Monthly Archives: Jan 2022

ဖက်ဆစ်စစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရသော မတူပီမှ ပြည်သူ ၁၁ ဦးအတွက် ဝမ်း နည်းခြင်းအထိမ်းအမှတ်နှင့် အကြမ်းဖက်စစ်ကောင်စီချေမှုန်းရေး ကလေးမြို့တွင် ချီတက်ဆန္ဒပြ

khit thit

မုံးကိုးမြို့ပေါ်က စစ်ဘေး‌ရှောင်ပြည်သူ ၅၀၀ ကျော် စားနပ်ရိက္ခာ ပြတ်တောက်လာ

မြန်မာ-တရုတ် နယ်စပ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မုံးကိုးမြို့ပေါ်ရှိ စစ်ဘေး‌ရှောင်ပြည်သူ ၅၀၀ ကျော် စားနပ်ရိက္ခာ ပြတ်တောက်လာတဲ့အပြင် ဆက်နေဖို့နေရာ အချို့ အခက်အခဲ ဖြစ်နေတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။ 

ဆက်လက်ရှောင်တိမ်းနေထိုင်ဖို့အတွက် စားနပ်ရိက္ခာ မလုံလောက်တော့ဘူးလို့ ကူညီပေးနေသူ ၁ ဦးက ပြောပါတယ်။

“လောလောဆယ် ဆန် ကုန်နေတယ်။ ကျနော်တို့ရဲ့ အဓိက အခက်အခဲ ၁ ခုက စစ်ရှောင်ရမယ့် အချိန် ကြာဦးမယ်ဆိုရင် တော်တော်လေးကို အ ခက်အခဲ ဖြစ်နေတယ်။ အချိန်တိုဆိုရင်တော့ တတ်နိုင်သလောက် ခြစ်ကုတ်စားလို့ ရတယ်။ ထပ်ကြာဦးမယ်ဆိုရင် စားနပ်ရိက္ခာအတွက် လုံးဝ အဆင်မပြေတော့ဘူး။” 

စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တကျော့ပြန် တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင်လ ကုန်ပိုင်းကစ လီဆူဘုရားကျောင်း၊ ကချင်နှစ်ခြင်း ဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်းတို့မှာ လက်ရှိ စစ်ဘေးဒုက္ခသည် ၅၆၀ ယာယီခိုလှုံ နေကြရတာပါ။  

ကိုဗစ်-၁၉ ကပ်ရောဂါလည်း ကင်းစင်နေပြီဖြစ်တဲ့အတွက် ဘုရားကျောင်း‌ဝင်းထဲက အဆောက်အဦအချို့ အလှူ၊ မင်္ဂလာဆောင်နဲ့ စာသင်ဖို့အတွက် အသုံးလိုအပ်နေတာကြောင့် အချို့ နေရာ ဖယ်ပေးရမှာဖြစ်တဲ့အတွက် အခက်အခဲ ဖြစ်နေတယ်လို့  စစ်ရှောင်‌တွေကို နေရာကူညီ စီမံခန့်ခွဲပေးနေသူတစ်ဦးက ပြောပါတယ်။

အခု ရှောင်တိမ်းနေတဲ့ ဒေသခံတွေက နေရပ်ရွာဘက် စစ်မြေပြင်လို ဖြစ်နေတာကြောင့် လုံးဝ ပြန်လို့ မရသေးတဲ့သူတွေဖြစ်ပြီး အခြားစစ်ရှောင်စခန်းတွေလို သီးသန့်ဆောက်ဖို့လည်း ငွေကြေးအပြင်နေရာ အခက်အခဲကြောင့် စိတ်ပူပင်သောက ရောက်နေရတယ်လို့ ဆိုပါတယ်။ 

“စိတ်အညစ်ရဆုံးက ပထမ နေရာမရှိဘူး။ ဒုတိယ ငွေမရှိဘူး ဖြစ်နေတယ်။ နေရာပြောင်းပြီး နေစရာ ဆောက်လိုက်ရင် ရှိထားတဲ့ မဖြစ်စ လောက်ရှိတဲ့ ပိုက်ဆံကုန်သွားပြီး ဘာနဲ့ စားမလဲ။ စားဖို့ မရှိတော့ဘူးဖြစ်သွားမှာ။ နဂိုကမှ စစ်ဘေးဒုက္ခသည်ပိုပြီး စိတ်ဆင်းရဲ ဒုက္ခရောက်သွားမှာလည်း စိုးရိမ်နေရတယ်။ တပ်မမှူးကတော့ မကြာလောက်တော့ဘူး။ ဒီနေရာပဲ သီးခံပြီးနေပေးပါ လို့ပြောတယ်။” 

