ပုလဲမြို့နယ် ပုထိုးသာကျေးရွာနှင့် ကျေးသမြှားကျေးရွာတို့ကို စစ်ကောင်စီက ရဟတ် ယာဉ်ဖြင့်လာရောက် ပစ်ခတ်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ပုထိုးသာကျေးရွာနှင့် ကျေးသမြှားကျေးရွာတို့ကို ယနေ့ ဇန်နဝါရီလ ၁၃ ရက် နေ့လယ် ၁ နာရီကျော်တွင် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့်လာရောက်ပစ်ခတ်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါပစ် ခတ်မှုကြောင့် ဒေသခံများသည် ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး လူထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ဒေသခံ၏ ပြောပြချက်အရ သိရသည်။

“ဒီကနေ့ နေ့လယ် ၁ နာရီကျော်လောက်မှာ ရဟတ်ယာဉ်တစ်စီးနဲ့ လာပြီး ပစ်ခတ်သွားတယ်။လူထိခိုက်မှုကတော့ မသိရသေးဘူး။ ရွာသားတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးနေရပြီ။ အခြေအနေတွေက ရှုပ်ထွေးနေတော့ ဘာမှမသိ မပြောနိုင်သေးဘူးဖြစ်နေတယ်”ဟု ပုလဲမြို့နယ်ဒေသခံတစ်ဦးက ပြောကြားသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် မိုးတားကြီးကျေးရွာကို စစ်ကောင် စီက ရဟတ်ယာဉ်သုံးစီးဖြင့် လာရောက်ပစ်ခတ်မှု​ကြောင့် လူနေအိမ်အများအပြား ပျက်စီးခဲ့ပြီး အသက် ၁၀နှစ် အရွယ် ကလေးငယ်တစ်ဦးကျည်ထိမှန်သေဆုံးမှုရှိခဲ့ကြောင်း ဒေသခံထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ကနီမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ တစ်လလုံးနီး ပါး စစ်ကောင်စီတပ်များနှင့်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအကြား အပြင်းအထန် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s