ထီးချိုင့်မြို့ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်၊ ဒေသခံများ တိမ်း ရှောင်နေရ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီ ၁၃ ရက်နေ့ မနက်ပိုင်းကစပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဒီကနေ့ မနက် ၉ နာရီခွဲလောက်ကစပြီး လေယာဉ်နှစ်စီးနဲ့ ‌လာရောက်ကာ ကျေးရွာအများအပြားပေါ်ကနေ သေနတ်နဲ့ပစ်တာ၊ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒိုးပင်၊ မိကျောင်းအိုက်၊ မရသိမ်၊ တောမ၊ ဝါးဘိုးချောင်း၊ ဖက်တဲ၊ ကျွန်းပင်သာ၊ ဆင်ဖြူဆိပ်၊ ရေပေါက်ကြီး၊ ပေါက်ပင်ကွေ့ စတဲ့ ကျေးရွာတွေမှာ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ပါတယ်။

ထီးချိုင့်မြို့ရဲ့ တောင်ဘက်နဲ့ အနောက်တောင်ဘက် က ကျေးရွာတွေဖြစ်တဲ့ တောမ၊ မရသိမ်၊ ဒိုးပင်၊ မိကျောင်းအိုက်၊ ဝါးဘိုးချောင်း၊ စက်တဲ၊ ကျွန်းပင်သာ၊ ဆင်ဖြူဆိပ်၊ ရေပေါက်ကြီး၊ ပေါက်ပင်ကွေ့၊ မုဒ်ဝ၊ လင်းပိုင်တင်၊ ကြက်ဆူချောင်း၊ ကျီးကန်းဒေါင့် စတဲ့ကျေးရွာနေ ပြည်သူတွေကတော့ ယခင်ရက်ကတည်းက တိမ်းရှောင်ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

ထီးချိုင့်နယ်ခံတစ်ဦးက “ညကလေယာဉ်နှစ်စီးနဲ့ စစ်သားတွေလာချသွားတတယ်။ ကွန်းပင်သာမှာ ဖြစ်တာက တမြန်မနေ့ကတည်း ဖြစ်နေတာ၊ ဒီကနေ့ကတော့ မနက် ၆ နာရီထိုးကတည်းက စပစ်တာပဲ” လို့ ပြောပါတယ်။

ဇန်နဝါရီ ၁၂ ရက်နေ့ နေ့လည် ၂ နာရီခန့်ကစပြီး တောမရွာ ကပ်လျက် မင်းဝံတောင်ရိုးတစ်လျှောက်မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ ညနေ ၃ နာရီလောက်အထိ နှစ်ဖက်ထိပ်တိုက်တွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က တစ်ဦးကျဆုံးပြီး တစ်ဦးကတော့ ပျောက်ဆုံးနေကာ စုံစမ်းမရသေးဘူးလို့ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုကိုတော့ မသိရသေးပါဘူး။

ဇန်နဝါရီ ၁၂ ရက်နေ့ည ၇ နာရီလောက်ကလည်း ထီးချိုင့်တံတားထိပ် စစ်ဆေးရေးဂိတ်ကနေ စစ်ကောင်စီတပ်က ‌လက်နက်ကြီးနဲ့ နှစ်ကြိမ် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s