စမ်းချောင်းဂွစျေး၊ စည်ပင်ကားအနီး ဗုံးပစ်ခံရ ၊ ရန်ကုန်မြို့နယ်များနှင့်ရဲစခန်းတချို့တွင် ဗုံးပေါက်ကွဲမှုနှင့်ပစ်ခတ်မှု ဆက်တိုက်ဖြစ်၊ ရန်ကုန်စစ်ဆင်ရေး အရှိန်မြှင့်မည်ဟု သတိပေး

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဂွစျေးအနီး စည်ပင်ကားအနီး ယနေ့ နံနက် ၈ နာရီဝန်းကျင် ဗုံးပစ်ခံရကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က လာရောက်စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။ “လူမထိဘူး။ အသံဗုံးထင်တယ်။ အ သံတော့အရမ်းကျယ်တယ်။ ဟိုကောင်တွေတော့ လာစစ်နေပြီ” ဟုဒေသခံတစ်ဦးက ပြောသည်။ ရန်ကုန်မြို့တော်တွင် ယခုရက်ပိုင်းအတွင်း ပစ်ခတ်မှုများနှင့် ဗုံးကွဲမှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၉ နာရီဝန်းကျင်တွင် တောင်ဒဂုံနှင့်မြောက်ဒဂုံတို့တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ အလားတူ ရန်ကုန်တိုင်း၊ ဒလမြို့နယ်တွင် ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၂ နာရီ ၁၃ မိနစ်အချိန် ဗုံးပေါက်ကွဲသံတစ်ချက်ကြားရပြီး သေနတ်သံ ၁၇ ချက်ကြားရကြောင်း၊ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

အလားတူ ဇန်နဝါရီ ၁၀ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်အချိန် သန်လျင်မြို့နယ်၊ ဦးအောင်ဇေယျာလမ်းရှိ စည်ပင်ရိပ်သာကို လက်ပစ်ဗုံးဖြင့် တိုက် ခိုက်ခဲ့ပြီး ရန်ကုန်တိုင်း စည်ပင်သာယာ မော်တော်ယာဥ်ဌာနဦးစီးအရာရှိ၏ Toyota Mark II ကား အင်ဂျင်အရှေ့ခန်း လုံးဝပျက်စီးသွားကြောင်း သိရှိရသည်။ အလားတူ ဇန်နဝါရီလ ၁၀ ရက်နေ့ ညပိုင်း ၈ နာရီ ၄၅ မိနစ်ဝန်းကျင် တွံတေးမြို့ ရဲစခန်းအနီးအနားတွင် ပစ်ခတ်မှုတချို့ ဖြစ်ပွားခဲ့ကြောင်း၊ လက်နက်ကိုင်အဖွဲ့တစ်ခုနှင့် ရဲစခန်းအနီး လုံခြုံရေးဂိတ်မှ စစ်သားတချို့နှင့် အပြန်အလှန် ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် ရန်ကုန်မြို့၌ စစ်ဆင်ရေးများကို အရှိန်မြှင့်လုပ်ဆောင်တော့မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်ကြရန် ဗမာ့နောက်ဆုံးတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့(B.F.R.A.F)က ဇန်နဝါရီလ ၁၁ ရက်နေ့တွင် တရားဝင် သတိပေးစာထုတ်ပြန်သည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီဝင်များရှိသည့်နေရာများကို ရှောင်ကြရန်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများအကြားသွားလာပါကလည်း ယင်းနေရာမှ ရှောင်ကြရန်လည်း B.F.R.A.F က သတိပေးသည်။ထို့အပြင် ၎င်းတို့အဖွဲ့အနေဖြင့် စစ်ဆင်ရေးများကို အပြင်းအထန်လုပ် ဆောင်တော့မည်ဖြစ်သောကြောင့် လမ်းပေါ်တွင်မဆိုင်သည့် ပစ္စည်းများကိုမထိရန်နှင့် မလိုအပ်ပဲ အပြင်မထွက်ကြရန်လည်း သတိပေးထား သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s