ကသာ၊ မိုးတားကြီးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ဂျက်တိုက် လေယာဉ် ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ပြည်သူ ၅ ဦး ထိခိုက်

အကြမ်းဖက်စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၃ စီး ဖြင့် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့နယ်၊ မိုးတားကြီးကျေးရွာကို ယနေ့ ဇန်နဝါ ရီလ ၁၂ ရက် နေ့လယ် ၁၂ နာရီ ၄၉ မိနစ်တွင် ဗုံး ၁၂ ကျဲ တိုက်ခိုက်ခဲ့သဖြင့် နေအိမ် ၆ လုံး၊ ဓမ္မာရုံ ၁ လုံး ပျက်စီးပြီး အနည်းဆုံး ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ ဗုံးကျဲတိုက်ခိုက်မှုကြောင့် မိုးတားကြီးကျေးရွာ နေရာ ၃ ခုရှိ လူနေအိမ် ၆ လုံးနှင့် ဓမ္မာရုံ ၁ လုံး ပျက်စီးကာ၊ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရကြောင်း၊ သေဆုံးမှုစာရင်း မသိရှိရသေးကြောင်း၊ သေဆုံးထိခိုက်မှု ရှိ၊ မရှိ ဆက်လက်ရှာဖွေနေကြောင်းနှင့် ဦး ရေ တိုးလာနိုင်ကြောင်း ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

‘ပျက်စီးမူ့ နှင့် ထိခိုက်မူ့ ထပ်တိုးလာပါသည်၊ စာရင်းပြုစုဆဲ ဘေးလွှတ်ရာရွှေ့ပြောင်းနေရဆဲပါ၊ ကလေးငယ်များထိခိုက်မူ့လည်းရှိနေပါသည်’ ဟု ကသာ PDF က ထုတ်ပြန်သည်။ကသာမြို့နယ်၊ မိုးတားကြီးကျေးရွာနှင့် မိုးတားလေး ကျေးရွာများအနီးတွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလ ၉ ရက်နေ့ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၄၀ ခန့် သေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ် မေလ ၃၁ ရက်တွင်လည်း အကြမ်းဖက်စစ်ကောင်စီက မိုးတားကြီးကျေးရွာကို လေကြောင်းမှတဆင့် ဗုံးကျဲတိုက်ခိုက်ခဲ့သေးသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s