လက်ရှိနေနေတဲ့ နေရာအချို့က ကလေးတွေ စာသင်နေတဲ့ အဆောင်ဖြစ်နေပြီး လာမယ့် ဖေဖော်ဝါရီလကစ စာပြန်သင်တော့မှာကြောင့် ဖယ်ပေးဖို့ လိုလာတယ်လို့ စစ်ရှောင် ၁ ဦးက ပြောပါတယ်။ 

တိုက်ပွဲတွေကြောင့် မုံးကိုးမြို့နယ်အတွင်း ရွာပေါင်း ၇ ရွာခန့်က ဒေသခံ ပြည်သူ ၅၀၀ ကျော်ဟာ လက်ရှိအထိ ရွာပြန်နေထိုင်လို့မရဘဲ နေအိမ်တွေ ထိခိုက်ပျက်စီးတာ၊ ကြိုကြားတိုက်ပွဲ ဆက်လက် ဖြစ်ပွားနေတာ၊ စစ်ရေးတင်းမာနေမှုတွေကြောင့် ရှောင်တိမ်းနေရတာပါ။ DVB

ပုလဲမြို့နယ် ပုထိုးသာကျေးရွာနှင့် ကျေးသမြှားကျေးရွာတို့ကို စစ်ကောင်စီက ရဟတ် ယာဉ်ဖြင့်လာရောက် ပစ်ခတ်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ပုထိုးသာကျေးရွာနှင့် ကျေးသမြှားကျေးရွာတို့ကို ယနေ့ ဇန်နဝါရီလ ၁၃ ရက် နေ့လယ် ၁ နာရီကျော်တွင် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့်လာရောက်ပစ်ခတ်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါပစ် ခတ်မှုကြောင့် ဒေသခံများသည် ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး လူထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ဒေသခံ၏ ပြောပြချက်အရ သိရသည်။

“ဒီကနေ့ နေ့လယ် ၁ နာရီကျော်လောက်မှာ ရဟတ်ယာဉ်တစ်စီးနဲ့ လာပြီး ပစ်ခတ်သွားတယ်။လူထိခိုက်မှုကတော့ မသိရသေးဘူး။ ရွာသားတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးနေရပြီ။ အခြေအနေတွေက ရှုပ်ထွေးနေတော့ ဘာမှမသိ မပြောနိုင်သေးဘူးဖြစ်နေတယ်”ဟု ပုလဲမြို့နယ်ဒေသခံတစ်ဦးက ပြောကြားသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် မိုးတားကြီးကျေးရွာကို စစ်ကောင် စီက ရဟတ်ယာဉ်သုံးစီးဖြင့် လာရောက်ပစ်ခတ်မှု​ကြောင့် လူနေအိမ်အများအပြား ပျက်စီးခဲ့ပြီး အသက် ၁၀နှစ် အရွယ် ကလေးငယ်တစ်ဦးကျည်ထိမှန်သေဆုံးမှုရှိခဲ့ကြောင်း ဒေသခံထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ကနီမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ တစ်လလုံးနီး ပါး စစ်ကောင်စီတပ်များနှင့်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအကြား အပြင်းအထန် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။ mizzima

စစ်ကောင်စီတပ် ပစ်ခတ်ဝင်ရောက်လာသဖြင့် မြိုင်ပြည်သူ ၁၀၀၀ ကျော် တိမ်းရှောင်နေရ

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်မြောက်ပိုင်းက သမင်ချောက်ကျေးရွာကို ဇန်နဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်မွှေနှောက်တာကြောင့် ဒေသခံပြည်သူ တစ်ထောင်ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်တွေက အင်အား ၂၀၀ လောက်နဲ့ ဒီကနေ့ မနက် ၄ နာရီခွဲလောက်က စပြီးတော့ သမင်ချောက်ရွာကို လက်နက်ကြီးလက် နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာတာကြောင့် အိမ်ခြေ ၃၀၀ လောက်က ဒေသခံပြည်သူ ၁၀၀၀ ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သမင်ချောက်ကျေးရွာဒေသခံတစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။

“စစ်ကောင်စီတပ်တွေက ဒီကနေ့မနက် အစောပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးတော့ ဝင်ရောက်လာတာဗျ။ ကျနော်တို့လည်း ဖမ်းဆီးသတ်ဖြတ်ခံရမှာကို ကြောက်လို့ တောထဲမှာ တိမ်းရှောင်နေရတယ်။ သေနတ်ပစ်ခတ် သံတွေကတော့ ဆက်တိုက်ကြားနေရတယ်။” 

