ဖျာပုံမြို့က အုပ်ချုပ်ရေးမှူးရုံးဗုံးပေါက် ရုံးအ တွင်းပြည်သူများရှိနေ၍ သတိပေးဖောက်ခွဲမှုသာပြုလုပ်ခဲ့ရဟုဆို

ဧရာဝတီတိုင်း၊ ဖျာပုံမြို့၊ အမှတ်(၁၆)အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၇ နာရီခွဲခန့်အချိန်၌ ဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပေါ်ခဲ့ကြောင်းဒေသခံများထံကသိရသည်။အဆိုပါ ဖောက်ခွဲမှုကို ဧရာဗေဒါ အဖွဲ့ကလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူးရုံးဝန်းအတွင်း ပြည်သူများဝင်ရောက်နေသောကြောင့် သတိပေးဖောက်ခွဲခြင်းသာ ပြုလုပ်ခဲ့ရကြောင်း ဧရာဗေဒါ အဖွဲ့ဝင်တစ်ဦးကပြောသည်။

“အုပ်ချုပ်ရေးမှူး၊ဆယ်အိမ်မှူးနဲ့ ဒလန်တွေကိုရှင်းဖို့သွားတာ၊ရုံးထဲမှာ ပြည်သူတွေရှိနေတော့ ထိခိုက်တာတွေဖြစ်မှာစိုးလို့၊ပြန်ဆုတ်ပြီး သတိ ပေးဖောက်ခွဲတာပဲလုပ်ခဲ့တာပါ။ထိခိုက်တာမရှိပါဘူး၊ပြည်သူတွေအနေနဲ့ စစ်ကောင်စီလက်ပါးစေတွေနဲ့ နီးနီးကပ်ကပ်မနေဖို့သတိပေးချင်ပါတယ်”ဟုအဆိုပါအဖွဲ့ဝင်ကပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ပြီး မိနစ်အနည်းငယ်တွင် စစ်ကောင်စီတပ်များနှင့်ရဲများရောက်ရှိလာပြီး အမှတ်(၁၆)ရပ်ကွက်နှင့် ဖျာပုံမြို့ပေါ်ရပ်ကွက်တချို့တွင် ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်အရသိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s