အရာတော်မြို့ အမှတ် ၁၀ စစ်အခြေခံလေ့ ကျင့်ရေးတပ်အတွင်းသို့ PDF ပူး ပေါင်း တပ်က အမြှောက်ဖြင့် လက်နက်ကြီး ၄ လုံး ပစ် ခတ်၊ တပ်အတွင်း ငယ်သံ ပါအောင် အော်ဟစ်သံများဆူညံသွားခဲ့

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် အမှတ် ၁၀ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ ၁၀) အတွင်းသို့ လက် နက်ကြီးဖြင့် ၄ လုံး PDF ပူးပေါင်းတပ်များက ပစ်ခတ်ခဲ့ပြီး တပ်အတွင်း ငယ်သံပါအောင် အော်ဟစ်သံများ ဆူညံသွားခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်များက သတင်းထုတ်ပြန် သည်။

ဇန်နဝါရီလ ၁၂ ရက်နေ့နံနက် ၆နာရီခန့်တွင် စခတ ၁၀-လေ့ကျင့်ရေးတပ်အတွင်းသို့ အဝေးပစ်လက်နက်ကြီး ၄လုံးပစ်သွင်းခဲ့ကြောင်း၊ ထိုတပ်ထဲတွင် အရာရှိဟောင်းများ၊ ပျူစောထီးများ၊ ရဲနှင့်စစ်သားများ၏ ဇနီးများကို သင်းတန်းပေးလျက်ရှိကြောင်း၊ လက်နက်ကြီးများ ပစ်သွင်းချိန်တွင် ငယ်သံပါအောင်အော်သံများမှာ ဆူညံနေခဲ့ပြီး အထိခိုက်စာရင်းကိုမူ မသိရှိရသေးကြောင်း PDF ပူးပေါင်းတပ်က သတင်းထုတ်ပြန်သည်။

အဆိုပါပစ်ခတ်မှုကို သပြေညို ပြောက်ကျားတပ်ဖွဲ့၊ Ayadaw Bone Naing-PDF(A.B.N.PDF)တို့မှ ဦးဆောင်၍ Knights Of The Red Land (KORL) ပျောက်ကြားတပ်ဖွဲ့၊ Ayardaw Falcon Force(AF2)၊ ပတ္တမြားညီနောင် ပျောက် ကြားတပ်ဖွဲ့ M.R.T.Fတပ်ဖွဲ့၊ The Guys Of Burma Revolution Force(GBRF)၊ တမန်တော်ပြောက်ကျားတပ်ဖွဲ့(APOSTLE) ညီနောင် (၈) ဖွဲ့ တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s