ရွာထဲမှာရှိတဲ့ နေအိမ်တွေကို မွှေနှောက်ဖျက်ဆီးတာတွေပြုလုပ်ပြီး ပစ္စည်းတွေ၊ ငွေတွေကို ယူဆောင်သွားတဲ့အပြင် အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သတ်ဖြတ် စားသောက်သွားကြတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မြိုင်မြို့နယ်ကို စစ်ကြောင်းငါးကြောင်းလောက်နဲ့ ထိုးစစ်ဆင်နေပြီး လက်ယက်မရွာ၊ သမင်ချောက်ရွာ၊ မြန်အောင်ရွာ၊ မင်းသားကျရွာ၊ သက္ကယ်ကန်ရွာ၊ ကျောက်ခွက်ရွာနဲ့ ဘုန်းကြီးကန်ကျေးရွာဘက်က ဒေသခံပြည်သူ တစ်သောင်းနီးပါးလောက် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ်နဲ့ ပေါက်မြို့အစပ် ကျောက်ခွက်ရွာနားက ရေနံမှော်နာမှာလည်း ဒီကနေ့ မနက်ပိုင်း စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေပြီးတော့  စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေနဲ့ ဆိုင်ကယ်တွေ မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ ကျောက်ခွက်ရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။

မြိုင်မြို့နယ် လက်ယက်မရွာနဲ့ ကန်နီကျေးရွာကြားမှာတော့ ဇန်နဝါရီ ၁၁ ရက်နေ့က မြိုင် PDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် သား ၇ ယောက်လောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ DVB

မြဝတီမြို့နယ် ဖလူးလေးတွင် တိုက်ပွဲဆက်ဖြစ်နေ၊ လက်နက်ကြီးကြောင့် နေအိမ်တချို့ ပျက်စီး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ဖလူးလေးကျေးရွာ၌ ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၉ နာရီ ဝန်းကျင်က စတင်ပြီး နယ်မြေခံ ကရင်အ မျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်း တပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်း စစ်တပ်တို့ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေသည်။တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က DKBA (ခွဲထွက်) တပ်ဖွဲ့၏ ဗိုလ်စလုံး စခန်းအနီးကို လက်နက်ကြီး များဖြင့် ပစ်ခတ်နေပြီး အဆိုပါ စခန်းရှေ့ရှိ နေအိမ် တစ်လုံးလည်း လက်နက်ကြီး ထိမှန် ပျက်စီးသွားသည်ဟု မြေပြင် သတင်းရင်းမြစ်က ပြောသည်။

ဗိုလ်စလုံးစခန်းအနီးနှင့် ဖလူးလေး ကျေးရွာတို့တွင် ဇန်နဝါရီလ ၁၀ ရက်နေ့က စတင်ပြီး လေးရက် ဆက်တိုက် တိုက်ပွဲပြင်းထန် နေခြင်း ဖြစ် သည်။ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ ညအချိန်ကလည်း ဖလူးလေးကျေးရွာတွင် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်သံနှင့် နှစ်ဘက်တပ်များ အကြား အပြန်အလှန် လက်နက်ငယ် ပစ်ခတ်သံ အချက်ပေါင်းများစွာကို ကြားခဲ့ရကြောင်း သတင်းရင်းမြစ်က ပြောသည်။

ယင်းအပြင် ဇန်နဝါရီလ ၁၀ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဖလူးလေးရွာ အနီးရှိ သောင်းရင်းမြစ်ကမ်း ဘေးတွင် ခိုလှုံနေရသည့် နေရပ် မပြန်နိုင်သေးသော စစ်ဘေး ဒုက္ခသည်များ သောင်းရင်းမြစ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်း ရှောင် ခဲ့ကြရသေးသည်။

မြဝတီမြို့ တောင်ဘက်ရှိ လေးကေ့ကော် မြို့သစ်တွင် ဒီဇင်ဘာလ ၁၅ ရက်နေ့က စတင်ကာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဘက်က လက်နက်ကြီး ပစ်ခတ်မှုအပြင် လေကြောင်း ပစ်ခတ်မှုများ လည်း ပြုလုပ်ခဲ့သည်။ငြိမ်းချမ်းရေးမြို့တော် လေးကေ့ကော်မြို့သစ် တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည် ၁၆၀၀၀ ဝန်းကျင် ရှိနေပြီး စားနပ်ရိက္ခာနှင့် အဝတ်အထည်များ လိုအပ်လျက် ရှိသည်။ mizzima

