ဘားအံတက္ကသိုလ်ပြန်ဖွင့် ၃ဦးသာကျောင်းတက် ကန်တင်းဈေးသည်ကို ဂုဏ်ထူးတန်းကျောင်းသူအဖြစ် ဟန်ဆောင်ခိုင်း၍ စစ်ကောင်စီဝါဒဖြန့်

ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်ကို စစ်ကောင်စီက ဇန်နဝါရီလ ၆ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်လိုက် သော်လည် ကျောင်းတက်ရောက်သူ စုစုပေါင်း သုံးဦးသာရှိကြောင်း သိရသည်။ စစ်ကောင်စီ၏ ဝါဒဖြန့်ရုပ်သံဖြင့်သည့် MRTV တွင် ဖော်ပြထားသည့် ကျောင်းတက်သူအရေအ တွက်မှာ စာသင်ခန်းတစ်ခန်းလုံးတွင် သုံးဦးသာတက်ရောက်သည်ကို တွေ့ရသည်။

“ပုံမှန်ဆိုရင် ကျွန်တော်တို့တက္ကသိုလ်မှာက စာသင်ခန်းတစ်ခန်းကို ကျောင်းသား၊ ကျောင်းသူ တစ်ရာလောက်ရှိတာ၊ ခုတော့စစ်အာဏာသိမ်းမှုကို CDM လုပ်ထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေက ၉၀ ရာခိုင်နှုန်းကျော်ရှိတယ်၊ ဒါကြောင့်သူတို့ ဝါဒဖြန့်နေသလို ရာနှုန်းပြည့်ကျောင်းတက်တယ်ဆိုတာမဟုတ်ပါဘူး၊ ကျောင်းသားတွေအများကြီးသာကျောင်းတက်ရင် သူတို့မီဒီယာတွေမှာပလူပျံနေအောင်ဖော်ပြကြမှာ ခု သူတို့ထုတ်ပြန်တဲ့ပုံမှာကိုက သုံးဦးပဲရှိတယ် ဒါတောင်သုံးဦး စလုံးက ကျောင်းသားဟုတ်မဟုတ်မသေချာဘူး” ဟု ဘားအံတက္ကသိုလ်ကျောင်းသားသမဂ္ဂ သတင်းနှင့်ပြန်ကြား ရေးတာဝန်ခံကပြောသည်။

ထို့သို့ကျောင်းသားများ CDM ပြုလုပ်ထားရာ ကျောင်းကန်တင်းမှ ဈေးသည်တစ်ဦးအား တတိယနှစ် ဂုဏ်ထူးတန်းကျောင်းသူကဲ့သို့ သရုပ် ဆောင်စေကာ အင်တာဗျူးဖြေခိုင်းထားကြောင်း သိရသည်။ ထိုအင်တာဗျူးဖြေသည့် အမျိးသမီးသည် Mask တပ်ထားသော်လည်း ကျောင်း သားကျောင်းသူအများစုက အသက် ၃၀ အရွယ်ထိုအမျိုးသမီးအားမှတ်မိနေကြသည်။ “စစ်ကောင်စီက အင်တာဗျူးတင်လိုက်တော့ ကျွန် တော် တို့ကျောင်းသား၊ ကျောင်းသူတွေက သူ့ရုပ်ကိုမှတ်မိနေတာ အစကတော့ကျွန်တော်တို့လည်းတွေ့တယ် နောက်တော့ ကျောင်းသား၊ ကျောင်းသူအများစုက ကန်တင်းက ဈေးရောင်းတဲ့ အစ်မကြီး ဆိုတာလာပြောကြတော့ ကျွန်တော်တို့စုံစမ်းပြီးအတည်ပြုနိုင်တာပါ”ဟု ဘားအံတက္ကသိုလ်မှ ကျောင်းသားတစ်ဦးကပြောသည်။ အင်တာဗျူးဖြေစဉ် ထိုအမျိူးသမီးသည် ဂုဏ်ထူးတန်းပြီးပါက မဟာတန်းတက်မည် ထို့ နောက် တက္ကသိုလ်တွင် ဆရာမပြန်လုပ်မည်ဟု ဖြေကြားခဲ့သည်ကိုတွေ့ရသည်။

