၀ဏ္ဏမောင်လွင် တက်ဖို့ ပြင်နေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး ရက်အ ကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရ

ကမ္ဘောဒီးယားနိုင်ငံတွင် ဇန်နဝါရီ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ရက်အကန့် အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး Datuk Seri Saifuddin Abdullah က ပြောသည်။အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဝန်ကြီးများက အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်နိုင်သည့်အတွက် ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဇန်န၀ါရီလ ၂၀ ရက်နေ့ အထူးပါလီမန်အစည်းအ ဝေးနဲ့ Omicron ကိုဗစ်ရောဂါပိုး ကြောင့် ကျွန်တော် မတက်ရောက်နိုင်တော့ပါဘူး။ အာဆီယံအစည်း အဝေးတက်မယ်ဆိုရင် လွှတ်တော်အစည်းအဝေးကို တက်ရောက်နိုင်မှာ မ ဟုတ်ပါဘူး”ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြော သည်။ ကမ္ဘောဒီးယားတွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးသို့ မြန်မာ တက်ရောက်မည့်ကိစ္စနှင့်ပတ်သက်ပြီး အမြင်အမျိုးမျိုးဖြစ်ပေါ်ကာ နော က်ဆုံး အစည်းအဝေး ရွှေ့ဆိုင်းမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှ နိုင်ငံရေး ကိုယ်စားလှယ်များကို အာဆီယံ ထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားခြင်း မပြုရန် ပြီးခဲ့သည့်နှစ်တွင် မလေးရှား၏ ဆုံးဖြတ်ချက်ကို Saifuddin က ထပ်မံ ပြောကြားခဲ့ပြီး မြန်မာနိုင်ငံတွင် နိုင်ငံရေး အခြေအနေများကို ဖြေရှင်းရန်အတွက် အာဆီယံက ချမှတ်ထားသော ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရမည်ဖြစ်သည်။ khit thit