လွိုင်​ကော်မြို့ ဒေါဥခူတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများအသေအပျောက်နှင့် ဒဏ်ရာရသူများရှိ

ကရင်နီပြည်နယ်၊ လွိုင်​ကော်မြို့၊ ​ဒေါဥခူရပ်ကွက်မြို့တွင်းတိုက်ပွဲတွင် နှစ်ဘက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သားထိခိုက်ကျဆုံးသူများရှိကြောင်း ရှေ့တန်းတွင်ပါ၀င်သော DMO-PDF တပ်ဖွဲ့၀င်တစ်ဦးကမဇ္ဈိမကိုပြောသည်။ အဆိုပါတိုက်ပွဲတွင် ဒေသတွင်းကာ ကွယ်ရေးတပ်ဖွဲ့များမှစတင်ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီအင်အား ခန့်မှန်းခြေ ၁၀၀ကျော်ခန့်မှ တန်ပြန်ခံစစ်ဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်ပွဲမှာ ယနေ့ နံနက် ၁၁ နာရီမှ ညနေ ၅ နာရီ၀န်းကျင်အထိတောက်လျှောက်တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း၎င်းကဆိုသည်။ “သူတို့ဘက်ကအကျအဆုံးရှိတယ် ဒဏ်ရာရသူလည်းရှိတယ် ဒါပေမယ့်အခုအချိန်တော့ အရေအတွက် သေချာမတွက်ရသေးလို့ အတိအကျမသိရသေးဘူး။ ညနေပိုင်းသူတို့ဘက်က စစ်ရဟတ်ယာဉ်တွေနဲ့လေကြောင်းတွေနဲ့ပါ ပစ်ခတ်လာ‌တော့ ကျွန်တော်တို့ညနေ ၅ နာရီလောက်မှာ တပ်ဆုတ်လိုက်တာပါ “ဟု DMO-PDF တပ်ဖွဲ့၀င်တစ်ဦးကပြောသည်။

စစ်ကောင်စီတပ် စစ်ရဟတ်ယာဉ် နှစ်စင်းပေါ်မှတိုက်ပွဲဖြစ်သည့်နေရာသို့ ယနေ့ ညနေ ၄ နာရီ ၃၅ မိနစ်တွင် ပွိုင့်ဖိုက်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ် သည်။ ယင်းတိုက်ပွဲတွင် ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့၀င်များဘက်မှ လက်နက်ကြီးလက်နက်ငယ်များဖြင့် စစ်ကောင်စီရှိရာသို့ ပစ်ခတ်ခဲ့၍ စစ်ကောင်စီဘက်မှ လက်နက်ကြီး ၆၀ မမ ၊ပွိုင့်ဖိုက်နှင့် ၇၉ ကျည်များဖြင့်အသုံးပြုပစ်ခတ်ခဲ့ကြောင်း DMO-PDF တပ်ဖွဲ့၀င်များ၏အဆိုအရ သိရသည်။ တိုက်ပွဲအတွင်း KDF၊DMO-PDF တပ်ရင်း(H)တို့မှပူးပေါင်း၍စစ်ကောင်စီတပ်ကိုတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s