောင်းရွာကြားက အိမ်ပေါ်ကိုကျလာတယ်။ ည ၁၀ နာရီလောက်က လူတွေတော့ ထိခိုက်ဒဏ်ရာမရဘူး၊ ဘယ်ကပစ်တာလဲဆိုတာ အဲ့ဒါတော့မသိဘူး။ တာဟန်းစခန်းမှာ စကစတွေက တပ်စွဲထားတဲ့ နေရာက ပစ်တာလို့ ယူဆတယ်။ အရင်ကလည်း သူတို့က လူနေရပ်ကွက်တွေထဲကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ကြဖူးတယ်။ လာပေါက်ကွဲတဲ့ ကျည်ဆန်မှာ 374/15 နဲ့ BA 81 လို့ ပါတယ်။ အဲ့ဒီလက်နက်က စကစကပဲ ကိုင်တာ” လို့ ဒိုးချောင်းကျေးရွာအနီး ဒေသခံ တစ်ဦးက ပြောပါတယ်။

လက်နက်ကြီးကျရောက်မှုကြောင့် နေအိမ်ရဲ့ အုတ်ခုံတွေ ပြိုကျပျက်စီးပြီး နေအိမ်မှန်နဲ့ အိမ်ခေါင်မိုးတွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ကလေးမြို့ကနေ ချင်းတောင်ပေါ်ကို တက်တဲ့ ၉ မိုင်ဂိတ်မှာလည်း စစ်ကောင်စီတပ်က အိမ်စီးကားတွေကို တားဆီးစစ်ဆေးတာတွေပြုလုပ်နေပြီး စစ်ကောင်စီတပ်သားတချို့လည်း ချင်းတောင်ပေါ် တက်သွားတယ်လို့ ကလေးမြို့ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၁ ရက်နေ့ ည ၈ နာရီလောက်ကတည်း တီးတိန်မြို့နယ်မှာ စစ်ကောင်စီတပ်က သေနတ်နဲ့ အချက်ပေါင်းများစွာ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

နတ်ချောင်းအထက်ပိုင်းမှာရှိတဲ့ ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ ဝေဘူလမြို့အနီးမှာ လည်း ဇန်နဝါရီ ၁၁ ရက်နေ့ မနက်ပိုင်းကနေ ညနေပိုင်းအ ထိ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားကြရာမှာ စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ CNDF က ထုတ်ပြန်ထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s