တရုတ်အစိုးရက စစ်ကောင်စီ နယ်စပ်ရေးရာဝန်ကြီးဌာနသို့ ဒေါ်လာ ၂ သိန်းလှူ

တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက စစ်ကောင်စီနယ်စပ်ရေးရာဝန်ကြီးဌာနသို့ အမေရိကန်ဒေါ်လာ နှစ်သိန်း ပေးအပ်လှူဒါန်းလိုက်တယ်လို့ တရုတ်သံရုံးနဲ့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။

ဇန်နဝါရီ ၁၂ ရက် မနက်က နေပြည်တော် နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီးရုံး အစည်းအဝေးခန်းမမှာ စစ်ကောင်စီဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကို  တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာ ချန်းဟိုင်က အလှူငွေပေးအပ်ခဲ့တာလို့ ဆိုပါတယ်။

ဒီအလှူငွေတွေဟာ မြန်မာနိုင်ငံရဲ့ အပစ်အခတ်ရပ်စဲမှု၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့ကို တိုးမြှင့်ဖို့နဲ့ တရုတ်- မြန်မာ နယ်စပ်ဒေသမှာ နေထိုင်တဲ့ ပြည်သူတွေရဲ့ လူနေမှုဘဝ တိုးတက်ရေးအတွက် ရည်ရွယ်တယ်လို့ သံရုံးထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့ကလည်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော် မတီ (JMC-U) ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို အမေရိကန်ဒေါ်လာ ၂ သိန်းပေးအပ်ခဲ့ပါတယ်။ 

ဒါ့အပြင် မကြာသေးခင်ကလည်း စစ်ကောင်စီခန့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒေါက်တာသက်သက်ခိုင်ကိုလည်း ဒေါ်လာ ၃ သိန်း ပေးအပ်လှူဒါန်းခဲ့ပါတယ်။ 

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေးကို အစဉ်တစိုက်ထောက်ခံအားပေးကြောင်း၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကို ထောက်ပံ့ငွေပေးအပ်တာ ၆ ကြိမ်ရှိသွားပြီလို့ တ ရုတ်သံရုံးထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါပေမဲ့ အလှူငွေတွေဟာ နယ်စစ်ဒေသနေ ပြည်သူတွေဆီ အမှန်တကယ် ရောက်မယ် မရောက်ဘူး မသိရသလို စစ်ကောင်စီအနေနဲ့လည်း အ လှူငွေတွေကို ဘယ်မှာ အသုံးပြုတယ်ဆိုတဲ့ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်တာလည်းမရှိပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s