ကော့ကရိတ်မြို့နယ်၌ ဓာတ်ငွေ့တင်ကား ၁ စီး ပစ်ခတ်ခံရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အာရှလမ်းမကြီးမှာ  Argon Gas ဓာတ်ငွေ့အရည်တင်ဆောင်လာတဲ့ ဘောက်ဆာကားတစီး ဇန်နဝါရီ ၁၁ ရက် ညနေက  အမည်မသိ လက်နက်ကိုင်အဖွဲ့ရဲ့ ပစ်ခတ်ခံရပြီး လေကာမှန်နဲ့ ကားဘီး ထိခိုက်ပျက်စီးသွားပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ ကုန်သွယ်ရေးဇုန်ကနေ  အာရှလမ်းမကြီးအတိုင်းမောင်းနှင်လာတဲ့ ဂတ်စ်ဘောက်ဆာကားဟာ ကော့ကရိတ်မြို့နယ်၊ တတန်ကူးကျေးရွာ ၅ တန် တံတားအနီးမှာ  မနေ့ ညနေ ၃ နာရီ  ၁၅ မိနှစ်လောက်က   ၇၉ မမ  လက်နက်နဲ့ ပစ်ခတ်ခံရတာဖြစ်ပါတယ်။

ဂတ်စ်တင်ဘောက်ဆာကားနဲ့အတူ မော်တော်ယာဉ် ၄ စီးမောင်းနှင်လာစဉ်   တစီးပစ်ခတ်ခံရလို့  နေရာမှာရပ်တန့်သွားပြီး ကျန်တဲ့ ကား ၃ စီး ကတော့ ခရီးဆက်သွားကြပါတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီအတွက်ထောက်ပံ့ပေးဖို့ လေယာဉ်ဆီတွေ တင်လာလို့ ယူဆပြီး  လက်နက်ကိုင်တွေက ပစ်ခတ်ခဲ့တာဖြစ်နိုင်ကြောင်းလည်း ဒေသ ခံက ပြောပါတယ်။

စစ်ကောင်စီပြန်ကြားရေးကတော့  အဆိုပါ မော်တော်ယာဉ်ဟာ  မန္တလေးမြို့သို့ ဓာတ်ငွေ့ပို့မယ့် ယာဉ်ဖြစ်ပြီး PDF တွေက လက်နက်ငယ်နဲ့  အ ကြောင်းမဲ့ ပစ်ခတ်ခဲ့တာလို့ သတင်းထုတ်ပြန်ပါတယ်။ 

ဇန်နဝါရီလအတွင်း ဂက်စ်နဲ့ အောက်ဆီဂျင်တင်ကားတွေ မြဝတီနဲ့ ကော့ကရိတ်မြို့ကြား အာရှလမ်းမကြီးပေါ်မှာ ၃ ကြိမ်အထိ ပစ်ခတ်ခံရတာကြောင့် တစ်စီး မီးလောင်ခဲ့ပြီး ကျပ်သိန်း ၂၀၀၀ ဖိုးလောက် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

အခုလို မကြာခဏ ပစ်ခတ်ခံနေရတာကြောင့် လက်ရှိမှာတော့ အာရှလမ်းမကြီးပေါ်မှာ ဂက်စ်၊ အောက်ဆီဂျင်တင်ကားတွေအပြင် လေယာဉ်ဆီတင်ကားတွေလည်း အသွားအလာ နည်းပါးနေ ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s