မန္တလေး ၊အောင်မြေသာစံမြို့နယ် ၊ အမရဌာနီ အနောက်ရုံးနှင့်အမှတ် ၄ ရဲစခန်းဗုံးပစ်တိုက် ခိုက်ခံရပြီး စစ်သား ၁ ဦးသေဆုံးကာ ၁ ဦးဒဏ် ရာရ

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီ အနောက်ရုံးနှင့် အမှတ် ၄ ရဲစခန်းအတွင်းသို့ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၈ နာရီအချိန် ဗုံးပစ်သွင်းတိုက်ခိုက်မှု တစ်ရပ်ဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ “မနက် ၈ နာရီလောက်ကပါ။ မြောက်ပြင် အောင်မြေသာစံမြို့နယ်။ ဌာနီအနော က် ရုံး ဗုံးခွဲတိုက်ခိုက်ခံရပါတယ်။

အဲဒီရုံးနဲ့မလှမ်းမကမ်းမှာရှိတဲ့ အမှတ် ၄ ရဲစခန်းပါဗုံးပစ်ခံရတာပါ။ ရဲစခန်းကတော့ ဗုံးမကွဲလိုက်ပါဘူး။ ရုံးကတော့ ဗုံးကွဲသွားပါတယ်ယခုလမ်းပိတ်ပြီးစစ်ဆေးနေပါတယ်။အသံကတော့တော်တော်ကျယ်ပါတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။အခြားဒေသခံတစ်ဦးကလည်း ဗုံးခွဲတိုက်ခိုက်မှုကြောင့် စစ်သား ၁ ဦးသေဆုံးပြီး အခြား စစ်သား ၁ ဦးမှာလည်း ဒဏ်ရာအပြင်းအထန်ရရှိကြောင်း ပြောဆိုသည်။

“၉ လမ်း ၈၀ လမ်းဗုံးပေါက်တာက စစ်ခွေး တစ်ယောက်သေဆုံးပါတယ်။ တစ်ယောက်ဒဏ်ရာရတယ်။ သေနိုင်မယ်ထင်တယ်” ဟု အဆိုပါဒေသခံက ရှင်းပြသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s