နမ့်ခမ်းမြို့တွင် စကစတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဒေသခံများ ထိတ်လန့်

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့မှာ ဇန်နဝါရီ ၁၂ ရက် ဒီနေ့မွန်းလွဲပိုင်း ၁ နာရီကျော်လောက်က စစ်ကောင်စီတပ်ကနေ မြို့ပြင်ဘက်ကို လက်နက်ကြီးနဲ့ အနည်းဆုံး ၅ ကြိမ် ပစ်ခတ်ခဲ့တာကြောင့်  ဒေသခံတွေက စိုးရိမ်ထိတ်လန့်နေကြပါတယ်။

“လက်နက်ကြီးသံက နမ့်ခမ်းအနောက်ဘက် စကစ စစ်သားတွေရှိတဲ့ စခန်းသစ်ကုန်း ဘက်ကနေ လာတာပါ။ မွန်းလွဲ ၁ နာရီနဲ့ ၂ နာရီကြားမှာ ၅ ခါ၊ ၆ ခါလောက်ကြားရတယ်။ နမ့်ခမ်းမြို့ပြင် စယ်လန့်နဲ့ နမ့်ခမ်းကြားက တောင်တန်းတွေဘက် ဦးတည်ပစ်တယ်ထင်တာပဲ။ စယ်ဟိုင်းရွာကနေ အသံအကျယ်ကြီးကြားတယ်။ အဲဒီတောင်ပေါ်ဘက်မှာ ပလောင်စစ်သားတွေရှိတယ်၊ နမ့်ခမ်းမှာ အရင်အပတ်ကပဲ တိုက်ပွဲဖြစ်သွားတော့ လန့်သွားတာပေါ့။”

ဒေသခံ နောက်တစ်ယောက်ကတော့ နမ့်ခမ်းအရှေ့ဘက် ကောင်းဝိုင်းနဲ့ လွယ်လောဝ်ဘက်ကို ပစ်တယ်လို့ ထင်ကြောင်း၊ အသံကြားတော့ အ ပြင်မထွက်ရဲကြလို့ ဘယ်ဘက်ကိုပစ်လိုက်လဲဆိုတာ အတိအကျမသိရကြောင်းနဲ့ ဒီကနေ့ဟာ TNLA တော်လှန်ရေးနေ့ဖြစ်လို့ သူတို့စစ် ရေးပြတာကို ခြောက်လှန့်တဲ့အနေနဲ့ ပစ်ခတ်တာလည်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

နမ့်ခမ်းဈေးထဲမှာ ဆက်ကြေးလာကောက်တဲ့ TNLA နှစ်ယောက် ဒီလ ၄ ရက်နေ့မှာ ပစ်သတ်ခံရပြီး ၅ ရက်နေ့မှာ မြို့ထဲအင်အားလာပြတဲ့ TNLA တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တွေ  တိုက်ပွဲဖြစ်ခဲ့ပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၄ ဦးသေဆုံး ၆ ဦးဒဏ်ရာရခဲ့ပြီး TNLA ဘက်က ထိခိုက်ဒဏ်ရာရမှုတော့ မသိပါဘူး။ ရွာထဲလက်နက်ကြီးကျပြီး အိမ်တွေပျက်စီး ရွာသားတွေလည်း ထိခိုက်ဒဏ်ရလို့ အသံကြားတာနဲ့ ထိတ်လန့်နေကြတာဖြစ်ပါတယ်။

TNLA တပ်ဖွဲ့ဝင် ၂ ယောက်သေဆုံးရတာနဲ့ ပတ်သက်ပြီး နမ့်ခမ်းပြည်သူ တွေပေးဆပ်ရလိမ့်မယ်ဆိုတဲ့ ခြိမ်းခြောက်စာတွေလည်း ပြန့်နေတာကြောင့် တဘက်ကလည်း ထိတ်လန့်နေရတယ်လို့ နမ့်ခမ်းဒေသခံကပြောပါတယ်။

နမ့်ခမ်းဈေးကြီးမှာ ဆက်ကြေးကောက်လို့ ဈေးသူဈေးသားတွေ ဈေး ၅ ရက်ပိတ် ဆန္ဒပြပြီး ကတည်းက အခြေအနေမကောင်းလို့  ရက်အတော်ကြာဈေးပိတ်ထားရပါတယ်။ 

ပြီးခဲ့တဲ့ ၂ ရက် ၃ ရက်က ဈေးပြန်ဖွင့်ပေမယ့် ဆိုင်အတော်များများလာမဖွင့်ရဲသေးဘဲ ဈေးဝယ်သူလည်းနည်းပါးကြောင်း ၊ ခါတိုင်းမနက် ၆ နာရီဈေးစည်ပေမယ့် အခုက မနက် ၇ နာရီကျော်မှ ဝယ်သူတွေရောက်လာကာ မွန်းလွဲ ၁ နာရီလောက်ဆို လူစဲသွားပြီး ဆိုင်ပိတ်လိုက်ရတယ်လို့ ဈေးသည်တစ်ဦးက ပြောသွားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s