ထီးချိုင့်မြို့ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်၊ ဒေသခံများ တိမ်း ရှောင်နေရ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီ ၁၃ ရက်နေ့ မနက်ပိုင်းကစပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဒီကနေ့ မနက် ၉ နာရီခွဲလောက်ကစပြီး လေယာဉ်နှစ်စီးနဲ့ ‌လာရောက်ကာ ကျေးရွာအများအပြားပေါ်ကနေ သေနတ်နဲ့ပစ်တာ၊ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒိုးပင်၊ မိကျောင်းအိုက်၊ မရသိမ်၊ တောမ၊ ဝါးဘိုးချောင်း၊ ဖက်တဲ၊ ကျွန်းပင်သာ၊ ဆင်ဖြူဆိပ်၊ ရေပေါက်ကြီး၊ ပေါက်ပင်ကွေ့ စတဲ့ ကျေးရွာတွေမှာ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ပါတယ်။

ထီးချိုင့်မြို့ရဲ့ တောင်ဘက်နဲ့ အနောက်တောင်ဘက် က ကျေးရွာတွေဖြစ်တဲ့ တောမ၊ မရသိမ်၊ ဒိုးပင်၊ မိကျောင်းအိုက်၊ ဝါးဘိုးချောင်း၊ စက်တဲ၊ ကျွန်းပင်သာ၊ ဆင်ဖြူဆိပ်၊ ရေပေါက်ကြီး၊ ပေါက်ပင်ကွေ့၊ မုဒ်ဝ၊ လင်းပိုင်တင်၊ ကြက်ဆူချောင်း၊ ကျီးကန်းဒေါင့် စတဲ့ကျေးရွာနေ ပြည်သူတွေကတော့ ယခင်ရက်ကတည်းက တိမ်းရှောင်ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

ထီးချိုင့်နယ်ခံတစ်ဦးက “ညကလေယာဉ်နှစ်စီးနဲ့ စစ်သားတွေလာချသွားတတယ်။ ကွန်းပင်သာမှာ ဖြစ်တာက တမြန်မနေ့ကတည်း ဖြစ်နေတာ၊ ဒီကနေ့ကတော့ မနက် ၆ နာရီထိုးကတည်းက စပစ်တာပဲ” လို့ ပြောပါတယ်။

ဇန်နဝါရီ ၁၂ ရက်နေ့ နေ့လည် ၂ နာရီခန့်ကစပြီး တောမရွာ ကပ်လျက် မင်းဝံတောင်ရိုးတစ်လျှောက်မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ ညနေ ၃ နာရီလောက်အထိ နှစ်ဖက်ထိပ်တိုက်တွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က တစ်ဦးကျဆုံးပြီး တစ်ဦးကတော့ ပျောက်ဆုံးနေကာ စုံစမ်းမရသေးဘူးလို့ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုကိုတော့ မသိရသေးပါဘူး။

ဇန်နဝါရီ ၁၂ ရက်နေ့ည ၇ နာရီလောက်ကလည်း ထီးချိုင့်တံတားထိပ် စစ်ဆေးရေးဂိတ်ကနေ စစ်ကောင်စီတပ်က ‌လက်နက်ကြီးနဲ့ နှစ်ကြိမ် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ DVB

ကျောက်ဆည်မြို့နယ်တွင် အရပ်ဝတ်ဖြင့် သ တင်းယူနေသည့် စစ်သား ၂ ဦး ပစ်ခတ်ခံရ၊ ၁ ဦးသေဆုံး

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အတွင်းရှိ မန္တလေး လေကြောင်း ကာကွယ်ရေးတပ်မှ အဖွဲ့ဝင် နှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး တစ်ဦး သေဆုံးကြောင်း ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့ (Kyaukse District Defense Force-KDDF) က ထုတ်ပြန်ထားသည်။အဆိုပါ စစ်ကောင်စီ တပ်သား နှစ်ဦးသည် မြင်စိုင်းကျေးရွာအတွင်း အရပ်ဝတ်ဖြင့် သတင်း ရယူနေကြောင်း ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့ က ကြားသိရ၍ လေးရက်တာ စောင့်ကြည့် စုံစမ်းပြီးနောက် ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက် ညနေ ၄ နာရီဝန်းကျင်တွင် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“သူတို့ ရွာထဲက အပြန်မှာ ကျွန်တော်တို့ လုပ်လိုက်တာ။ အသွားကို ကျွန်တော်တို့ အတည်ပြုပြီးတော့ အပြန်ကို မြင်စိုင်းနဲ့ စစ်တပ်သွားတဲ့ လမ်းမှာ ကျွန်တော်တို့ လုပ်ခဲ့တာ။ ကျွန်တော်တို့ အမြန်လမ်းပေါ်ကနေ စောင့်ပြီး သူတို့စခန်း ပြန်တဲ့လမ်းမှာ ဆိုင်ကယ်နဲ့ လိုက်တယ်။ တပ်စခန်းနား ရောက်တော့ ကျွန်တော်တို့ ရင်ပေါင်တန်းမိတဲ့ အချိန် အတိုနဲ့ ပစ်လိုက်တာပေါ့” ဟု ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့ (KDDF) ခေါင်းဆောင်က ပြေသည်။

