ရေးမြို့ ၌ မိုင်တဲလ်တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရ

မွန်ပြည်နယ်  ရေးမြို့နယ် မြောက်ပိုင်း ဒုံဖီ စံပြကျေးရွာရှိ မိုင်တဲတာဝါတိုင်ကို ဇန်နဝါရီ ၁၂ ရက်နေ့  ညနေ ၅ နာရီ ၂၀ မိနစ်လောက် မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ရေး PDF မြောက်ပိုင်းအဖွဲ့က ပြောပါတယ်။

“တာဝါတိုင်ကို ရေး PDF က မိုင်းခွဲဖျက်ဆီးခဲ့တယ်။ စစ်ကောင်စီရဲ့ ၀င်ငွေတွေ မရရှိအောင် ဖြတ်တောက်တဲ့အနေနဲ့ စစ်ကောင်စီရဲ့ ထောက်တိုင်မှန်သမျှအားလုံးကို အခုလို ဖျက်ဆီးခဲ့တာဖြစ်ပြီး ရေးမှာ မိုင်တဲလ်တာဝါတိုင်ပေါင်း ဒီနေ့အထိ ၅ တိုင်လောက် ဖျက်ဆီးထားတယ်” လို့ ရေး PDF တာဝန်ရှိသူက ပြောပါတယ်။

ဒီဇင်ဘာလအထိ စာရင်းတွေအရ မြန်မာနိုင်ငံအနှံ့ မိုင်တဲလ်ကုမ္ပဏီရဲ့ ဆက်သွယ်ရေးတာဝါ တိုင်ပေါင်း ၃၆၀ ကျော် ဖျက်ဆီးခံခဲ့ထားရပြီး တာဝါတိုင်တစ်စုံလုံးရဲ့ တန်ဖိုးဟာ ကျပ်သိန်း ၂၀၀၀ ဝန်းကျင်ရှိပြီး စုစုပေါင်း ကျပ်ငွေ ၇၂ ဘီလီယံအထိ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s