ဘော်လခဲ၊ မတ်စလောင်းတောင် စစ်ကောင်စီစခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့ ဝင်တိုက်၊ စစ် သား ၅ ဦး ခန့်သေဆုံးနိုင်

ကရင်နီပြည်နယ်၊ ဘော်လခဲမြို့နှင့် နန်းဖဲကျေးရွာကြား၊ မတ်စလောင်းတောင်ရှိ အကြမ်းဖက်စစ်ကောင်စီစခန်းကို ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက် နံနက်တွင် ကရင်နီတပ်မတော်နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၅ ဦးခန့် သေဆုံးနိုင်ကြောင်း KNDF တပ်ရင်း ၁၆ ထံမှ သိရှိရသည်။

“ကျနော်တို့ မနက် ၆ နာရီခွဲကနေ ၇ နာရီ ၁၅ လောက်အထိ ဝင်တိုက်တာ၊ ၄၅ မိနစ် ၁ နာရီ နီးပါးလောက် ကြာတာပေါ့။ တိုက်ပွဲမှာ စစ်ကောင် စီဘက်က ၅ ယောက်လောက် သေတယ်လို့ ခန့်မှန်းတယ်၊ အတိအကျမြင်လိုက်ရတာတော့ ၃ ယောက်ပေါ့၊ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်၊ ကျနော်တို့ဘက်ကတော့ အထိအခိုက် တစ်ယောက်မှ မရှိဘူး။” ဟု KNDF တပ်ရင်း ၁၆ သတင်းပြန်ကြားရေးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အဆိုပါ မတ်စလောင်းတောင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာတွင် လူအင်အားနှင့် ပစ်အား မမျှ၍ ပြန်လည် ဆုတ်ခွာလာခြင်းဖြစ်ကြောင်းနှင့် ယနေ့တွင် တိုက်ပွဲ ထပ်မံဖြစ်ပွားခြင်းမရှိသေးကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s