မန္တလေး လေကြောင်းကာကွယ်ရေးတပ်သည် ရန်ကုန်-မန္တလေးကားလမ်း၏ အရှေ့ဘက်၊ အောင်သာကျေးရွာနှင့် မြင်စိုင်းကျေးရွာ ကြားတွင် တည်ရှိပြီး ထိုစစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသည် မြင်စိုင်းကျေးရွာမှ ဆိုင်ကယ်ဖြင့် တပ်စခန်းသို့ပြန်ချိန် အမြန်လမ်း အရှေ့ဘက်ရှိ တပ်စခန်း အနီးတွင် ပစ်ခတ်ခံရခြင်း ဖြစ်သည်။ နောက်တွင် လိုက်ပါ စီးနင်းသည့် တပ်ဖွဲ့ဝင်သည် နားထင် ဘယ်ဘက်ခြမ်း ကျည်ထိမှန်ကာ နေရာမှာတင် သေဆုံးခဲ့သော်လည်း ကျန်ဆိုင်ကယ်မောင်းသူ တစ်ဦး လွတ်မြောက် သွားသည်ဟု ဆိုသည်။

“ နောက်တစ်ယောက်က ကျွန်တော်တို့ ထပ်ပစ်တဲ့အချိန် သေနတ်ချို့ယွင်းပြီး ကျည်တစ်သွားတယ်။ အဲ့တော့ သူက မောင်းပြေးသွားတာ။ နောက်က ထိုင်တဲ့လူကိုပဲ ရှင်းလိုက်ရတာပေါ့။ ကျွန်တော်တို့ လိုက်လို့ ကြတော့ အဆင်မပြေတော့ဘူး။ ရှေ့နားမှာ သူတို့ တပ်စခန်းရှိတော့။ လဲကျနေတဲ့လူကို ကျွန်တော်တို့က အထောက်အထားအနေနဲ့ မှတ်တမ်း ဓာတ်ပုံရိုက်တယ်။ ပြီးတော့ သူ့မှာ ပစ္စည်း ပါ၊ မပါ ရှာပြီး သိမ်းဖို့ကို ကျွန်တော်တို့ မလုပ်နိုင်လိုက်ဘူး။

ကျွန်တော်တို့ရဲ့ သေနတ်ဖောက်သံ ကြားသွားတော့ တပ်စခန်းနဲ့ နီးနေတဲ့အတွက် ကျွန်တော်တို့ မသိမ်းတော့ဘဲ ပြန်ခေါက်လာခဲ့တာ” ဟု အဖွဲ့ခေါင်းဆောင်က ရှင်းပြသည်။ ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့် ယခုကဲ့သို့ သတင်းလိုက်လံ ရယူနေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ထိပ်တိုက်ရင်ဆိုင် ရှင်းလင်းခြင်းသည် ယခု ပထမဆုံး ဖြစ်သော်လည်း အထိအခိုက်မရှိ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။ mizzima

မန္တလေးမြို့၊ ညောင်ကွဲရပ်ကွက်ရုံး ဗုံးပေါက်ပြီးနောက် စစ်တပ်က ရမ်းသမ်းပစ်ခတ်၍ ပြည်သူ ၁ ဦး ကျည်ထိမှန် သေဆုံးပြီး ၂ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်ရုံးကို ယနေ့ နံနက် ၈ နာရီအချိန် ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်က ရမ်းသမ်းပစ် ခတ်သဖြင့် ပြည်သူ ၁ ဦး ကျည်ထိမှန်သေဆုံးပြီး ၂ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၈ နာရီအချိန် မန္တလေး၊ အောင်မြေသာစံမြိုနယ် ရက်ကွက်ရုံးကို အမည် မသိသူများက ဗုံးဖြင့်လာရောက်ပစ် ခတ်ကြောင်း၊ ဗုံးက ရပ်ကွက်ရုံးကို မထိဘဲ လွင့်စင်ပြီး အခြားနေရာတွင် ကွဲသွားကြောင်း၊ ရပ်ကွက်ရုံးအတွင်းမှ အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထွက်လာပြီး သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ရာ ပြည်သူတစ်ဦး ကျည်ထိမှန်သေဆုံးပြီး ၂ ဦးဒဏ်ရာ ရရှိသွားကြောင်း ဒေသခံများက ပြောသည်။

