ရေးမြို့ ပြည်သူ့ရင်ပြင်ကွင်း၌ ဗုံးနှစ်ကြိမ်ပေါက်ကွဲ

မွန်ပြည်နယ် ရေးမြို့ ပြည်သူ့ရင်ပြင်ကွင်းမှာ ဇန်နဝါရီ ၁၁ ရက်နေ့က တရက်တည်း ဗုံးနှစ်ကြိမ် ပေါက်ကွဲခဲ့တာကြောင့် မြို့ခံတွေ စိုးရိမ်ထိတ် လန့်နေကြပါတယ်။

မနက် ၇ နာရီအချိန်က Hand speaker နဲ့ သံချပ်တွေ အသံသွင်းကာ လူမဲ့သပိတ်တခု ပြုလုပ်ခဲ့အပြီးမှာ ပြည်သူ့ရင်ပြင်ကနေ ဗုံးပေါက်သံက ပတ်ဝန်းကျင်တခုလုံးကို လွှမ်းခြုံသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ည ၁၀ နာရီလောက် လူတွေ အိပ်ချိန်ကလည်း အဆိုပါ ပြည်သူ့ရင်ပြင်ကွင်းမှာပဲ ဗုံးပေါက်ကွဲသံ ထပ်မံကြားရတာကြောင့် စိုးရိမ်ထိတ်လန့်နေကြတာလို့  မြို့ခံတဦးက ပြောပါတယ်။

လူမဲ့သပိတ် Hand Speaker  ကနေ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန့်ကျင် ဆန္ဒဖော်ထုတ်ခဲ့ကြတာလို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရရှိသူ မရှိပေမယ့်  ဗုံးသံတွေ နေ့ညပါ ကြားနေရတာကြောင့် မြို့နေပြည်သူတွေ အကြောက်တရားနဲ့ နေနေကြရတယ်လို့ ဆိုပါတယ်။

ပြည်သူ့ရင်ပြင်ကွင်းမှာ  ၂ ကြိမ် ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်သွားတယ်ဆိုတာ ထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။

စစ်အာဏာသိမ်းပြီးကတည်းက ရေးမြို့မှာ ည ၈ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s