ထိုသို့အင်တာဗျူးဖြေသည့် ဈေးသည်အမျိုးသမီးသည် လက်ရှိ စစ်ကောင်စီမှခန့်ထားသည့် ဘားအံတက္ကသိုလ်ပါ‌မောက္ခချုပ် ဒေါ်အေးအေးစိုးဆိုသူနှင့် လက်ပွန်းတတီးနေထိုင်သူဖြစ်ကြောင်းလည်း သိရသည်။ စစ်ကောင်စီခန့် ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါ်အေးအေးစိုးသည် ဇန်န ဝါရီလ ၆ ရက်နေ့တွင် ဘားအံတက္ကသိုလ်ပြန်လည်ဖွင့်လှစ်နိုင်ရန် အဆောင်များပြင်ဆင်မည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအားသတ်မှတ်အရည်အချင်းအောက် လျော့ခေါ်ပါက CDM ဆရာ ဆရာမများနေရာတွင် အစားထိုးနိုင်မည်ဖြစ်ကြောင်း စစ်ကောင်စီခေါင်းဆောင်မင်းအောင် လှိုင်စိတ်တိုင်းကျစေရန် အစွမ်းကုန်ကြိုးစားမည်ဖြစ်ကြောင်း၊ စစ်ကောင်စီခန့်ပညာရေးဝန်ကြီးထံ တင်ပြခဲ့သူဖြစ်ကြောင်း ဘားအံတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ထုတ်ပြန်ထားသည်။

ထို့အပြင် ၎င်းသည် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သူ CDM ဆရာဆရာမများအား အဆောင်နေအိမ်များမှ နှင်ချခဲ့သူဖြစ်ကြောင်းလည်းသိရသည်။ ဘားအံတက္ကသိုလ်တွင် ကျောင်းဆရာ၊ ဆရာမနှင့်ဝန်ထမ်းဦးရေ ၃၀၀ ကျော်ရှိပြီး ၁၀၀ ဝန်းကျင်ခန့် CDM ပြုပ်လုပ်ကြောင်း ဘားအံတက္ကသိုလ်ကျောင်းသားသမဂ္ဂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကပြောသည်။ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများထဲတွင်လည်း ၁၀ ဦးသည် ထောင်ဒဏ်နှစ် ၂၀ ခန့်ကျနိုင်သည့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ၁၂၄/က အမှုဖြင့် စစ်ကောင်စီ၏ အကျဉ်း ထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း ဘားအံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ စာရင်းဇယားများအရသိရသည်။

ကျောင်းသားအများစုမှာ CDM ပြုလုပ်ထားဆဲဖြစ်ပြီး ဆက်လက်အားတင်းထားရန် ဘားအံတက္ကသိုလ်ကျောင်းသားသမဂ္ဂ သတင်းနှင့်ပြန် ကြားရေးတာဝန်ခံကအောက်ပါအတိုင်းတိုက်တွန်းသည်။ “ဒီတစ်ခါတော့ ကျောင်းသူကျောင်းသားတွေအလှည့်လို့ပြောချင်တယ် CDM ဆရာ၊ ဆရာမတွေဟာ ခုဆိုရင် တစ်နှစ်နီးပါးအထိ ဘာအထောက်အပံ့မှမရဘဲ ကြံ့ကြံခံခဲ့ပြီးပြီ ဒီလိုရပ်တန့်နေတဲ့ စစ်ကောင်စီရဲ့ ပညာရေးယန္တရားကို ကိုယ့်ကြောင့် ပြန်လည် ပတ်သွားနိုင်တာမျိုးတော့ မဖြစ်စေချင်ဘူး အားလုံးသေချာတွေးတောပြီးလုပ်စေချင်တယ်” ဟု၎င်းကပြောသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s