“ဆိုင်ကယ်နဲ့ ဗုံးလာပစ်တာ ရပ်ကွက်ရုံးကို မထိဘဲ အခြားနေရာမှာကွဲသွားတယ်။ ပစ်တဲ့သူနှယောက်ကို စစ်သားတွေက လိုက်ပစ်တာ လမ်းသွားလမ်းလာနဲ့ အိမ်မှာနေတဲ့ ပြည်သူ၃ ဦး ကျည်ထိတယ်။ တစ်ယောက်ကတော့ သေ သွားတယ်။ ကျန် ၂ ဦးကတော့ လူနာတင်ကားနဲ့ခေါ်သွားတယ်” ဟု မန္တလေးဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များက ၎င်းတို့ပစ်ခတ်သော ကျည်ထိသော ပြည်သူ ၃ ဦးနှင့်သက်ဆိုင်သူများကို ခေါ်ယူ၍ စစ်တပ်က ပစ်ခတ်သော ကျည်မဟုတ်ဘဲ ဗုံးပစ်သွားသူများ၏ ပစ်ခတ်သော ကျည်ဖြစ်ကြောင်း ခေါ်ယူ လိမ်လည် ပြောဆိုကြောင်း သိရှိရသည်။ khit thit

ဘားအံတက္ကသိုလ်ပြန်ဖွင့် ၃ဦးသာကျောင်းတက် ကန်တင်းဈေးသည်ကို ဂုဏ်ထူးတန်းကျောင်းသူအဖြစ် ဟန်ဆောင်ခိုင်း၍ စစ်ကောင်စီဝါဒဖြန့်

ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်ကို စစ်ကောင်စီက ဇန်နဝါရီလ ၆ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်လိုက် သော်လည် ကျောင်းတက်ရောက်သူ စုစုပေါင်း သုံးဦးသာရှိကြောင်း သိရသည်။ စစ်ကောင်စီ၏ ဝါဒဖြန့်ရုပ်သံဖြင့်သည့် MRTV တွင် ဖော်ပြထားသည့် ကျောင်းတက်သူအရေအ တွက်မှာ စာသင်ခန်းတစ်ခန်းလုံးတွင် သုံးဦးသာတက်ရောက်သည်ကို တွေ့ရသည်။

“ပုံမှန်ဆိုရင် ကျွန်တော်တို့တက္ကသိုလ်မှာက စာသင်ခန်းတစ်ခန်းကို ကျောင်းသား၊ ကျောင်းသူ တစ်ရာလောက်ရှိတာ၊ ခုတော့စစ်အာဏာသိမ်းမှုကို CDM လုပ်ထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေက ၉၀ ရာခိုင်နှုန်းကျော်ရှိတယ်၊ ဒါကြောင့်သူတို့ ဝါဒဖြန့်နေသလို ရာနှုန်းပြည့်ကျောင်းတက်တယ်ဆိုတာမဟုတ်ပါဘူး၊ ကျောင်းသားတွေအများကြီးသာကျောင်းတက်ရင် သူတို့မီဒီယာတွေမှာပလူပျံနေအောင်ဖော်ပြကြမှာ ခု သူတို့ထုတ်ပြန်တဲ့ပုံမှာကိုက သုံးဦးပဲရှိတယ် ဒါတောင်သုံးဦး စလုံးက ကျောင်းသားဟုတ်မဟုတ်မသေချာဘူး” ဟု ဘားအံတက္ကသိုလ်ကျောင်းသားသမဂ္ဂ သတင်းနှင့်ပြန်ကြား ရေးတာဝန်ခံကပြောသည်။

