ဟားခါးမြို့နယ်က ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရှန်မန်းနေအိမ်ချိပ်ပိတ်ခံရ

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ မြို့သစ်ရပ်ကွက်၊ ချယ်ရီလမ်းတွင် နေထိုင်သည့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဟားခါးမြို့နယ် ပြည် နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၂) ကိုယ်စားလှယ် ဦးရှန်မန်းနေအိမ်ကို ယမန်နေ့ ကချိပ်ပိတ်ခံရကြောင်း သိရသည်။၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တစ်ဦးတည်းသောအနိုင်ရပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ၎င်း၏နေအိမ်ကို မည်သည့်အတွက်ကြောင့် ချိပ်ပိတ်ခံထားရသည်ကို မသိရသေးပေ။

“ဦးရှန်မန်းက CNLD ပါတီကနေ ၂၀၂၀ရွေးကောက်ပွဲမှာဝင်ပြိုင်ပြီး NLDပါတီကလမ်းပန်းဝန်ကြီးဦးရွှေထီးအိုကိုအနိုင်ရရှိထားတဲ့သူဖြစ်တယ်။ ချင်းပါတီကနေရာ၁၀၀ကျော်ပြိုင်တဲ့ထဲမှာသူတစ်ယောက်ပဲအနိုင်ရရှိထားတာဖြစ်တယ်။ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာ သူ့ကို ပြည် နယ်ကောင်စီဝင်တစ်နေရာ ကမ်းလှမ်းပေမယ့်လည်း သူငြင်းပယ်လိုက်တယ်။ သူကစစ်တပ်နှင့်လည်းမပတ်သက်ဘူး၊ဒီဘက်ကတော်လှန်ရေးအင်အားစုတွေနဲ့လည်းမပတ်သက်ဘူး၊ပြည်ပကိုလည်းထွက်မပြေးဘူး ရွာတစ်ရွာမှာပဲရှောင်နေတာအဲဒါကို ဘာလို့များ သူ့အိမ်ကိုချိပ်ပိတ်ရလည်းမသိပါဘူး”ဟု ဟားခါးဒေသခံတစ်ဦးကပြောသည်။

သည့်အပြင် ဦးရှန်မန်း၏သားဖြစ်သူသည် CDMဝင်ရောက်ထားသူ ဟားခါးဒုဆေးရုံအုပ်ဒေါက်တာ Mang Biak Kung ဖြစ်ကြောင်း၊ သားအဖနှစ်ယောက်ထွက်ပြေးတိမ်းရှောင်ရာက သားဖြစ်သူမှာနေအိမ်သို့ပြန်လာချိန်တွင် စစ်ကောင်စီတပ်များမှ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက်ပြန်လည် လွှတ်ပေးခဲ့ကာ Non CDMအဖြစ် လက်ရှိ ပြန်လည်၍တာ၀န်ထမ်းဆောင်နေသူလည်း ဖြစ်သည်ဟုဆိုသည်။

နေအိမ်ချိပ်ပိတ်ခံရသည့် ဦးရှန်မန်းသည်ကျောင်းဆရာတစ်ဦးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် UNDPတွင်လည်း နှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့သည့်သူဖြစ်သည်။ဟားခါးမြို့တွင် မြို့မိမြို့ဖတစ်ဦးလည်းဖြစ်ကြောင်းသိရပြီး ထိုသို့နေအိမ်ချိပ်ပိတ်ခံရခြင်းမှာ NLDပါတီနှင့် မပတ်သက်သည့် နိုင်ငံရေးသမားတစ်ဦး၏ နေအိမ်ကို ပထမဆုံးချိပ်ပိတ်ခံရခြင်းလည်းဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s