ကနီမြို့နယ်၌ စစ်ကောင်စီတပ်နှင့်ပျူစောထီးတပ်ဆွဲထားသောနေရာတွင် ပစ်ခတ်မှုဖြစ်ပွား

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးပူးပေါင်းတပ်ဆွဲထားသော အလယ်ကျွန်းရွာကို ဇန်နဝါရီလ ၁၃ရက် မ နက်၁၁နာရီ၄၅မိနစ်အချိန်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။”ဒီကောင်တွေက ၁၂ ရက်နေ့ကစပြီးတပ်ဆွဲထားတာ၊အင်အားက ၅၀လောက်ရှိတယ်၊အပြန်အလှန်ပစ်ခတ်မှုက ၄၅မိနစ်လောက်တော့ကြာတယ်”ဟု DRPA အဖွဲ့တာဝန်ရှိသူကပြောသည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီမှ ကင်းစောင့်နေသည့်နှစ်ယောက် သေဆုံးပြီးဒဏ်ရာရရှိမှုများလည်းရှိခဲ့ကာ ဒေသခံကာ ကွယ် ရေးတပ်မှ အထိအခိုက်မရှိ အန္တရယ်ကင်းစွာဆုတ်ခွာ နိုင်ခဲ့သည်ဟု သိရသည်။ယခုတိုက်ခိုက်မှုအတွက် လက်နက်ခဲယမ်းများကို မ ဟာမိတ်အဖွဲ့ဖြစ်သော ကျောက်လုံးကြီးPDF အဖွဲ့မှ ကူညီထောက်ပံ့ ပေးခဲ့သည်ဟုလည်း သိရသည်။ဇန်နဝါရီလ ၁၂ရက်နေ့ကလည်း စစ် ကိုင်းတိုင်း၊ကနီမြို့နယ် အလယ်ကျွန်းကျေးရွာမှ သရက်တောကျေးရွာသို့ စစ်ကြောင်းထိုးချိန် ဒေသခံပြောက်ကျားတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သေးသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s