ထို့သို့ကျောင်းသားများ CDM ပြုလုပ်ထားရာ ကျောင်းကန်တင်းမှ ဈေးသည်တစ်ဦးအား တတိယနှစ် ဂုဏ်ထူးတန်းကျောင်းသူကဲ့သို့ သရုပ် ဆောင်စေကာ အင်တာဗျူးဖြေခိုင်းထားကြောင်း သိရသည်။ ထိုအင်တာဗျူးဖြေသည့် အမျိးသမီးသည် Mask တပ်ထားသော်လည်း ကျောင်း သားကျောင်းသူအများစုက အသက် ၃၀ အရွယ်ထိုအမျိုးသမီးအားမှတ်မိနေကြသည်။ “စစ်ကောင်စီက အင်တာဗျူးတင်လိုက်တော့ ကျွန် တော် တို့ကျောင်းသား၊ ကျောင်းသူတွေက သူ့ရုပ်ကိုမှတ်မိနေတာ အစကတော့ကျွန်တော်တို့လည်းတွေ့တယ် နောက်တော့ ကျောင်းသား၊ ကျောင်းသူအများစုက ကန်တင်းက ဈေးရောင်းတဲ့ အစ်မကြီး ဆိုတာလာပြောကြတော့ ကျွန်တော်တို့စုံစမ်းပြီးအတည်ပြုနိုင်တာပါ”ဟု ဘားအံတက္ကသိုလ်မှ ကျောင်းသားတစ်ဦးကပြောသည်။ အင်တာဗျူးဖြေစဉ် ထိုအမျိူးသမီးသည် ဂုဏ်ထူးတန်းပြီးပါက မဟာတန်းတက်မည် ထို့ နောက် တက္ကသိုလ်တွင် ဆရာမပြန်လုပ်မည်ဟု ဖြေကြားခဲ့သည်ကိုတွေ့ရသည်။

ထိုသို့အင်တာဗျူးဖြေသည့် ဈေးသည်အမျိုးသမီးသည် လက်ရှိ စစ်ကောင်စီမှခန့်ထားသည့် ဘားအံတက္ကသိုလ်ပါ‌မောက္ခချုပ် ဒေါ်အေးအေးစိုးဆိုသူနှင့် လက်ပွန်းတတီးနေထိုင်သူဖြစ်ကြောင်းလည်း သိရသည်။ စစ်ကောင်စီခန့် ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါ်အေးအေးစိုးသည် ဇန်န ဝါရီလ ၆ ရက်နေ့တွင် ဘားအံတက္ကသိုလ်ပြန်လည်ဖွင့်လှစ်နိုင်ရန် အဆောင်များပြင်ဆင်မည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအားသတ်မှတ်အရည်အချင်းအောက် လျော့ခေါ်ပါက CDM ဆရာ ဆရာမများနေရာတွင် အစားထိုးနိုင်မည်ဖြစ်ကြောင်း စစ်ကောင်စီခေါင်းဆောင်မင်းအောင် လှိုင်စိတ်တိုင်းကျစေရန် အစွမ်းကုန်ကြိုးစားမည်ဖြစ်ကြောင်း၊ စစ်ကောင်စီခန့်ပညာရေးဝန်ကြီးထံ တင်ပြခဲ့သူဖြစ်ကြောင်း ဘားအံတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ထုတ်ပြန်ထားသည်။

ထို့အပြင် ၎င်းသည် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သူ CDM ဆရာဆရာမများအား အဆောင်နေအိမ်များမှ နှင်ချခဲ့သူဖြစ်ကြောင်းလည်းသိရသည်။ ဘားအံတက္ကသိုလ်တွင် ကျောင်းဆရာ၊ ဆရာမနှင့်ဝန်ထမ်းဦးရေ ၃၀၀ ကျော်ရှိပြီး ၁၀၀ ဝန်းကျင်ခန့် CDM ပြုပ်လုပ်ကြောင်း ဘားအံတက္ကသိုလ်ကျောင်းသားသမဂ္ဂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကပြောသည်။ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများထဲတွင်လည်း ၁၀ ဦးသည် ထောင်ဒဏ်နှစ် ၂၀ ခန့်ကျနိုင်သည့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ၁၂၄/က အမှုဖြင့် စစ်ကောင်စီ၏ အကျဉ်း ထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း ဘားအံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ စာရင်းဇယားများအရသိရသည်။

