ဘုတလင်၊ ကူတော်ရဲကင်းစခန်းကို PDF ပူး ပေါင်းတိုက်ခိုက်၊ စစ်သား ၃၀ နီးပါး သေဆုံးနိုင်ပြီး အလောင်းလာကောက်နေ၊ တနင်္သာရီတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရဲကင်းစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၃၀ နီးပါးသေဆုံးနိုင်ကြောင်း ဒေသသတင်းရင်းမြစ်”ကနီသားများ၏ရင်တွင်းအသံ” က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ဇန်နဝါရီ ၁၁ ရက်နေ့ ည ၁၂ နာရီအချိန် ဒီပဲယင်းနှင့်ဘုတလင်မြို့နယ်ပြည်သူကာကွယ်ရေးတပ်များက ဘုတလင်မြို့နယ်၊ ကူတော်ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ကြကြောင်း၊ ကူတော်ရဲကင်းစခန်းတွင် အင်အား ၃၀ ဝန်းကျင်ရှိသော်လည်း PDF တပ်များက ဝင်ရောက်စီးနိုင်ခဲ့ကြောင်း၊ ဝင်ရောက်စီးနင်းမှုတွင် စစ်သားအများအပြား သေဆုံးကြောင်း သိရှိရသည်။

“ပစ်ခတ်မှု ကတာတော့ ည ၁၂နာရီကနေ နံနက် ၁ နာရီခွဲလောက်အထိကြာမယ်။စခန်းကတော့အကုန်နီးပါးလောက်စီးမိတယ်။ဒီကောင်တွေ အခုမနက် သူတို့စခန်းဖျက်ခံရလို့ ကူတော်ရွာထဲကို မီးဝင်ရှို့နေတယ်။မီးခိုးတွေတော့အပြင်ကနေမြင်နေရတယ်။ သူတို့ စခန်းမှာရှိတဲ့ အကုန် လုံးနီးပါးလောက်ကိုသေတယ်။ အခုမနက်တော့ အလောင်းလာကောက်နေပြီ” ဟု ဒေသခံတစ်ဦးက ပြောသည် ။

ဘုတလင်မြို့နယ် ကူတော်ကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော်ရှိရာ ဒေသခံပြည်သူများအားလုံးလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေ သခံများထံမှ သိရှိရသည်။အလားတူ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်းရှိ တကူသံတိုက် လှေ ဆိပ်၊ ကျားခေါင်းတောင်တို့တွင် ဇန်နဝါရီလ ၁၀ နှင့် ၁၁ ရက်၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ ၁ ဖွဲ့ဖြစ်သည့် ဘက်မလိုက်ပြောက် ကျားတပ်ဖွဲ့ကြား တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်သား ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရကြောင်း ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ထံမှ သိရှိရသည်။

အဆိုပါ တိုက်ပွဲများအတွင်း ပြောက်ကျားတပ်ဖွဲ့မှ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်း ဖက်စစ်ကောင်စီ အလံးစုံပျက်သုဉ်းရေးနှင့် စစ်ကောင်စီထောင့်တိုင် မှန်သမျှ ရှင်းလင်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s