KNU တပ်မဟာ ၅ နယ်မြေအတွင်း စစ်ကောင် စီတပ်များကို KNLA က တိုက်ခိုက်ပြီး စစ်သား ၁၀ ဦးသေဆုံး၊ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲမှုကြောင့် နေအိမ် ၁ လုံး ပျက်စီး

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ၊ မူတြော် (ဖာပွန်) ခရိုင်တွင်း ဇန်နဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်များတွင် စစ်ကောင်စီတပ်ဖွဲ့များအား KNLA က ၅ ကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးပြီး စစ်ကား ၁ စီး ပျက်စီးကြောင်း၊ ယနေ့နံနက်အစောပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုကြောင့် လာတိုပို့ဒေသရှိ နေအိမ် ၁ လုံး ပျက်စီးသွားကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်တွင် မဲဝိုင် (မယ်ဝေ) စခန်း သွားရာလမ်းတွင် KNLA က ၄ ကြိမ် ဝင်ရောက်တိုက်ခိုက်မှုကြောင့် စစ်သား ၈ ဦး သေဆုံးကြောင်း၊ ဇန်နဝါရီလ ၁၁ ရက်တွင် ခွေးသေနှင့် ၂၁ မိုင်ကြားတွင် စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး စစ်ကား ၁ စီး ပျက်စီးကြောင်း၊ အဆိုပါတိုက်ခိုက်မှုများတွင် KNLA ဘက်မှ ထိခိုက်ကျဆုံးမှု မရှိဟု ဆိုသည်။ယနေ့ ဇန်နဝါရီလ ၁၂ ရက် နံနက် ၁ နာရီတွင် တပ်မဟာ ၅၊ လာတိုပို့ဒေသကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ့ နေအိမ် ၁ လုံး ထိခိုက်ပျက်စီးသွားကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s