ရန်ကုန်တွင် လမ်းသွားလမ်းလာ အရပ်သားကိုဖမ်းပြီး ယူနီဖောင်းပေးဝတ် ကင်းလှည့်ခိုင်းသည့် ဖြစ်စဥ်များရှိနေ

ရန်ကုန်တွင် လမ်းသွားလမ်းလာ အရပ်သားကိုဖမ်းဆီးပြီး စစ်ကောင်စီက ၎င်းတို့၏ စစ်ဝတ်စုံဝတ်ဆင်စေကာ ကင်းလှည့်ခိုင်းခဲ့သည်ဟု သ တင်းရင်းမြစ်တစ်ဦးက ပြောသည်။ဖြစ်စဥ်မှာ အလုပ်မှဆိုင်ကယ်ဖြင့် ပြန်လာသည့် အရပ်သားကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့၏ စစ်ယူနီဖောင်း ပေးဝတ်ကာ သေနတ်အကြီး ( ကျည်မပါ ) ကိုင်ခိုင်းပြီး တစ်ညတာကင်းလှည့်ခိုင်း၍ ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့နေရာအချို့တွင်လည်း စစ်ကောင်စီက ဆိုင်ကယ်ဖမ်းဆီးမှုများနှင့် ငွေကြေးဖြင့် ပြန်လည်ရွေးယူခိုင်းခြင်းများပြုလုပ်လျက်ရှိပြီး အ ထက်ပါ ကင်းလှည့် ခိုင်းသည့် ဖြစ်စဥ်နှင့် စကစတွေက အရပ်ဝတ်နဲ့ ဖမ်းမည့်နေရာနားတွင် စျေးသည်တွေ သန့်ရှင်းရေးတွေလိုလို ဟန် ဆောင်အရင်ရောက်နေပြီး နောက်မှဖမ်းတဲ့အုပ်စုက အရပ်ဝတ်နဲ့တိတ်တိတ်လေးရောက်လာပြီးဖမ်းဆီးတာတွေလုပ်ကာ ဘေးပတ်ဝန်းကျင်က မသိအောင် နည်းမျိုးစုံနှင့် ဖမ်းဆီးတာ အချို့လည်း ဖြစ်ပွားလျက်ရှိကြောင်း ကြားသိရသည်။ သို့သော် ၎င်းတို့၏ လုံခြုံရေးအရ အသေးစိတ်အ ချက်အလက်များကို စုံစမ်းနိုင်ခြင်း မရှိသေးပေ။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s