ကျောင်းသားအများစုမှာ CDM ပြုလုပ်ထားဆဲဖြစ်ပြီး ဆက်လက်အားတင်းထားရန် ဘားအံတက္ကသိုလ်ကျောင်းသားသမဂ္ဂ သတင်းနှင့်ပြန် ကြားရေးတာဝန်ခံကအောက်ပါအတိုင်းတိုက်တွန်းသည်။ “ဒီတစ်ခါတော့ ကျောင်းသူကျောင်းသားတွေအလှည့်လို့ပြောချင်တယ် CDM ဆရာ၊ ဆရာမတွေဟာ ခုဆိုရင် တစ်နှစ်နီးပါးအထိ ဘာအထောက်အပံ့မှမရဘဲ ကြံ့ကြံခံခဲ့ပြီးပြီ ဒီလိုရပ်တန့်နေတဲ့ စစ်ကောင်စီရဲ့ ပညာရေးယန္တရားကို ကိုယ့်ကြောင့် ပြန်လည် ပတ်သွားနိုင်တာမျိုးတော့ မဖြစ်စေချင်ဘူး အားလုံးသေချာတွေးတောပြီးလုပ်စေချင်တယ်” ဟု၎င်းကပြောသည်။ mizzima

စစ်ကောင်စီဝန်ကြီးကို မတွေ့ဆုံလိုသဖြင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ရွှေ့ဆိုင်းခြင်းဖြစ်ဟု သုံးသပ်

လာမယ့်သီတင်းပတ်မှာ ကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ကြောင်း ကမ္ဘောဒီးယားနိုင်ငံက ပြောကြားလိုက်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေး၀န်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဖိတ်ကြားထားတဲ့ ကမ္ဘောဒီးယားရဲ့တမင်ရည်ရွယ်လုပ်ဆောင်တဲ့ အစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ အစည်းအဝေးကို ရှောင်ရှားတာဖြစ်နိုင်ကြောင်း သံတမန်ရေးရာ လေ့လာသူတွေကတော့  သုံးသပ်ကြပါတယ်။

ဆီယမ်ရိမြို့မှာ ဇန်နဝါရီ ၁၉ ရက်နေ့ ကျင်းပမယ့် တွေ့ဆုံပွဲကို အာဆီယံ ဝန်ကြီးအတော်များများ လူကိုယ်တိုင် တက်ရောက်ဖို့ အခက်အခဲရှိတာကြောင့် ရွှေ့ဆိုင်းလိုက်ရတာလို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ကွေးခွန်က ပြောပါတယ်။

အစည်းအဝေးကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တာဖြစ်ပြီး ဘယ်တော့ပြန်ကျင်းပမယ် ဆိုတာတော့ ရက်မသတ်မှတ်ထားသေးပါဘူး။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ သူတို့နိုင်ငံရဲ့ လတ်တလော ရေကြီးမှုတွေနဲ့ပတ်သက်ပြီး အရေးပေါ်ပါလီမန် အ စည်းအဝေးရှိတာကြောင့် တွေ့ဆုံပွဲကို နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ တက်ရောက်နိုင်ခြင်း မရှိကြောင်း ပြောကြားထားပါတယ်။

မြန်မာစစ်အာဏာရှင်တွေနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့အတွင်း နက်နက်ရှိုင်းရှိုင်း သဘောထား ကွဲလွဲနေတဲ့ လက္ခဏာတွေ ရှိနေတဲ့ကြားမှာပဲ ကမ္ဘောဒီးယားနိုင်ငံဟာ အာဆီယံရဲ့ တစ်နှစ်တာ ဥက္ကဋ္ဌတာဝန်ကို ဆိုးဆိုးရွားရွား စတင်လိုက်ပြီဖြစ်ကြောင်း South China Morning Post သတင်းမှာ ရေးပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး လမ်းကြောင်းအဖြစ် မြန်မာစစ်ကောင်စီကို ဖယ်ကျဉ်ထားတာထက် တ ရုတ်နဲ့ဂျပန်တို့လို ဒေသတွင်း အင်အားကြီးနိုင်ငံတွေရဲ့ ကျောထောက်နောက်ခံ ရှိပုံပေါ်တဲ့ တွေ့ဆုံဆွေးနွေးရေးကို ဦးတည်ခဲ့ပါတယ်။ ဒါပေမဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံ အများအပြားနဲ့ သဘောထားနဲ့ ဆန့်ကျင် အမြင်ကွဲလွဲနေတာပါ။ 

တရုတ်အစိုးရဟာ မြန်မာအကျပ်အတည်းကို ကိုင်တွယ် ဖြေရှင်းရာမှာ တက်ကြွတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပြီး အရေးကြီးတဲ့ ပံ့ပိုးကူညီမှု လုပ်ဆောင်ပေးဖို့ ကမ္ဘောဒီးယားနိုင်ငံကို အပြည့်အဝ ထောက်ခံမယ်လို့  တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝန်ဝန်ဘင်က ပြောကြားထားပါတယ်။  DVB

« Older Entries Recent Entries »